၄ ဧပြီ ၂၀၁၉ - ၁၇:၂၂
ကော့သောင်းမြို့ ခြေဥပြင်ဆင်ရေးထောက်ခံပွဲ လူဦးရေ တစ်ထောင်ခန့် တက်ရောက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုထောက် ခံပွဲကို ကော့သောင်းမြို့နယ်တွင် လူဦးရေတစ်ထောင်ခန့်ဖြင့် ယမန်နေ့က ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုထောက် ခံပွဲကို ကော့သောင်းမြို့နယ်တွင် လူဦးရေတစ်ထောင်ခန့်ဖြင့် ယမန်နေ့က ပြုလုပ်ခဲ့သည်။

ထောက်ခံပွဲကို ဧပြီ ၃ ရက် နံနက် ၉ နာရီကစ၍ ကော့သောင်း မြို့ရှိ နိုင်ငံရေးပါတီများ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့် ပရ ဟိတအသင်းများပူးပေါင်း၍ သီရိ မြိုင်ရပ်ကွက် ပြည်သူ့ရင်ပြင်၌ ပြုလုပ်ပြီး တက်ရောက်လာသော ဒေသခံပြည်သူတစ်ထောင်ခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြောင်း ဆန္ဒပြုလက် မှတ်များရေးထိုးသည်။

အဆိုပါ ဆန္ဒပြုလက်မှတ် တစ်ထောင်ခန့်ကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထံ ပေးပို့မည်ဟု ထောက်ခံပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့်ကော့သောင်းမြို့ခံ ဦးစိန်နိုင်က ရှင်းပြသည်။

‘‘အခုလက်ရှိ လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ကို ကော့သောင်းမြို့လူထုက ထောက်ခံတယ်ဆိုတဲ့အကြောင်း အဓိကရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာပါ’’ဟု ဦးစိန်နိုင်ကပြောသည်။

ထို့နောက် ထောက်ခံပွဲကို ဆက်လက်ကျင်းပရာ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်း နေမျိုး ဇင်နှင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ ဟောပြောပြီး တက်ရောက် လာသူများက ‘‘နိုင်ငံ့အနာဂတ် လှပငြိမ်းချမ်းရေး ... တို့အရေး၊ ဒီမိုကရေစီစံနှုန်း မကိုက်ညီသော ၂၀၀၈ ခြေဥပြင်ဆင်ရေး...တို့အ ရေး၊ ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်စေသော ဥပဒေများပြင် ဆင်ရေး...တို့အရေး’’ဟူ၍ ကြွေးကြော်ခဲ့သည်။

ထို့အပြင် ထောက်ခံပွဲတက် ရောက်သည့် ပြည်သူများက ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒလူထု ထောက်ခံပွဲ’ဟု ရေးသားထား သော စာသားများပါ အဖြူရောင် တီရှပ်အင်္ကျီများနှင့် ‘၂၀၀၈ ခြေဥ ပြင်ဆင်ပေး’ နဖူးစည်းများ ဝတ် ဆင်၍ ‘ပြည်တွင်းစစ် ချက်ချင်း ရပ်၊ ၂၀၀၈ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအား အလေးအနက် ထောက်ခံပါသည်’ ဟူသော ဗီနိုင်းပိုစတာများ ကိုင် ဆောင်ကာ ဆန္ဒထုတ်ဖော်သည်။

=======================
251 / End