၄ မတ် ၂၀၁၉ - ၁၈:၀၇
AA ၏အားနည်းချက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် အဟန့်အတားဖြစ်နေဟု တရုတ်အထူးကိုယ်စားလှယ်ဆို

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ၏အားနည်းချက် ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အ ဟန့်အတားဖြစ်နေခြင်း ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်း က နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့သည်ဟု ၀န်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း ထွန်းညိုကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ၏အားနည်းချက် ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အ ဟန့်အတားဖြစ်နေခြင်း ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်း  က နယ်စပ်ရေးရာဝန်ကြီး ဒုတိယ  ဗိုလ်ချုပ်ကြီးရဲအောင်နှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့သည်ဟု ၀န်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း ထွန်းညိုကပြောသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် တရုတ် အထူးကိုယ်စားလှယ်တို့ ဖေဖော် ၀ါရီ ၂၈ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။

တွေ့ဆုံစဉ် မြောက်ပိုင်းမ ဟာမိတ်အဖွဲ့များနှင့် တရုတ်အ ထူးကိုယ်စားလှယ်များ ဆွေးနွေးခဲ့ သည့် အကြောင်းအရာများလည်း ဆွေးနွေးခဲ့သည်ဟု ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်း ထွန်းညိုကပြောသည်။

‘‘ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းအဖွဲ့တွေက သဘော ထားထုတ်ပြန်ချက်ထုတ်လိုက်တဲ့  အချိန်မှာ အခြေအနေက နည်း နည်းကောင်းတာပေါ့။ ကောင်း ရင်းတန်းလန်းနဲ့ရခိုင်က ရဲစခန်း တွေဝင်ပစ်တာကိုး။ အဲဒီကနေစ ပြီးအဟန့်အတား၊ အဖုအထစ် လေးတွေဖြစ်သွားတာ။ အဲဒါ လေးကိုတော့ တရုတ်အမြင်က တော့ AA အဖွဲ့ရဲ့အားနည်းချက် လို့သူက ယူဆတာပေါ့။  ဒီကိစ္စကို လည်း တရားဝင်သူတို့မြောက်ပိုင်း အဖွဲ့တွေနဲ့ တရုတ်ကိုယ်စားလှယ် ကြီးဆွေးနွေးပွဲမှာ AA အဖွဲ့ကို သူကန့်ကွက်ခဲ့တယ်လို့တော့ပြော တာပေါ့’’ ဟု ၎င်းကပြောသည်။

မြန်မာ - တရုတ်နယ်စပ်အ ခြေပြုလှုပ်ရှားနေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များဖြစ် သော ‘၀’ အဖွဲ့ (UWSA)၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP) တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့အား တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော  တူစာချုပ် (NCA) တွင် ပါဝင်ရေး တရုတ် အထူးကိုယ်စားလှယ်က တိုက်တွန်းထားပြီး အစိုးရနှင့် ၎င်း တို့အကြား ဆွေးနွေးပွဲများဖြစ် ပေါ်ရေး ကြားဝင်ညှိနှိုင်းဆောင် ရွက်ပေးနေသည်။

ယင်းတို့အနက် တပ်မတော်  နှင့် တိုက်ပွဲဖြစ်ပွားနေသည့်အဖွဲ့ များသည် KIA၊ MNDAA၊ TNLA နှင့် AA တို့ဖြစ်ပြီး ၂၀၁၈ နှစ်ကုန် ကစပြီး AA အဖွဲ့မှအပ ကျန်အဖွဲ့ များနှင့် တပ်မတော်အကြားတိုက် ပွဲဖြစ်ပွားမှုလျော့နည်းခဲ့သည်။

KIA ထိန်းချုပ်နယ်မြေကချင် ပြည်နယ်လိုင်ဇာဒေသအခြေပြု ဖွဲ့စည်းခဲ့သည့် AA အနေဖြင့်ရခိုင် ပြည်နယ်အတွင်း အခြေချနိုင်ရေး ဆောင်ရွက်ရာ တပ်မတော်နှင့်AAတို့သည် ၂၀၁၈ နှစ်ကုန်ကစ၍ ရခိုင်ဒေသတွင်  တိုက်ပွဲများမကြာ ခဏဖြစ်ပွားခဲ့သည်။ ယခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် AAကတပ်မတော်၏ ထိုးစစ်ဆင်မှုကို တုံ့ပြန် သည်ဆိုကာ ဘူးသီးတောင်မြို့ နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း များကိုတိုက်ခိုက်ခဲ့၍ နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး ပြီး ကိုးဦးဒဏ်ရာရရှိသည်။

ယင်းဖြစ်စဉ်အပေါ် အစိုးရ ကလည်း ပြင်းထန်စွာရှုတ်ချပြီး AA ၏ လုပ်ရပ်အပေါ်တုံ့ပြန်ရန်  တပ်မတော်အားသောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးဆောင် ရွက်ရန်ညွှန်ကြားခဲ့ရာ ရခိုင်ဒေသ  တိုက်ပွဲများ တိုးမြှင့်ဖြစ်ပွားနေ သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာ ခြင်းနှင့်အတူ ရခိုင်ဒေသတွင် စစ် ရေးပဋိပက္ခနှင့် ဆက်စပ်ပြီးဒေသ ခံပြည်သူများအသက်သေဆုံး ခြင်း၊ ဒဏ်ရာရရှိခြင်း၊ စစ်ဘေး တိမ်းရှောင်ရခြင်းအပါအ၀င် စစ် ဘေးဒုက္ခကြုံနေရသည်။

======================================
251 / End