အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျွန်းစုမြို့နယ်အတွင်း ရှိ တရားမ၀င်ပုစွန်မွေးမြူရေးစီမံ ကိန်းများကို တနင်္သာရီတိုင်းအစိုး ရအဖွဲ့က ကြိုတင်လုပ်ပိုင်ခွင့်ပြု ထားသော်လည်း တိုင်းအစိုးရအဖွဲ့ စိုက်မွေးဝန်ကြီးက လုပ်ပိုင်ခွင့်ချထားပေးခြင်းမရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လိမ်ညာတင်ပြခဲ့ကြောင်း ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်ကပြောသည်။
ဧပြီ ၈ ရက်က ပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး လွှတ် တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ မြိတ်ခရိုင်ကျွန်း စု မြို့နယ်အတွင်း သက်ဆိုင်ရာ ဌာနများ၏ တရားဝင်ခွင့်ပြုချက် မရှိဘဲ ဒီရေတောများ အပြောင် ရှင်း၍ ပုစွန်မွေးမြူရေးစီမံကိန်းအ ကောင်အထည်ဖော် ဆောင်ရွက် နေသည့် ကုမ္ပဏီများကို တိုင်းအစိုးရအဖွဲ့က ထိရောက်ပြတ်သားစွာ အရေးယူဆောင်ရွက် ရန် ရှိ၊ မရှိ မေးခွန်းမေးမြန်းစဉ် အထက်ပါအတိုင်း ဒေါက်တာထူးနေအောင်ကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအ တွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မြိတ်မြို့ခရီးစဉ်လာရောက် စဉ် ကျွန်းစုမြို့နယ်အတွင်းရှိ ပုစွန် မွေးမြူရေးလုပ်ငန်းများနှင့် ပတ် သက်၍ မေးမြန်းရာ တိုင်းအစိုးရ အဖွဲ့ စိုက်မွေးဝန်ကြီး ဦးမြင့်စန်း က တိုင်းအစိုးရအဖွဲ့အနေဖြင့် ယင်းလုပ်ငန်းများ ခွင့်ပြုထားခြင်းမရှိပါဟု တင်ပြခဲ့သည်။
သို့သော် ဒီရေတောများကို ရှင်း၍ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်မရှိဘဲ လက်ရှိအချိန် အထိ ကုမ္ပဏီများက တရားမ၀င် ဆောင်ရွက်နေသော ပုစွန်မွေးမြူ ရေးစီမံကိန်းများကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၉ ဇန်န၀ါရီ ၁၈ ရက်စွဲဖြင့် လုပ်ပိုင်ခွင့်ပြုထားသည့် စာထုတ် ပြန်ထားပြီးဖြစ်ကြောင်း ဒေါက် တာ ထူးနေအောင်က ထောက်ပြ ပြောကြားသည်။
‘‘ဒီခွင့်ပြုထားတဲ့စာဟာနိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် မလာခင် ကတည်းက ခွင့်ပြုထားတဲ့ကိစ္စပါ။ အဲဒီလိုဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ် ကို လိမ်တဲ့အခြေအနေ ဖြစ်နေပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်စိတ်မ ကောင်းဖြစ်ရပါတယ်။ သက်ဆိုင် ရာဌာနတွေက ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲနဲ့ ဥပဒေမဲ့လုပ်နေ တဲ့ကိစ္စကို ခွင့်ပြုထားတယ်ဆိုတာ မဲဆန္ဒရှင်ပြည်သူကို မလေးစားရာ ရောက်တယ်ဆိုတာ သတိချပ်စေ ချင်ပါတယ်’’ဟု ၎င်းက မှတ်ချက် ပြုဆွေးနွေးသည်။
မေးခွန်းမေးမြန်းမှုအပေါ် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီး ဦးမြင့်စန်းက ယင်းသို့တရား မ၀င် ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်များအထိ သက်ဆိုင်ရာဌာနများ ကွင်းဆင်း စစ်ဆေးစေ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဖြေကြားသည်။
မတ်လ ၄ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော် အ စည်းအဝေးတွင်လည်း တနင်္သာရီ တိုင်း ကျွန်းစုမြို့နယ်အတွင်း ဒီရေ တော သစ်ပင်များ ခုတ်လှဲကာ ပုစွန်မွေးမြူရေး စီမံကိန်းကြီးများ လုပ်ဆောင်သည့် ကုမ္ပဏီများ သည် မွေးမြူရေးလိုင်စင်မရှိသည့် အပြင် မြေယာလုပ်ပိုင်ခွင့်လည်း မရှိဘဲ လုပ်ကိုင်နေခြင်းဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးဆက်အောင်က ပြော ကြားသည်။
ထို့ကြောင့် ခွင့်ပြုချက်မရှိဘဲ ပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ် ကိုင်နေသည့် ကုမ္ပဏီများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့က အရေးယူ ဆောင်ရွက်မည်ဟု ဦးဆက် အောင်က လွှတ်တော်သို့ တင်ပြ ထားသည်။
ယင်းသို့ ခွင့်ပြုချက်မဲ့ ပုစွန် မွေးမြူရေးစီမံကိန်းကြီးများ လုပ် ကိုင်နေခြင်းကြောင့် ဒီရေတော များ ပြုန်းတီးပြီး ဒေသခံပြည်သူ များ၏ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေသည့်အပြင် မုန်တိုင်းဒဏ်ကာကွယ်ရေးအတွက်လည်း စိုးရိမ်ဖွယ်ဖြစ်ပေါ်နေကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဇော်ဟိန်းက မတ်လ ၄ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ထောက်ပြပြောကြားထားသည်။
=======================
251 / End
တရားမ၀င် ပုစွန်မွေးမြူရေးစီမံကိန်းနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စိုက်မွေးဝန်ကြီး လိမ်ညာတင်ပြဟု လွှတ်တော်အမတ်ပြော
၉ ဧပြီ ၂၀၁၉ - ၁၉:၂၀
News ID: 936285
ကျွန်းစုမြို့နယ်အတွင်း ရှိ တရားမ၀င်ပုစွန်မွေးမြူရေးစီမံ ကိန်းများကို တနင်္သာရီတိုင်းအစိုး ရအဖွဲ့က ကြိုတင်လုပ်ပိုင်ခွင့်ပြု ထားသော်လည်း တိုင်းအစိုးရအဖွဲ့ စိုက်မွေးဝန်ကြီးက လုပ်ပိုင်ခွင့်ချထားပေးခြင်းမရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လိမ်ညာတင်ပြခဲ့ကြောင်း ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်ကပြောသည်။