အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လေထုမငြိမ်မသက်ဖြစ် စဉ်ကြောင့် မြန်မာနိုင်ငံ အထက် ပိုင်းဒေသများ၌ လေပြင်းနှင့် မိုး ကြိုးပစ်မှုများ ဖြစ်ပေါ်နေစဉ် စစ် ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် နန့်ခင်ကျေးရွာအနီး လယ်ကွင်းအတွင်း ဖေဖော်ဝါရီ ၂၅ ရက်က အမျိုးသားတစ်ဦး မိုးကြိုး ထိမှန်သေဆုံးပြီး အမျိုးသားနှစ်ဦး သစ်ကိုင်းပိကာ ဒဏ်ရာရခဲ့သည်။
‘‘မိုးကြိုးထိလို့ တစ်ယောက် သေဆုံးတယ်။ နှစ်ယောက်က သစ်ကိုင်းပိလို့ ဒဏ်ရာရတယ်။ အိမ်လည်း ခြောက်လုံးလောက် ပျက်စီးတယ်။ လေပြင်းက ဒီနေ့ လည်း တိုက်နေတုန်းပဲ’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစဝိလီဖရန့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောသည်။
မိုးကြိုးပစ်ခံရပြီး သေဆုံး သွားသော အမျိုးသားအတွက် ထောက်ပံ့ငွေ ကျပ်သုံးသိန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် ကျပ်ငါး သောင်း၊ နေအိမ်ပြိုကျပျက်စီးပါ က ကျပ်တစ်သိန်းနှင့် ခေါင်မိုးလန်ပျက်စီးပါက ပျက်စီးမှုအပေါ် မူတည်၍ ထောက်ပံ့ငွေ ပေးအပ် ပြီး အင်းတော် လေပြင်း ပျက်စီးမှုသို့ ထောက်ပံ့ငွေ ကျပ်ခြောက် သိန်းကျော် ပေးအပ်မည်ဟု ဦးစဝီ လီဖရန့်က ပြောသည်။
မင်းကင်းမြို့တွင် ဖေဖော် ဝါရီ ၁၆ ရက်ကလည်း မိုးကြိုး ထိမှန်၍ အမျိုးသားတစ်ဦး သေ ဆုံးပြီး လက်ရှိ ကာလအတွင်း မိုးကြိုးကြောင့် သေဆုံးသူ နှစ်ဦးရှိ ပြီဖြစ်သည်။
အနောက်ဘက်မှ ရွေ့လျား လာနေသော လေဖိအားနည်းတစ် ခုကြောင့် ကချင်နှင့် ချင်းပြည် နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးမြောက်ပိုင်းတွင် မိုးခြိမ်း ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးဇလက သတိပေးထားစဉ် ဒေသအများစု ၌ ပုံမှန်မဟုတ်သော ရာသီဥတု ဖြစ်စဉ်များ ကြုံတွေ့နေသည်။
ယင်းရာသီဥတုဖြစ်စဉ်ကို ဖေဖော်ဝါရီလကုန်အထိ သတိပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
=======================
251 / End
၂၇ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၅၅
News ID: 930970