၁၀ ဧပြီ ၂၀၁၉ - ၁၈:၁၇
မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တွေ့ဆုံခြင်း

‘‘ARSA တို့ AA တို့ဆိုတာကလည်း ဟိုဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာပဲ ခြေကုပ်ယူပြီးတော့မှ ဒီဘက်မောင်တောတို့၊ ဘူးသီးတောင်တို့ဘက်ကိုလာပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတာဖြစ်တဲ့အတွက် နှစ်နိုင်ငံသဘောတူညီချက်ရပြီးပြီဆိုရင်တော့ အကြမ်းဖက်နှိမ်နင်းရေး ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်ပါတယ်’’

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


‘‘ARSA တို့ AA တို့ဆိုတာကလည်း ဟိုဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာပဲ ခြေကုပ်ယူပြီးတော့မှ ဒီဘက်မောင်တောတို့၊ ဘူးသီးတောင်တို့ဘက်ကိုလာပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတာဖြစ်တဲ့အတွက် နှစ်နိုင်ငံသဘောတူညီချက်ရပြီးပြီဆိုရင်တော့ အကြမ်းဖက်နှိမ်နင်းရေး ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်ပါတယ်’’

(၆)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ် ဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဧပြီ ၈ ရက်ကစ ၍ နေပြည်တော်တွင် ပြုလုပ်ခဲ့ သည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံဘက်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်မျိုး သန်းဦးဆောင်သော အဖွဲ့ဝင် ၁၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဗိုလ်ချုပ် ShafeenulIslam ခေါင်း ဆောင်သော ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးချက်များအရ နှစ်နိုင် ငံသဘောတူညီချက် ၁၁ ချက်ကို ပူးတွဲအတည်ပြုထုတ်ပြန်ခဲ့သည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေး ပွဲ တက်ရောက်ခဲ့သည့် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ဧပြီ ၉ ရက်တွင် မီဒီယာများ သို့ ဖြေကြားထားမှုများကို စုစည်း ဖော်ပြလိုက်ပါသည်။

ဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာတွေက ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးအတွက် ဘယ်လိုအထောက်အကူ ဖြစ်မလဲ။
အဓိကကတော့ ဒါကလုံခြုံ ရေးအစည်းအဝေးဆိုတော့ လုံခြုံရေးအတွက် အများကြီးအထောက် အကူပြုပါတယ်။  အခု AA (အ ကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဟု သုံးနှုန်းထား)၊ ARSA ဒီအဖွဲ့ တွေအပေါ်မှာ နှစ်နိုင်ငံ နယ်ခြား စောင့်တပ်တွေ ပေါင်းပြီးတော့မှ နှိမ်နင်းသွားမယ်။ တိုက်ခိုက်သွား မယ်ဆိုတဲ့အတွက် လုံခြုံရေးအ တွက်တော့ အများကြီးအထောက် အကူ ဖြစ်ပါတယ်။

လက်ရှိ နယ်စပ်ဒေသတည်ငြိမ်မှု ဘယ်လိုအခြေအနေမှာရှိပါလဲ။
လုံခြုံရေးဆိုတာတော့ ပုံ သေပြောလို့ မရဘူးပေါ့။ လက်ရှိ ကျွန်တော်တို့အခုလာခါနီးအချိန်ထိကတော့ အေးအေးချမ်းချမ်းပါပဲ။ အကုန်လုံးသွားလာလှုပ်ရှားလို့ ရတယ်။ အကြမ်းဖက်သမားဆို တာကလည်း အသစ်အငိုက်ပဲ ချောင်းပြီး တိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် အတိအကျတော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အခု နှစ်နိုင်ငံသဘောတူညီချက်ရသွား ပြီဆိုတဲ့အတွက် အင်မတန်အ ဆင်ပြေပါတယ်။ နှစ်နိုင်ငံ နယ် ခြားစောင့်ရဲအချင်းချင်း လုပ်မယ် ဆိုတော့။ ARSA တို့ AA တို့ဆို တာကလည်း ဟိုဘက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်မှာပဲ  ခြေကုပ်ယူ ပြီးတော့မှ ဒီဘက် မောင်တောတို့၊ဘူးသီးတောင်တို့ဘက်ကို လာပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ် နေတာဖြစ်တဲ့အတွက် နှစ်နိုင်ငံ သဘောတူညီချက်ရပြီးသွားပြီဆို ရင်တော့ အကြမ်းဖက်နှိမ်နင်းရေး ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်ပါတယ်။

