အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအ တွက်လွှတ်တော်တွင်း ကြိုးပမ်း ဆောင်ရွက်မှုကိုကြိုဆိုကြောင်း နှင့် ယင်းဆောင်ရွက်ချက်သည် လွှတ်တော်ပြင်ပတွင် ဆောင် ရွက်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့်လည်း ဟန်ချက်ညီရန် လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ကြေညာချက်ထုတ်ပြန် သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အနေဖြင့်လည်း NCAအရဆောင်ရွက်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက် ပေါ်လာမည့် ပြည်ထောင်စုသ ဘောတူစာချုပ်မှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးလမ်းကြောင်းကို အားသွန်ခွန် စိုက် ဆောင်ရွက်မည်ဟုလည်း ဖော်ပြထားသည်။
NCA လက်မှတ်ထိုးအဖွဲ့များ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) အစည်းအ ဝေးကို မတ်လ ၅ ရက်မှ ၇ ရက် ထိထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်း ပခဲ့ပြီး အစည်းအဝေး၌ ကြေညာ ချက်ထုတ်ပြန်ခြင်းဖြစ်သည်။
NCA ကိုအခြေခံသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်တည် ဆောက်ရေးဆိုင်ရာအခြေခံမူများ နှင့် ဆန့်ကျင်မှုဖြစ်စေသည့် လွှတ် တော်မှရေးဆွဲပြဋ္ဌာန်းခဲ့သောမြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (၂၀၁၂) နှင့် ယင်းကိုပြင်ဆင်သည့် ဥပဒေ (၂၀၁၈) ကဲ့သို့သော ဥပဒေများ အားငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သဟဇာတဖြစ်စေရန် ပြန်လည် သုံးသပ်ပြင်ဆင်နိုင်ရန်ကိုလည်း အပစ်ရပ် ၁၀ ဖွဲ့က တိုက်တွန်း ခဲ့သည်။
နောင်တွင်လည်း ဒီမိုကရေ စီနှင့် ဖက်ဒရယ်တည်ဆောက် ရေးဆိုင်ရာအခြေခံမူများနှင့်ဆန့် ကျင်သည့်အလားတူဥပဒေများ ကိုပြဋ္ဌာန်းဆောင်ရွက်ခြင်းမပြုပါ ရန် အလေးအနက်တိုက်တွန်း ကြောင်းဖော်ပြထားသည်။
ယနေ့ဖြစ်ပေါ်နေသောမြန် မာ့နိုင်ငံရေးအခြေအနေတွင် အ နာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်ရန်အ ဓိကလိုအပ်နေသည့် ဖက်ဒရယ် ပြည်ထောင်စုလမ်းပြမြေပုံ ချမှတ် နိုင်ရေးအတွက် NCA လက်မှတ် ထိုးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်တာဝန်ရှိသူ များနှင့်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေး သည့်အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ကောင်း ညှိနှိုင်းကြိုးပမ်းဆောင် ရွက်မည်ဖြစ်ကြောင်း ကြေညာ သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ကျင်းပခဲ့သောပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ ကအစီရင်ခံစာတစ်ရပ်တင်သွင်း ခဲ့ရာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင် ရွက်ရာတွင် ၂၁ ရာစုပင်လုံမှအ တည်ပြုပြီးဖြစ်သည့် ပြည်ထောင် စုသဘောတူစာချုပ်အစိတ်အ ပိုင်း (၁) တွင်အရေးကြီးဆုံးဖြစ် သည့်နိုင်ငံတော်ကို ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သောပြည်ထောင်စုအဖြစ်ဖွဲ့စည်း ရမည်ဟူသည့် အချက်နှင့်ကိုက် ညီမှုရှိစေရန်လိုကြောင်းသဘော ထားမှတ်ချက်ပါရှိသည်။
တပ်မတော်ကလည်း ဖေ ဖော်ဝါရီ ၂၃ ရက်ကရန်ကုန်မြို့၌ သတင်းစာရှင်းလင်းရာဖွဲ့စည်းပုံ ပြင်ဆင်ရေးဆောင်ရွက်ရာ၌ ဒီမို ကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံ ပြီး ပြည်ထောင်စုလမ်းကြောင်းမှ သွေဖည်သွားမည့်ကိစ္စ၊ ငြိမ်းချမ်း ရေးကို ထိခိုက်နိုင်သည့်ကိစ္စမျိုး ပေါက်ပေါ်မလာရေး ဆောင်ရွက် နေကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ် ချုပ်သန်းစိုးက ပြောကြားခဲ့သည်။
‘‘ငြိမ်းချမ်းရေးပင်လုံညီလာ ခံမှာ အတည်ပြုထားတဲ့ ဒီမိုကရေ စီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ပြည် ထောင်စုဖွဲ့စည်းဖို့လမ်းကြောင်း ကနေ သွေဖည်ထားတာမျိုး၊ ငြိမ်း ချမ်းရေးလမ်းစဉ်ကို ပျက်ပြား အောင်လုပ်တဲ့ကိစ္စမျိုးလက်ခံမှာ မဟုတ်ပါဘူး’’ ဟု ၎င်းက ဆို သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ဒီမိုက ရေစီစံနှုန်းများနှင့် ညီညွတ်ခြင်းမ ရှိသေးသည့်ပြဋ္ဌာန်းချက်များ၊ရှေ့ နောက်ညီညွတ်ခြင်းမရှိဘဲ ကွဲလွဲ ဆန့်ကျင်နေသည့် ပြဋ္ဌာန်းချက် များ၊ ပြည်တွင်းငြိမ်းချမ်းရေးအ တွက်မရှိမဖြစ်လိုအပ်သည့်စစ် မှန်သော ဒီမိုကရေစီပြည်ထောင် စုထူထောင်ရေးအတွက် အဟန့် အတားဖြစ်နေသည့် ပြဋ္ဌာန်းချက် များလေ့လာတွေ့ရှိရကြောင်း ပြောကြားထားသည်။
=================================
251 / End
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်ချက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဟန်ချက်ညီရန်လိုကြောင်း အပစ်ရပ် ၁၀ ဖွဲ့ထုတ်ပြန် ဒီမို
၉ မတ် ၂၀၁၉ - ၁၇:၅၆
News ID: 932425
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအ တွက်လွှတ်တော်တွင်း ကြိုးပမ်း ဆောင်ရွက်မှုကိုကြိုဆိုကြောင်း နှင့် ယင်းဆောင်ရွက်ချက်သည် လွှတ်တော်ပြင်ပတွင် ဆောင် ရွက်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့်လည်း ဟန်ချက်ညီရန် လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ကြေညာချက်ထုတ်ပြန် သည်။