အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
တပ်မတော်အနေဖြင့် လာမည့် သုံးနှစ်ခန့်အတွင်း ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်နေကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
‘‘ရေငုပ်သင်္ဘောက May be ပေါ့လေ။ May be ပဲ ပြောရမှာ ပေါ့။ ကြိုးစားနေပါတယ်။ ထင်ပါ တယ် နောက် ၂ နှစ်၊ သုံးနှစ် လောက်ဆိုရင်တော့ ဖြစ်ပါလိမ့် မယ်’’ဟု မတ်လ ၁၈ ရက်က ပြု လုပ်သည့် တပ်မတော်(ရေ) စစ် ရေယာဉ်တပ်ပေါင်းစု၏ပင်လယ် ပြင်လေ့ကျင့်ခန်းအပြီး မီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက ပြော သည်။
ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင် ရေး ဆောင်ရွက်ရာတွင် တပ်မ တော်က ကိုယ်တိုင်ဆောက်လုပ် ခြင်း (သို့မဟုတ်) အခြားနိုင်ငံမှ ဝယ်ယူရန် စီစဉ်နေခြင်း စသည် တို့နှင့်ပတ်သက်၍ ၎င်းက တိကျ စွာပြောကြားခြင်းမရှိပေ။ သို့သော်လက်ရှိ တပ်မတော်(ရေ)သည် ဖရီးဂိတ်စစ်ရေယာဉ်များအပါအ ဝင် အကြီးစားစစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်အသုံးပြု နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။
‘‘သင်္ဘောတစ်စီးဆောက် တယ်ဆိုတာလည်း မလွယ်ဘူး။ ဒီလိုသင်္ဘောမျိုးတစ်စီးဆောက်ဖို့ ဆို သုံးနှစ်လောက် အချိန်ယူရ တယ်။ ဒီဖရီးဂိတ်သင်္ဘောတစ်စင်း စတဲ့ အချိန်ကနေပြီးတော့ တပ် တော်ဝင်တဲ့အထိ သုံးနှစ်လောက် အချိန်ပေးရပါတယ်။ ရေငုပ် သင်္ဘောဆို ခြောက်နှစ်၊ ခုနစ်နှစ် လောက် အချိန်ပေးရတယ်’’ဟု ၎င်းက ပြောသည်။
ရေငုပ်သင်္ဘောပိုင်ဆိုင်ရေး ကြိုးပမ်းနေမှုနှင့်ပတ်သက်၍ တပ် မတော်အကြီးအကဲက ၂၀၁၅ တွင် စတင်ထုတ်ဖော်ပြောကြားခဲ့ပြီး ရေငုပ်သင်္ဘော ထိန်းချုပ်မောင်း နှင်နိုင်ရေး စစ်သည်အရာရှိများကို သင်ကြား လေ့ကျင့်ပေးမှုများ ရှိ ကြောင်း စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်က သတင်း ထောက်များအား ရှင်းပြသည်။
‘‘ရေငုပ်သင်္ဘောက ဝယ် တယ်ဆိုရင်တော့ ကျွန်တော်တို့ ချက်ချင်းရတာပေါ့။ နည်းလမ်း ပေါင်းစုံတော့ တွေးထားတဲ့ သဘောဖြစ်ပါတယ်။ စစ်ရေယာဉ် တွေလိုပေါ့။ စစ်ရေယာဉ်ဆိုရင် အရင်က ကျွန်တော်တို့က ဝယ်တဲ့ သူအဆင့်ပေါ့။ အခု တည်ဆောက်တဲ့သူအဆင့်ဖြစ်အောင် လုပ်နေ တာပေါ့။ ဒီလိုသဘောပါပဲ’’ဟု ဗိုလ်ချုပ်မိုးအောင်က ပြောသည်။
တပ်မတော်သည် ရေတပ် တည်ဆောက်ရာတွင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူအသုံးပြု ခြင်းထက် မိမိကိုယ်တိုင် တည် ဆောက်ထုတ်လုပ်ရမည်ဆိုသော အယူအဆကို လက်ကိုင်ထားလေ့ ရှိပြီး ယခုတပ်မတော်အကြီးအကဲ များ၏ထုတ်ဖော်ပြောဆိုချက်အရ လက်ရှိတွင် ရေငုပ်သင်္ဘောတည် ဆောက်မှု စတင်နေပြီဟု ယူဆ နိုင်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ သုတေသနအဖွဲ့ (MIPS) အမှုဆောင်ဒါရိုက်တာဒေါက်တာမင်းဇော်ဦးက သုံးသပ် သည်။
‘‘မြန်မာ့တပ်မတော်အနေနဲ့ ကတော့ ကိုယ့်ရဲ့အိမ်နီးချင်း နိုင်ငံတွေမှာ ရေငုပ်သင်္ဘောပိုင်ဆိုင်မှု ရှိတယ်၊ ဒါမှမဟုတ် ပိုင်ဆိုင်ဖို့ လုပ်နေပြီဆိုရင်တော့ သူလည်း ပိုင်ဆိုင်ဖို့ ကြိုးစားမှာပဲ။ စစ်သ ဘောတရားအရကတော့ ဒီလိုရှိ တာပေါ့။ မြန်မာ့တပ်မတော်က ရေငုပ်သင်္ဘောလုပ်နေတယ်ဆို တာ အခုမှတော့ မဟုတ်ဘူး။ သတင်းထွက်နေတာတော့ ကြာ ပါပြီ’’ဟု ၎င်းက ပြောသည်။
ကာကွယ်ရေးကဏ္ဍအ တွက် လိုအပ်ချက်အများအပြား ရှိသော်လည်း နိုင်ငံ၏ဘတ်ဂျက် သုံးစွဲနိုင်မှုအခြေအနေအရ ဟန် ချက်ညီစေရန် ဆောင်ရွက်နေပြီး တပ်မတော်အနေဖြင့် လေယာဉ် တည်ဆောက်ထုတ်လုပ်နိုင်ရေး အထိ ကြိုးပမ်းနေကြောင်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
‘‘လေယာဉ်လည်း ကြိုးစား နေပါတယ်။ ဖြစ်တော့ မဖြစ်သေး ဘူးပေါ့။ သို့သော် အလားအလာ တော့ တော်တော်လေးရှိပါတယ်။ ကာကွယ်ရေးက ပိုက်ဆံအရမ်း ကုန်တယ်။ ပိုက်ဆံအရမ်းမကုန် အောင် ကိုယ့်ဟာကိုယ်ပဲ ရအောင်လုပ်နေတာပေါ့။ တိုင်းပြည်ရဲ့ အခြေအနေလည်း ကြည့်ရသေး တယ်’’ဟု ၎င်းက ပြောသည်။
==========================
251 /End
သုံးနှစ်ခန့်အတွင်း ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
၂၀ မတ် ၂၀၁၉ - ၁၈:၀၄
News ID: 933953
တပ်မတော်အနေဖြင့် လာမည့် သုံးနှစ်ခန့်အတွင်း ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်နေကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။