အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအတွင်း မူးယစ် ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက် ရာတွင် အထောက်အကူပြုရေး ပစ္စည်းကိရိယာများပေးအပ်ပြီး မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရာ ၌ လိုအပ်သောကျွမ်းကျင်မှုအ ရည်အသွေးများ တိုးတက်လာစေ ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အေဂျင် စီများနှင့် ဆက်လက်၍အနီးကပ် လက်တွဲဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားကြောင်း မြန်မာနိုင်ငံဆိုင် ရာအမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။
ရန်ကုန်မြို့အခြေစိုက် အ မေရိကန်မူးယစ်ဆေးဝါးတိုက် ဖျက်ရေးဌာနသံမှူးမိုက်ကယ်ဘ ရောင်းနှင့် မြန်မာနိုင်ငံမူးယစ်ဆေး ၀ါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်တို့ ယ မန်နေ့က တွေ့ဆုံအပြီးတွင် သ တင်းထုတ်ပြန်ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးတွင် မြန်မာနိုင်ငံမူးယစ် ဆေး ၀ါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု တို့ ပူးပေါင်းဆောင်ရွက်ရေး၊ မြန် မာနိုင်ငံတစ်ဝန်းနှင့် ဒေသတွင်းရှိ လူမှုအသိုက်အ၀န်းများကို ထိ ခိုက်စေသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တိုက်ဖျက်ရာ၌ အထောက်အကူ ဖြစ်စေရေး ပစ္စည်းကိရိယာအား မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့(ဒီအီးဒီ)သို့ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန် သည်။
အထူးသဖြင့် ယာဘဆေး ပြားပုံစံနှင့် ခရစ္စတယ်မက်သ် (အိုက်စ်)ပုံစံဖြင့် မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးနေမှုများပြား လာခြင်းကို တိုက်ဖျက်နှိမ်နင်းရာ တွင် လိုအပ်သောကျွမ်းကျင်မှုအ ရည်အသွေးများ တိုးတက်လာစေ ရေး ရဲတပ်ဖွဲ့၊ အေဂျင်စီများနှင့် ဆက်လက်၍ အနီးကပ်လက်တွဲ ဆောင်ရွက်ရန် အမေရိကန်ပြည် ထောင်စုက သန္နိဋ္ဌာန်ချထားသည် ဟု ဆိုသည်။
ထို့အပြင် သမိုင်းကြောင်း အနေဖြင့် အမေရိကန်မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးဌာနက မြန်မာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကြိုးပမ်းအားထုတ်မှုကို အားပေးကူညီနေသည်မှာ ၁၀ စု နှစ်သုံးခုရှိပြီဖြစ်ကြောင်း ထုတ် ပြန်သည်။
‘‘မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတဲ့အဖွဲ့တွေ ရှာဖွေ ဖော်ထုတ်နှိမ်နင်းရာမှာ မြန်မာနိုင် ငံကို အကူအညီပေးဖို့အမေရိကန် ပြည်ထောင်စုက သန္နိဋ္ဌာန်ချထား ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း ရှုပ် ထွေးတဲ့နည်းစနစ်တွေအသုံးပြု ပြီး အထူးသဖြင့် ယာဘဆေးပြား တွေနဲ့ခရစ္စတယ်မက်သ်(အိုက်စ်) တွေအဖြစ်နဲ့ မူးယစ်ဆေးထုတ် လုပ်ဖြန့်ဖြူးနေမှု များပြားလာနေ တာကို တိုက်ဖျက်နှိမ်နင်းရာမှာ လိုအပ်တဲ့ကျွမ်းကျင်မှုအရည်အ သွေးတွေ တိုးတက်လာစေရေး အတွက်လည်း ရဲတပ်ဖွဲ့အေဂျင် စီတွေနဲ့ဆက်လက်ပြီး အနီးကပ် လက်တွဲဆောင်ရွက်သွားမှာပါ’’ ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးမှ အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးဂရန်နာဒန်က ပြောသည်။ အဆိုပါပစ္စည်းကိရိ ယာများ တရားဝင်လွှဲပြောင်းပေး အပ်သည့်အခမ်းအနားကို ရန် ကုန်မြို့ရှိ မှုခင်းသတင်းအချက်အ လက်နှင့် မှတ်တမ်းဌာနစုတွင် ပြု လုပ်ခဲ့သည်။
======================================
251 / End
မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အေဂျင်စီများနှင့် အနီးကပ်လက်တွဲဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားဟု ကန်သံရုံးထုတ်
၁ မတ် ၂၀၁၉ - ၁၉:၄၇
News ID: 931277
အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအတွင်း မူးယစ် ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက် ရာတွင် အထောက်အကူပြုရေး ပစ္စည်းကိရိယာများပေးအပ်ပြီး မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရာ ၌ လိုအပ်သောကျွမ်းကျင်မှုအ ရည်အသွေးများ တိုးတက်လာစေ ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အေဂျင် စီများနှင့် ဆက်လက်၍အနီးကပ် လက်တွဲဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားကြောင်း မြန်မာနိုင်ငံဆိုင် ရာအမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။