အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် မြောင်းမြမြို့ရှိ ရွေးမြစ်ကူး တံတားဖွင့်ပွဲအပြီးတွင် ဧရာဝတီ တိုင်းရှိခြောက်မြို့နယ်မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း ဧရာဝတီတိုင်းအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်သည် အ ဆိုပါတံတားကို ဧပြီ ၁ ရက် တွင် လာရောက်ဖွင့်လှစ်မည်ဖြစ်ပြီး ထို နေ့၌ အိမ်မဲ၊ ကျောင်းကုန်း၊ ပုသိမ်မြို့ရှိ ပြည်သူများနှင့် တွေ့ ဆုံရန်စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။
ထို့နောက်ဧပြီ ၂ ရက်တွင် ပန်းတနော်၊ ညောင်တုန်း၊မအူပင် မြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ ဆုံမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
‘‘တွေ့ဆုံမယ့်နေရာထိုင်ခင်း ကိစ္စက စီစဉ်နေဆဲပါ။ မြို့တွေမှာ ရှိတဲ့ ခန်းမတွေထဲမှာ ဆံ့သ လောက်တော့ ပြည်သူက၀င်ခွင့်ရ မှာပါ။ ခန်းမအပြင်ဘက်မှာလည်း ပြည်သူတွေကြည့်ရှုနိုင်ဖို့ နေရာ တွေတတ်နိုင်သလောက်စီစဉ်ပေး ထားမှာပါ’’ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
မြောင်းမြ တံတားသစ်ကို ဧပြီ ၁ ရက် နံနက် ၈ နာရီ မိနစ်၃၀တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနေ့ ကစ၍ တံတားအသစ်ကို ပြည်သူများစတင်အသုံးပြုနိုင်မည်ဟု တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့ (၁) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးဝင်းက ပြောသည်။
==========================
251 /End
၂၉ မတ် ၂၀၁၉ - ၁၈:၂၀
News ID: 935018