၅ မတ် ၂၀၁၉ - ၁၅:၅၅
အကျဉ်းသားစအိုအတွင်း တားမြစ်ပစ္စည်းရှာလျှင် လက်မသုံးဘဲ စက်ဖြင့်အစားထိုးရန် အမတ်တိုက်တွန်း

အကျဉ်းထောင် အသီးသီးတွင် လုံခြုံရေးကျိုး ပေါက်မှုမရှိစေရန်နှင့် အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင် ထားသည့် ပစ္စည်းများ မရောက် ရှိစေရန် ဆောင်ရွက်ရာတွင် အ ကျဉ်းသားများ၏ စအိုအတွင်း လက်နှိုက်ရှာခြင်းမပြုဘဲ စက်ဖြင့်ရှာရန် သန်လျင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးလွင်ကို လတ်က တိုက်တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


အကျဉ်းထောင် အသီးသီးတွင် လုံခြုံရေးကျိုး ပေါက်မှုမရှိစေရန်နှင့် အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင် ထားသည့် ပစ္စည်းများ မရောက် ရှိစေရန် ဆောင်ရွက်ရာတွင် အ ကျဉ်းသားများ၏ စအိုအတွင်း လက်နှိုက်ရှာခြင်းမပြုဘဲ စက်ဖြင့်ရှာရန် သန်လျင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးလွင်ကို လတ်က တိုက်တွန်းသည်။

မတ်လ ၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ ဦးလွင်ကိုလတ်က အ ကျဉ်းသားများ ရုံးထုတ်အပြန်၊ အ ချုပ်သားများ ထောင်တွင်း ပြန် ဝင်လာချိန်တွင် တရားမဝင်ပစ္စည်း များ လျှို့ဝှက်သယ်ဆောင်လာ ကြောင်း သတင်းရရှိ၍ ထိုသို့ ပြု လုပ်ခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ် သဖြင့် X-Ray စက်ဖြင့် ရှာဖွေခြင်း ကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည် သိလို ကြောင်း မေးခွန်းမေးမြန်းခြင်းဖြစ် သည်။

လုံခြုံရေးအရ မရှာ၍မရ သော်လည်း ယခင်က အခြားနည်း လမ်းမရှိ၍ ခန္ဓာကိုယ်ထဲသို့ လက် ထိုးသွင်းပြီး မွှေနှောက်ရှာဖွေရ ခြင်းဖြစ်ကြောင်း၊ သတင်းသဘောအရ တိကျမှုများရှိသကဲ့သို့ အချို့ မှာ ရှာသော်လည်း ဘာမှမတွေ့ သည်မျိုးရှိ၍ လူ့ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း၊ မလိုလားအပ် သည့် ရောဂါကူးစက်မှုများလည်း ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန် တွင် X-Ray စက်ဖြင့် ရှာ၍ရသည့် နည်းလမ်းရှိလာကြောင်း ဦးလွင် ကိုလတ်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းဆွေးနွေးသည်။

အကျဉ်းထောင်လုံခြုံရေးနှင့် အကျဉ်းထောင်အတွင်း တားမြစ် ပိတ်ပင်ထားသည့် ပစ္စည်းများ မရောက်ရှိစေရန် ထောင်ဝင်စာပစ္စည်းများ ရှာဖွေခြင်း၊ တရား ရုံးအပြန်ရှာဖွေခြင်း၊ ဝန်ထမ်း အဝင်၊ အထွက် ရှာဖွေခြင်းတို့ ဆောင်ရွက်ရာတွင် လူ့ဂုဏ် သိက္ခာမညှိုးနွမ်းစေရန် အထူးအ လေးထား ဆောင်ရွက်ကြောင်း  ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြောကြားသည်။

‘‘ခန္ဓာကိုယ်အတွင်း သွင်းယူ လာကြောင်း သတင်းအတိအကျ ရရှိသူကို စအိုအတွင်း လက်နှိုက် ရှာဖွေခြင်း လုံးဝမပြုလုပ်ဘဲ စအို အောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထပြုလုပ်စေခြင်းနှင့် အန်စေခြင်း နည်းလမ်းတို့ကိုသာ ဆောင်ရွက် ပြီး ရှာဖွေနေပါတယ်’’ဟု ဒုဝန်ကြီးက ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အ ကျဉ်းသားများပြားနေရာ မူးယစ် ဆေးဝါးစိတ်ကြွဆေးပြားများကို လည်း အကျဉ်းထောင်အတွင်း သို့ စအိုအတွင်းထည့်၍လည်း ကောင်း၊ ပါးစပ်မှ မျိုချ၍လည်း ကောင်း၊ ခေါက်ဆွဲထုပ်၊ မုန့်ထုပ်၊ ကော်ဖီမစ်ထုပ်အတွင်း ထည့် သွင်း၍လည်းကောင်း အခြားအ စားအသောက်ဘူးများအတွင်း ထည့်သွင်း၍လည်းကောင်း နည်း လမ်းမျိုးစုံဖြင့် သွင်းယူလာနေခြင်း ကြောင့် ရှာဖွေရေးကို အထူးအာရုံ စိုက်လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကစ၍ မူးယစ်ဆေးခိုးသွင်းမှုများကို ရှာဖွေရန် စက်များဝယ်ယူရန်ဘဏ္ဍာငွေများ တင်ပြတောင်းခံသော်လည်း ဖြတ်တောက်ခံရခြင်းများရှိခဲ့ကြောင်း  ဒုဝန်ကြီးက ပြောသည်။

======================================
251 / End