အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ- ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ မစ္စတာရာဖေးလ်နာဂျီလီကို ဧပြီ ၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
တပ်မတော်သားများသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ကို နေ့စဉ်လိုက်နာရကြောင်းနှင့် စည်းကမ်းမလိုက်နာသူ၊ ဥပဒေ ချိုးဖောက်သူများကို သက်ညှာမှု မရှိအရေးယူရသည့် အစဉ်အလာ ကောင်းများကို အထက်ပါတွေ့ ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ထည့်သွင်းပြော ကြားသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိစေလို၍ နှစ် ၇၀ ကျော်အတွင်း ပထမအကြိမ်အဖြစ် တပ်မတော် က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်က စတင်ကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသည့် အခြေအနေ များ ထည့်သွင်းဆွေးနွေးသည်ဟု ဆက်လက်ဖော်ပြသည်။
ယင်းနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သည် တစ်နိုင်ငံလုံး အပစ်ရပ်သ ဘောတူညီချက် (NCA) လက်မှတ် ရေးထိုးနိုင်ရန် အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖြစ် စဉ်များကို နိုင်ငံတကာက သိရှိ စေရန် လိုအပ်သည့်အခြေအနေ များ ထည့်သွင်းဆွေးနွေးခဲ့သည် ဟုဆိုသည်။
ထို့အပြင် တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေး ဆောင်ရွက်မှုများတွင် ဆွစ်ဇာလန်က ကူညီဆောင်ရွက် ပေးနေမှုနှင့် ဆက်လက်ကူညီ ဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးခဲ့သည်ဟု တပ်မတော် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အထက်ပါ ဆွစ်ဇာလန်နိုင်ငံ ခြားရေးဝန်ကြီးဌာန အာရှ-ပစိ ဖိတ်ဒေသဆိုင်ရာ အကြီးအကဲ သည် တတိယအကြိမ် မြန်မာ- ဆွစ်ဇာလန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြား ဆွေးနွေးရန် ဧပြီ ၄ ရက်တွင် နေပြည်တော်သို့ ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
=======================
251 / End
၆ ဧပြီ ၂၀၁၉ - ၁၉:၀၁
News ID: 935873
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ- ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ မစ္စတာရာဖေးလ်နာဂျီလီကို ဧပြီ ၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။