နှစ်နိုင်ငံ ပစ်ခတ်မှုတွေရှိနေတယ်ပေါ့။ အဲဒီအပေါ်မှာ ဘယ်လိုမျိုးစောင့်ကြည့်သွားဖို့ လုပ်မလဲ။
 ဒါကတော့ မနေ့က ကျွန် တော်တို့ ဆွေးနွေးတဲ့အထဲမှာ လည်း ပါပါတယ်။ စောင့်ကြည့် တယ်ဆိုတာကတော့ ဒီနယ်စပ်က အရှည်ကြီးပဲလေ။ ကျွန်တော်တို့ က ရဲကင်းစခန်းရှိတဲ့ နေရာက တော့ စောင့်ကြည့်နိုင်တာပေါ့။ ရဲ ကင်းစခန်းမရှိတဲ့နေရာတွေ လည်း အများကြီးရှိပါသေးတယ်။ အထက်ဘက်မှာ။ အဲဒီလိုမျိုးတွေ ကျတော့ မနေ့ကလည်း အပြန် အလှန်မှတ်တမ်းဓာတ်ပုံတွေနဲ့ ဆွေးနွေးတဲ့အတွက် ဒီဘက်က နယ်ခြားစောင့်ရဲ့ပစ်တာလို့ တိတိ ကျကျ ပြောလို့ မရရင်မပြောကြ ကြေးလို့တော့ အဲဒီလို သဘောတူ ညီချက်ရထားပါတယ်။ AA ပစ် တာရှိမယ်၊ ARSA ပစ်တာရှိမယ်။ လက်နက်ကိုင်ထားတဲ့အတွက် ဘယ်သူပစ်မှန်းတော့ မသိဘူး ပေါ့နော်။ အဲဒီတော့ သေချာမှပဲ အပြန်အလှန်ကန့်ကွက်တာတွေ လုပ်ဖို့ဆိုပြီးတော့ တိုင်ပင်ထား တာ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြောသွားတာ ရှိတယ်။ မူးယစ်ဆေးဝါးတွေ အထူးသဖြင့်က ယာဘတွေက သူတို့ဘက်ကို ၀င်တာများတယ်ဆိုတော့ အုပ်ချုပ်ရေးမှူးတို့အနေနဲ့ကကော ဒီအပေါ်မှာ ဘာများပြောချင်လဲ။ သူတို့ကတော့ ဒီဘက်က များတယ်လို့ ပြောနေတာ။
မှန်တယ်။ များတယ်ဆိုတာ လည်း ဟိုဘက်ကလိုအပ်ရင် ဒီ ဘက်ကသွားမှာပဲ။ လိုအပ်ချက် အရသွားတာ။ ကျွန်တော်တို့က တော့ ပူးပေါင်းပြီးတော့မှ ကျွန် တော်ဆိုလို့ရှိရင် ခရိုင်အုပ်ချုပ် ရေးမှူးဖြစ်တဲ့အတွက် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး ဥက္ကဋ္ဌပါ။ ရဲနဲ့ ပူးပေါင်းပြီးတော့မှ အခုဖမ်း နေတာလည်း မနည်းပါဘူး။ အ တတ်နိုင်ဆုံးရသလောက်တော့ တားဆီးနှိမ်နင်းသွားမယ်လို့ ဆုံး ဖြတ်ထားပါတယ်။

မြန်မာနိုင်ငံကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ARSA အကြမ်းဖက်သမားတွေရဲ့ စာရင်းတွေပို့ထားတာနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုအခြေအနေဖြစ်သွားပြီလဲ။ ဆွေးနွေးဖြစ်ခဲ့လား။
အဲဒါကတော့ မဆွေးနွေးပါ ဘူးခင်ဗျာ။ ကျွန်တော်တို့ကတော့ ဒီအတိုင်းပို့လိုက်တာပေါ့။ ARSA ထဲပါပြီဆိုရင်တော့ သောင်းကျန်း သူဖြစ်တဲ့အတွက် ထင်ထင်ရှား ရှားတော့နေမှာ မဟုတ်ဘူး။ သူ တို့လည်း စစ်ဆေးပေးတာတွေ တော့ ရှိပါတယ်။ သူတို့စစ်တဲ့အ ချိန်ကျရင်တော့ ဟိုဘက်မှာနေ နေတဲ့ နေရာတွေက အများကြီးပဲ။ နယ်စပ်ဖြစ်တဲ့အတွက် သွားပုန်း နေမယ်။ ပြီးမှပြန်လှုပ်ရှားတာမျိုး တွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ တော့ အဲဒါက ထူးခြားမှုတော့ မရှိပါဘူး။

