အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
မြို့နယ်စည်ပင်ရွေး ကောက်ပွဲဝင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်က ပင်နီအင်္ကျီ ၀တ်ဆင်မှုနှင့် မဲဆွယ်ဆိုင်းဘုတ် တွင် အနီရောင်အသုံးပြုမှု၊ ဒေါ် အောင်ဆန်းစုကြည်၏ပုံများ အ သုံးပြုမှုရှိသောကြောင့် ဟန့်တား ပေးပါရန် NLD ပါတီမှ စည်ပင် ကော်မတီဝင်လောင်းက စည်ပင် ရွေးကောက်ပွဲကော်မရှင်သို့ အ ကြောင်းကြားသည်။
မြောက်ဥက္ကလာမြို့နယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)မှ ယှဉ်ပြိုင်မည့် စည် ပင်ကော်မတီဝင်လောင်းများကို မြို့နယ်(NLD)က ကနဦး ရွေး ချယ်ခဲ့သည်။
ထို့နောက် တိုင်းအဆင့် (NLD)မှ ကိုယ်စားလှယ်လောင်း များကို ထပ်မံရွေးချယ်ရာ မူလရွေးချယ်ထားသူများ မဟုတ်ဘဲ သဘောထားကွဲလွဲမှုများ ရှိသော ကြောင့် ပါတီဝင်သုံးဦးဖြစ်သည့် ဦးအောင်ကျော်မိုး၊ ဦးရဲဆင့်နှင့် ဦးစိုးမင်းဦးတို့ ဇန်န၀ါရီတွင် ပါတီမှ နုတ်ထွက်ပြီး တစ်သီး ပုဂ္ဂလအနေဖြင့် မြို့နယ်ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁) နှင့် အဖွဲ့ဝင် (၂) နေရာယှဉ်ပြိုင်ခဲ့သည်။
တိုင်းအဆင့်ညွှန်ကြားချက် အရ မြို့နယ် NLD ပါတီဝင် ဦး အောင်ဇေမိုးကို မြို့နယ်ဥက္ကဋ္ဌနေ ရာနှင့် ဒေါ်နုနုလွင်ကို အဖွဲ့ဝင် (၂) အဖြစ် ယှဉ်ပြိုင်စေသည်။
‘‘အဓိကကတော့ မြို့နယ်ပါတီက စည်ပင်ရွေးကောက်ပွဲအ တွက် သင့်တော်မယ့်လူကို မဲနဲ့ ရွေးလိုက်ကြတယ်။ တိုင်းအဆင့် မှာ ပြန်ဆုံးဖြတ်တာတော့ ဒီလူ တွေ၊ ဒီနေရာ မဟုတ်တော့ဘူး။ ပြန်ပြောင်းလိုက်တယ်။ ဒါကို ပါ တီတွင်းမှာ မကျေနပ်ကြတာပေါ့။ မကျေနပ်တော့ တစ်သီးပုဂ္ဂလအ နေနဲ့ ၀င်ပြိုင်ကြတာ’’ဟု မြောက် ဥက္ကလာပ မြို့နယ်စည်ပင်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းကျော်ကပြောသည်။
လက်ရှိတွင် တစ်သီးပုဂ္ဂလ အဖြစ် အဖွဲ့ဝင်(၁)နေရာမှ ၀င် ရောက်ယှဉ်ပြိုင်သော ဦးရဲဆင့် သည် ပင်နီတိုက်ပုံဝတ်ဆင်ခြင်း၊ မဲဆွယ်ဆိုင်းဘုတ်တွင် အောက်ခံ အနီရောင်အသုံးပြုခြင်း၊လူမှုကွန် ရက်တွင် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ပုံများ အသုံးပြုခြင်းကြောင့် ဟန့်တားပေးပါရန် NLD ပါတီဝင် စည်ပင်ကော်မတီဝင်လောင်း ဦးအောင်ဇေမိုးက မြို့နယ်ရွေး ကောက်ပွဲကော်မရှင်မှ တစ်ဆင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းထံသို့ မတ်လ ၁၃ ရက် တွင် အကြောင်းကြားစာ ပေးပို့ ခဲ့သည်။
