အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
နိုင်ငံတော် သမ္မ တ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအဝင် အစိုးရတပ်မတော် ခေါင်းဆောင်များ အား ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ဆန်း၌ ကျင်းပမည့် ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့် ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားပြီးဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောသည်။
ယမန်နေ့က နေပြည်တော် တွင် ပြုလုပ်သည့် အစိုးရ၊ တပ်မ တော်နှင့် NCA လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့ ဆွေးနွေးပွဲသို့ UWSA ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည့် ဦးညီရန်း က ၎င်း၏နေပြည်တော်ခရီးစဉ် အတွင်း အစိုးရ၊ တပ်မတော် ခေါင်းဆောင်များထံ ဖိတ်ကြား စာပေးပို့ခဲ့ကြောင်း ပြောသည်။
ထို့ပြင် အငြိမ်းစားတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ ကိုလည်း ဖိတ်ကြားစာပေးပို့ခဲ့ ကြောင်း ၎င်းကဆိုသည်။
‘‘တပ်ပိုင်းရော၊ အစိုးရပိုင်း ရော တော်တော်များများ လူကြီး ပိုင်းတွေ ဖိတ်ပါတယ်။ တက်မယ် လို့ မျှော်လင့်ပါတယ်’’ဟု ဦးညီရန်းက ပြောသည်။
၁၉၈၉ ဧပြီ ၁၇ ရက်တွင် တပ်မတော်အစိုးရနှင့် UWSP/ UWSAအကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်ရရှိကာ ယင်း သဘောတူ ညီမှု နှစ်(၃၀)ပြည့်အခမ်းအနားကို ဧပြီ ၁၅ မှ ၁၇ ရက်အထိ ပန်ဆန်းမြို့၌ကျင်းပမည်ဖြစ်သည်။ ယင်းပွဲတော်သို့ ပြည်တွင်း၊ ပြည်ပသံတမန်များအပါအဝင် မည်သူမဆို တက်ရောက်နိုင်ကြောင်း UWSA က အသိပေးထားသည်။
အစိုးရနှင့် UWSA တို့အကြား အပစ်ရပ်စဲမှု နှစ်(၃၀) အတွင်း ပဋိပက္ခအချို့ ရှိသော်လည်း တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိပေ။ UWSA သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအ ဆင့် အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးထားသော်လည်း NCAစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုး ခြင်း မရှိသေးသည့်အဖွဲ့အစည်း ဖြစ်သည်။ UWSA သည် မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်း သားလက်နက်ကိုင်ခုနစ်ဖွဲ့ စု ပေါင်းဖွဲ့စည်းထားသည့် ပြည် ထောင်စု နိုင်ငံရေးဆွေးနွေးညှိ နှိုင်းရေးကော်မတီ (FPNCC) တွင် ဦးဆောင်မှုရယူထားသည့် အဖွဲ့ဖြစ်သည်။
==========================
251 /End
ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်ပွဲသို့ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များတက်မည်ဟု UWSA မျှော်လင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်း
၂၃ မတ် ၂၀၁၉ - ၁၈:၂၀
News ID: 934248
နိုင်ငံတော် သမ္မ တ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအဝင် အစိုးရတပ်မတော် ခေါင်းဆောင်များ အား ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ဆန်း၌ ကျင်းပမည့် ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့် ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားပြီးဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောသည်။