အခု အရပ်သားသေဆုံးမှုတွေအပေါ်မှာ ဟိုဘက်၊ဒီဘက် လက်နက်ကိုင်အဖွဲ့တွေက သတ်တာလို့စွပ်စွဲမှုတွေရှိတော့ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ကော အစိုးရအနေနဲ့ ဘယ်လိုထိန်းချုပ်သွားမလဲ။
ဒီမှာတော့ အရပ်သားသေ ဆုံးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှု တော့ မရှိပါဘူး။ တစ်ခုပဲဟိုဘက် နိုင်ငံက ကလေး၊ လူငယ်တစ် ယောက်ပေါ့နော်။ သေနတ်မှန်လို့ အဲဒါလေးပဲ ဆွေးနွေးတာ ရှိပါ တယ်။ အဲဒါကလည်း ကျွန်တော် တို့ဘက်က နယ်စပ်ခြံစည်းရိုးကို ကျော်တက်လို့ထိတဲ့အတွက်၊ မှတ် တမ်းဓာတ်ပုံတွေနဲ့ ရှင်းလင်းခဲ့တဲ့ အတွက် အဆင်ပြေပါတယ်။ အ ရပ်သားထိခိုက်သေဆုံးမှုကတော့ နှစ်ဖက် နိုင်ငံနဲ့ မဆိုင်ပါဘူးခင် ဗျာ။ မဆွေးနွေးပါဘူး။

မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အဲဒီဒေသမှာ အလုံးအရင်းနဲ့မိတဲ့အခါမျိုးတွေမှာ ပိုင်ရှင်မဲ့တွေ ဖြစ်ဖြစ်သွားတယ်။ အဲဒီအပေါ်မှာလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာမျိုးတွေလည်း ပြောနေကြတယ်။ အဲဒီအပေါ်ဘာပြောချင်လဲ။

 မူးယစ်ဆေးဝါးလုပ်ပြီဆို ကတည်းက၊ ဒီလောက်အများကြီး လုပ်ပြီဆိုကတည်းက တကယ့် ဂိုဏ်းကြီးတွေဖြစ်သွားတဲ့ လူက ဘယ်သူမှကိုယ်တိုင် သယ်လာစ ရာတော့ အကြောင်းမရှိဘူး။ နောက်ကျွန်တော်တို့ နိုင်ငံတွေမှာ တိုးတက်လာတဲ့အတွက် ဆက် သွယ်ရေးစနစ်တွေလည်း အင်မ တန်ကောင်းလာတယ်။ အဲဒီအ တွက် ခိုင်းတဲ့လူက အခုဖုန်းတစ် လုံးဆိုရင် ၁,၅၀၀ ပဲ။ ဖုန်းအမျိုး မျိုးနဲ့ ဘယ်နားမှာယူ၊ ဘယ်နားမှာ ယူ။ ဒါမျိုးခိုင်းတာတွေ ရှိတယ်။ ပိုင်ရှင်မဲ့ဆိုတာ ကားမောင်းတဲ့ လူတို့။ ဘာမှမပါဘဲ ကားချည်းပဲ ဖမ်းတာမှ မဟုတ်တာ။ ကား မောင်းတဲ့လူရှိမယ်။ တစ်ဆင့်ခံ သယ်လာတဲ့လူရှိမယ်။ ဒါမျိုးလူ ကို စစ်ဆေးတဲ့အချိန်မှာလည်း တစ်ဆင့်တစ်ဆင့် ဖုန်းနဲ့စေခိုင်း တာဖြစ်တဲ့အတွက် လူမမိဘူးပေါ့။ ဒါပေမဲ့လည်း ဆက်စပ်ပြီးတော့ ဖော်ထုတ်လို့ မိသွားတာတွေ လည်း ရှိပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အစဉ်အလာအရ သွေးအေးသွား ပြီးတော့ လိုက်မစုံစမ်းတာပါ။ နောက်ပိုင်းမှာ ပိုင်ရှင်မိခဲ့တဲ့ဖြစ် စဉ်တွေလည်း အများကြီးပါပဲ။ မမိတာလည်း ရှိမှာပေါ့။ ပိုက်ဆံ ရှိတဲ့လူ၊ တကယ်လုပ်တဲ့လူက တော့ ပစ္စည်းအဖမ်းခံရမယ်၊ လူ လည်းအဖမ်းခံရမယ်ဆိုတဲ့ဟာ မျိုးတော့ ဘယ်သူမှလုပ်မှာ မဟုတ်ဘူးလေ။ အဆင့်ဆင့် ချိတ်ဆက်ပြီးတော့ လုပ်မှာပဲလေ။

=======================
251 / End