၂၈ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၂၇
အိန္ဒိယ နှင့် ပါကစ္စတန် တင်းမာ မှု အား အဆုံးသတ်ရန် အီရန် ကမ်းလှမ်း

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံအနေဖြင့် အိန္ဒိယ နှင့် ပါကစ္စတန် တင်းမာ မှု အား အဆုံးသတ်ရန်ကမ်းလှမ်းပြောကြားခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

သက်္စနီးမ် သတင်းဌာန၏ သတင်းအထောက်အထားများ အရ အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် အနေဖြင့် မိမိနှင့် ရာထူးတူ ပါကစ္စတန် နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ရှားဟ် မဲဟ်မူဒ် ကိုရိုင်ရှီ ကို တယ်လီဖုန်း နှင့် ဆက်သွယ်ပြီး အီရန် နိုင်ငံ အနေဖြင့် အိန္ဒိယ ၊ပါကစ္စတန် တင်းမာ မှု ကို နည်းပါး အောင် လိုအပ်သမျှ အကူအညီကို ပေးဖို့ အသင့် ရှိကြောင်း ပြောကြား ခဲ့ပါတယ် ။

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် အနေဖြင့် ပါကစ္စတန် နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ရှားဟ် မဲဟ်မူဒ် ကိုရိုင်ရှီ ကို ဆက်လက်ပြီး အိန္ဒိယ ၊ပါကစ္စတန် တင်းမာ မှုနှင့် ပတ်သက်ပြီး စိုးရိမ် ကြောင်း နှစ်နိုင်ငံလုံး အနေဖြင့် သည်းခံ ပေးကြရန် မေတ္တာ ရပ်ခံ ခဲ့ပါတယ်။

ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် အနေဖြင့် ဆက်လက်ပြီး အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ အနေဖြင့် နှစ်နိုင်ငံအကြား တင်းမာမှု အကွဲအလွဲရှိမှု အား ငြိမ်းချမ်းစွာ ဖြေရှင်း ရန်အတွက် ကူညီဖို့ အသင့်ရှိ ကြောင်း ပြောကြားခဲ့ပါတယ် ။

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး န်ြဘကီးဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ ပဲဟ်ရာန် ကာစင်မီ အနေဖြင့်လည်း ပါကစ္စတန် နှင့်အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တွင် တင်းမာ မှု ကို ကန့်ကွက်ပြီး အီရန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ စလုံးအား သည်းခံမှု ဖြင့် ဖြေရှင်းရန် အကွဲအလွဲများ ကို ငြိမ်းချမ်းစွာ ဖြင့် ကိုင်တွယ် ဖြေရှင်းရန် မေတ္တာ ရပ်ခံ ခဲ့ပါတယ်။

===========================================

251 / End