အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် စာနယ်ဇင်းသမား များအား ထောက်ပံ့နေသော ဟံ သာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ၏ ခုနစ်နှစ်အတွင်းထောက်ပံ့ငွေ ကျပ်သိန်းနှစ်ထောင်ကျော် ရှိပြီဟုဖောင်ဒေးရှင်းတာဝန်ရှိသူများက ယမန်နေ့တွင် ပြောသည်။
ဦးဝင်းတင်၏ (၈၉)နှစ် မြောက် နှစ်ပတ်လည်နေ့ဖြစ်သော မတ်လ ၁၂ ရက်တွင် ဖောင်ဒေး ရှင်းတည်ထောင်ခြင်း (၇)နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ ငြိမ်းချမ်းခန်းမ၌ ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ဖောင်ဒေးရှင်းက (၃၆)ကြိမ်မြောက် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဘဝတူ စာနယ်ဇင်းသမားအချို့နှင့် အင်န်အယ်လ်ဒီလူငယ်ဘုံရိပ်သာတို့အတွက် ထောက်ပံ့ငွေကျပ် ၁၇ သိန်း လှူဒါန်းခဲ့သည်။
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းသည် ၂၀၁၂ မတ်လ က စတင်၍ သုံးလတစ်ကြိမ် ပုံမှန်ထောက်ပံ့ငွေ ပေးအပ်ခဲ့ကာ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် ဘဝတူစာနယ်ဇင်းသ မား ၈၆၄ ဦးအတွက် ထောက်ပံ့ ငွေ ကျပ် ၂,၀၆၈ သိန်းရှိပြီဖြစ် ကြောင်း ဖောင်ဒေးရှင်းအတွင်း ရေးမှူး ဦးကျော်အောင်က ပြော သည်။
ဖောင်ဒေးရှင်းသို့ ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးက ပုံမှန်လှူဒါန်းပေးနေကာ ဟံသာဝတီဦးဝင်းတင်အား လေးစားချစ်ခင်သည့် ပြည်တွင်း၊ ပြည်ပမှ တပည့်များကလည်း အလှူငွေပုံမှန်ထည့်ဝင် ကြောင်း ဖောင်ဒေးရှင်းအဖွဲ့ဝင် များက ပြောသည်။ သို့သော် ဟံသာဝတီ ဦးဝင်းတင် သက်ရှိ ထင်ရှားရှိစဉ်အချိန်ထက် ရန်ပုံငွေ ရရှိမှုလျော့နည်းလာကြောင်းနှင့် ရန်ပုံငွေ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနိုင်ရေး အသင်းအဖွဲ့ မှတ်ပုံတင်ခွင့် လျှောက်ထား ဆောင်ရွက်နေကြောင်း ဖောင်ဒေး ရှင်းနာယက မုံရွာအောင်ရှင်က ပြောသည်။
‘‘စီစဉ်ပါတယ်။ အသင်းအ ဖွဲ့ မှတ်ပုံတင်ဖို့အတွက် ကျွန်တော်တို့ဖွဲ့စည်းပုံတွေ ဘာတွေ ဆွဲ တယ်။ ပြီးတော့ နေပြည်တော်မှာ တင်ထားပါတယ်။ သုံးလလောက် တော့ ရှိပါပြီ။ မှတ်ပုံတင်ကျပြီးတဲ့ နောက်မှာဆိုရင်တော့ ဒီရန်ပုံငွေ တော်တော်များများ တရားဝင် ကောက်ခံနိုင်မယ့်အခြေအနေရှိ လာမှာဖြစ်ပါတယ်။ ဆရာနဲ့ ပတ် သက်တဲ့ ဆေးခန်းကိစ္စတွေကို အစဉ်မပြတ်လုပ်နေပါတယ်။ ရှေ့ ဆက်ပြီးတော့ တိုးတက်အောင် လည်း ကျွန်တော်တို့ ကြံဆောင်နေ ပါတယ်’’ဟု မုံရွာအောင်ရှင်က ပြောသည်။
မြန်မာ့လူ့အဖွဲ့အစည်းအ တွက် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့သူများကို ပြန်လည်ကူညီ ထောက်ပံ့နိုင်ရန် ဟံသာဝတီ ဦးဝင်းတင်အား လေးစားချစ်ခင် သူ စေတနာရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်ခြင်းဖြင့် ကူညီအားဖြည့်ပေးကြရန် မေတ္တာ ရပ်ခံကြောင်းလည်း ဖောင်ဒေး ရှင်းက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ သည်။
==========================
251 /End
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ခုနစ်နှစ်အတွင်း ထောက်ပံ့ငွေ ကျပ်သိန်းနှစ်ထောင်ကျော်ရှိ ရန်ပုံငွေရရှိရေး ဆောင်ရွက်ရန် အသင်းအဖွဲ့မှ
၁၃ မတ် ၂၀၁၉ - ၁၇:၁၈
News ID: 932991

နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် စာနယ်ဇင်းသမား များအား ထောက်ပံ့နေသော ဟံ သာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ၏ ခုနစ်နှစ်အတွင်းထောက်ပံ့ငွေ ကျပ်သိန်းနှစ်ထောင်ကျော် ရှိပြီဟုဖောင်ဒေးရှင်းတာဝန်ရှိသူများက ယမန်နေ့တွင် ပြောသည်။