၂၈ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၁၈
JMC နည်းပညာအထောက်အကူပြုအဖွဲ့တွင် နိုင်ငံတကာပညာရှင်နှစ်ဦး အကြံပေးအဖြစ် ပထမဆုံးဆောင်ရွက်မည်

ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) နည်းပညာ အထောက်အကူပြုအဖွဲ့ နိုင်ငံ တကာအတွေ့အကြုံရှိ ငြိမ်းချမ်း ရေးဆိုင်ရာ ပညာရှင်နှစ်ဦး က အကြံပေးအဖြစ် ပထမအကြိမ် ကူညီမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် JMC - U အ တွင်းရေးမှူး (၁) ဒေါက်တာရွှေ ခါးရ်ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) နည်းပညာ အထောက်အကူပြုအဖွဲ့ နိုင်ငံ တကာအတွေ့အကြုံရှိ ငြိမ်းချမ်း ရေးဆိုင်ရာ ပညာရှင်နှစ်ဦး က အကြံပေးအဖြစ် ပထမအကြိမ် ကူညီမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် JMC - U အ တွင်းရေးမှူး (၁) ဒေါက်တာရွှေ ခါးရ်ကပြောသည်။

ယင်းပညာရှင်နှစ်ဦးသည် နော်ဝေးနှင့် ဖင်လန်နိုင်ငံမှ အ ငြိမ်းစားဗိုလ်ချုပ်များ ပါဝင်သည့် ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ (CMI) ကဖြစ်ပြီး JMC ကိုရန်ပုံငွေပေး အပ်သည့်ငြိမ်းချမ်းရေးပူးပေါင်း ရန်ပုံငွေ (JPF) ၏ ထောက်ပြမှု ဖြင့်နိုင်ငံတကာပညာရှင်များအား  အကြံပေးအဖြစ် ခေါ်ယူရန်သ ဘောတူခဲ့ကြောင်း  ဒေါက်တာ ရွှေခါးရ်ကပြောသည်။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်း များအတွက် ၂၀၁၉ ဘဏ္ဍာနှစ် ၂၀၂၀ တစ်နှစ်တာရန်ပုံငွေအဖြစ်  ဒေါ်လာ ၃ ဒသမ ၀၃ သန်းကို JPF က JMC အားထောက်ပံ့မည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

‘‘ကျွန်တော်တို့နဲ့ ရန်ပုံငွေ ပေးသူတွေနဲ့ညှိနှိုင်းတဲ့အခါကျ တော့ဒါလိုအပ်တယ်လို့ ထောက် ပြလာတာပေါ့နော်။ ဆိုတော့ကျွန် တော်တို့ဘက်က ဘယ်သူတွေအ ကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို အရင်တုန်းကလည်း CMI အ လုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဖူးခဲ့ တယ်။  သူတို့နဲ့လည်း ကျွန်တော် တို့ဆွေးနွေးကြည့်တော့ သူတို့ ဘက်ကလည်း ဒါကသူတို့လုပ်နိုင် တဲ့ဟာဖြစ်တယ်ဆိုပြီးတော့မှ အဲ ဒီလိုနည်းနဲ့သဘောတူညီချက်ရ သွားတာပေါ့။ သူတို့ကနည်းပညာ အထောက်အကူပြုအဖွဲ့ကိုအကြံ ပေးအနေနဲ့ပဲ ၀ိုင်းကူပေးမှာပေါ့ နော်’’ ဟု ဒေါက်တာရွှေခါးရ် ကရှင်းပြသည်။

ယင်းပညာရှင်နှစ်ဦးသည် နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာလေ့လာစောင့်ကြည့်မှုအပိုင်း၌ အထူးအတွေ့အကြုံရှိသူ များဖြစ်ကြောင်း ၎င်းကပြော သည်။ ‘‘ဒီလိုမျိုးပညာရှင်နှစ်ဦး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှာ စောင့်ကြည့်နေတဲ့ လုပ်ငန်းတွေ မှာလည်းပါတော့ အထောက်အ ကူတော့အတော်လေးပြုမယ်လို့ ယုံကြည်တာပေါ့နော်’’ ဟု ဒေါက် တာရွှေခါးရ်ကပြောသည်။

ပြည်ထောင်စုအဆင့်ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးနှစ်ဦးသည် နော် ဝေးနှင့်ဖင်လန်နိုင်ငံမှ အငြိမ်း စားဗိုလ်ချုပ်များပါဝင်သည့် ပဋိ ပက္ခစီမံကခန့်ခွဲရေးအဖွဲ့ (CMI) မှ ပညာရှင်များနှင့် ၂၀၁၉၊ ဖေ ဖော်ဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့  ရှိအမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌တွေ့ဆုံခဲ့သည်။

တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲများကြား တိုက်ပွဲများ၊ ပဋိပက္ခများမဖြစ် ပွားရေး၊ ပြဿနာဖြစ်ပေါ်လာ ပါက ပြေလည်မှုရရှိရန် ဆောင် ရွက်ရေး၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် နှင့် ဒေသအဆင့် JMC များကို နှစ်ဖက်ကိုယ်စားလှယ်များ၊ အ ရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင်  ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ကရင်လက်နက်ကိုင်အဖွဲ့ (KNU) တို့က JMC တွင်ပါဝင်မှု ယာယီရပ်ဆိုင်ထား၍ JMC ဆိုင် ရာတရားဝင်အစည်းအဝေးများ မကျင်းပနိုင်ဖြစ်နေသည်။

=======================
251 / End