အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
၂၀၂၀ တွင်တစ်နိုင်ငံ လုံးထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် ထို သို့ ဆောင်ရွက်နေခြင်းအပေါ်တရုတ်နိုင်ငံအနေဖြင့် ထောက်ခံ အားပေးကူညီဆောင်ရွက်နေမှုများကို တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံစဉ်ဆွေး နွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တရုတ်အထူးကိုယ်စား လှယ်တို့ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် မြန်မာ - တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်းအေးချမ်းမှုရှိစေရေးပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်တွင် ARSAနှင့် AA အဖွဲ့များ (အကြမ်းဖက်သောင်းကျန်းသူဟု ဖော်ပြ) ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိအောင်ဆောင်ရွက်နေသည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်သည်။
၂၀၂၀တွင် ငြိမ်းချမ်းရေးရရှိ ရေးဆောင်ရွက်မည့်တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီ အမံသည် တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့အားလုံးလက်နက် ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး NCA လမ်းကြောင်းပေါ်၌ ငြိမ်း ချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် DDR (လက်နက်ဖျက် သိမ်းခြင်း၊ တပ်ဖွဲ့ဖျက်သိမ်းခြင်း၊ ပြန်လည်နေရာချထားခြင်း) လုပ် ခိုင်းခြင်းမျိုးမဟုတ်သေးဘဲ လက် နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်း တို့လက်နက်များကို ကိုယ်တိုင် သိမ်းထားကာ ဆွေးနွေးအဖြေရှာ ခြင်းလမ်းကြောင်းသို့ ရောက်ရှိ ရေးဖြစ်ကြောင်း တပ်မတော်က ရှင်းလင်းထားသည်။
ထို့အပြင် တရုတ်အထူး ကိုယ်စားလှယ်သည် ငြိမ်းချမ်းရေး ကော်မရှင်တာဝန်ရှိသူများနှင့် မတ်လ ၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် ဆက်လက်ကူညီဆောင်ရွက်ပေး နိုင်မည့်ကိစ္စများ ဆွေးနွေးခဲ့ ကြောင်း ကော်မရှင်ကထုတ်ပြန် သည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် မြန်မာ - တရုတ်နယ်စပ်အခြေ ပြုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သောကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA) တို့ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်နိုင်ငံကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် တ ရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ငြိမ်း ချမ်းရေးကော်မရှင် တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
======================================
251 / End
၁ မတ် ၂၀၁၉ - ၂၀:၂၁
News ID: 931283
၂၀၂၀ တွင်တစ်နိုင်ငံ လုံးထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် ထို သို့ ဆောင်ရွက်နေခြင်းအပေါ်တရုတ်နိုင်ငံအနေဖြင့် ထောက်ခံ အားပေးကူညီဆောင်ရွက်နေမှုများကို တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းတို့ တွေ့ဆုံစဉ်ဆွေး နွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။