အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ဒီကနေ့ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တာမွေမဲဆန္ဒနယ်မှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။
သမ္မတဟာ တာမွေမြို့နယ် ကျားကွက်သစ် မဲရုံ အမှတ် ၃ မှာ ဒီမနက်က ကိုယ်တိုင် လာရောက် မဲပေးခဲ့တာပါ။
အဲဒီမဲရုံမှာ သမ္မတ လာရောက် မဲပေးတဲ့အတွက် စိတ်ဝင်စားတဲ့ ပြည်သူတွေ၊ လေ့လာစောင့်ကြည့်သူတွေ လာရောက်ခဲ့ပါတယ်။ ဒါ့အပြင် မဲရုံမှာ တိုင်ကြားစာ လက်ခံရေးဌာနကို ဖွင့်လှစ်ထားပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ တုန်းကလည်း တာမွေ မဲဆန္ဒနယ်မှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။
စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် တသီးပုဂ္ဂလ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။
စည်ပင်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ကို မဲဆန္ဒနယ် ၆ ခု သတ်မှတ်ပြီး ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးနိုင်ပြီး မဲပေးခွင့်ရှိသူ ၃.၄ သန်း ရှိပါတယ်။
မနက်ပိုင်း အခြေအနေတွေအရ စည်ပင်ရွေးကောက်ပွဲမှာ လာရောက် မဲထည့်သူ အရေအတွက် နည်းပါးနေတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကို မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။
==========================
251 /End
၃၁ မတ် ၂၀၁၉ - ၁၇:၄၃
News ID: 935214
ဒီကနေ့ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တာမွေမဲဆန္ဒနယ်မှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။