‘‘သာမန်ချိန်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ပင်နီဟာ အမျိုး သားရေးဝတ်စုံပဲ၊ မှန်တယ်။ ဒေါ် အောင်ဆန်းစုကြည်သည်လည်း လူထုခေါင်းဆောင်ဖြစ်တယ်။ သူ့ ပုံကိုလူတိုင်းအသုံးပြုခွင့်ရှိတယ်။ ဒါပေမဲ့ ဒီလိုရွေးကောက်ပွဲကာလ မှာတော့ အများပြည်သူက ထင် ယောင်ထင်မှား ဖြစ်မှာစိုးလို့၊ ကိုယ်တို့ NLD ပါတီနဲ့ရောထွေးမှာ စိုးလို့ ဟန့်တားပေးဖို့ အကြောင်း ကြားတာပါ’’ဟု မြို့နယ် NLD စည်ပင် ကော်မတီဝင်လောင်းဦးအောင်ဇေမိုးကပြောသည်။
ထိုသို့ အကြောင်းကြားမှုကို မြို့နယ်ကော်မရှင်မှ တစ်ဆင့် တိုင်းအဆင့်သို့ တင်ပြခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် စည် ပင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းကျော်ကပြောသည်။
‘‘တိုင်းကော်မရှင်ကတော့ ဒီကိစ္စကို အချင်းချင်းပဲ ဖျန်ဖြေ ပေးဖို့ နှုတ်နဲ့ပဲ ညွှန်ကြားလိုက် တယ်။ ဒါကလည်း အထွေအထူး ပြဿနာမဟုတ်တော့ ညှိနှိုင်းပေး ဖို့ပေါ့’’ဟု ၎င်းကဆိုသည်။
ပင်နီတိုက်ပုံအသုံးပြုမှု၊ အနီ ရောင်ဆိုင်းဘုတ်အသုံးပြုမှုတို့ကို ကန့်ကွက်ခြင်းသည် ပုဂ္ဂလိကအ ခွင့်အရေးဖြစ်သောကြောင့် ယခု ကဲ့သို့ ကန့်ကွက်သည်မှာ မဖြစ် သင့်ကြောင်း ကန့်ကွက်ခံရသော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဦးရဲဆင့်ကပြောသည်။
‘‘အမေစုပုံ သုံးတယ်ဆိုတာ ကလည်း လူမှုကွန်ရက်မှာပဲ တင် ထားတာပါ။ ကိုယ်တို့က အမေစု ကို ယုံကြည်တယ်၊ ချစ်ခင်တယ် ကွာ။ ဒါကြောင့် တင်တာပါ။ ဒါ တွေကို မကျေနပ်လို့ ဥပဒေအရ ဆက်လုပ်မယ်ဆိုလည်း လုပ် ပေါ့’’ဟု ဦးရဲဆင့်ကပြောသည်။
လက်ရှိတွင် တစ်သီးပုဂ္ဂလ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် NLD ပါတီမှ နုတ်ထွက်ခဲ့သော် လည်း စည်ပင်ရွေးကောက်ပွဲပြီး လျှင် ပါတီသို့ ပြန်ဝင်မည်ဖြစ် ကြောင်း ဦးရဲဆင့်ကပြောသည်။
==========================
251 /End
စည်ပင်ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ပုံအသုံးပြုမှုနှင့် ပင်နီအင်္ကျီဝတ်ဆင်မှုကို ဟန့်တားပေးရန် ကော်မရှင်သို့ အကြောင်းကြ
၁၆ မတ် ၂၀၁၉ - ၁၆:၃၀
News ID: 933402
မြို့နယ်စည်ပင်ရွေး ကောက်ပွဲဝင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်က ပင်နီအင်္ကျီ ၀တ်ဆင်မှုနှင့် မဲဆွယ်ဆိုင်းဘုတ် တွင် အနီရောင်အသုံးပြုမှု၊ ဒေါ် အောင်ဆန်းစုကြည်၏ပုံများ အ သုံးပြုမှုရှိသောကြောင့် ဟန့်တား ပေးပါရန် NLD ပါတီမှ စည်ပင် ကော်မတီဝင်လောင်းက စည်ပင် ရွေးကောက်ပွဲကော်မရှင်သို့ အ ကြောင်းကြားသည်။