၆ မတ် ၂၀၁၉ - ၁၈:၃၂
စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်မှသာ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်နိုင်ဟု တောင်ကိုရီးယားသံအမတ်သုံးသပ်

စီးပွားရေးကို ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့်အပြိုင် ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက် မှသာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ဖြစ်စဉ် လျင်မြန်တိုးတက်မည်ဟု တောင်ကိုရီးယားအသံမတ်ကြီး က တိုက်တွန်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


 စီးပွားရေးကို ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့်အပြိုင် ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက် မှသာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ဖြစ်စဉ် လျင်မြန်တိုးတက်မည်ဟု တောင်ကိုရီးယားအသံမတ်ကြီး က တိုက်တွန်းပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ စိတ်ရှည်သည်းခံကာ အချိန်ယူညှိနှိုင်းရန် လိုအပ်ကြောင်း၎င်းက ဆိုသည်။

‘‘ဥပမာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဗီယက်နမ် ဟနွိုင်းမှာ ထိပ်သီးအစည်းအဝေး လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် တို့လိုချင်သလောက်၊ ဖြစ်ချင်သ လောက် အဖြေမထွက်လာခဲ့ပါ ဘူး။ အဲဒီလိုပဲ မြန်မာနိုင်ငံလည်း အချိန်ယူပြီးတော့မှ စောင့်ဖို့ လို အပ်တယ်လို့ မြင်ပါတယ်’’ဟု သံ အမတ်ကြီးက ပြောသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နည်းလမ်း တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရ ဘဲ နည်းလမ်းအမျိုးမျိုးအသုံးပြုကာ ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

မတ်လ ၅ ရက်က ရန်ကုန် မြို့ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)ရုံး၌ တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် အသုံးပြုရန် ဆမ်ဆောင်းတက်ဘလက်အလုံး ၁၀၀ ကျော်အပါအဝင် ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ စက်ပစ္စည်းများလှူဒါန်းသည့် အခမ်းအနား၌ သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

JMC ကို တပ်မတော်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်လက်မှတ် ထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများဖြစ်ပွားပါက ညှိနှိုင်းဖြေရှင်းရန် ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့်နှင့် ဒေသအဆင့်ကော်မတီများဖြင့် ဖွဲ့စည်းထားသည်။

======================================
251 / End