၁၁ ဧပြီ ၂၀၁၉ - ၁၈:၄၉
ရန်ကုန်စည်ပင်ကော်မတီဝင်အသစ်တွေ မနက်ဖြန် ရုံးစတက်ရမယ်

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကနေ အရွေးချယ်ခံရတဲ့ ကော်မတီဝင်ခြောက်ဦး မနက်ဖြန်ဧပြီ၈ရက်မှာ ရုံးစတက်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကနေ အရွေးချယ်ခံရတဲ့ ကော်မတီဝင်ခြောက်ဦး မနက်ဖြန်ဧပြီ၈ရက်မှာ ရုံးစတက်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

အဲဒီ့ကော်မတီဝင်ခြောက်ဦးထဲကနေ ဒုတိယမြို့တော်ဝန်ရွေးချယ်ဖို့ကိုတော့ လမ်းညွှန်ချက်အတိုင်းဆက်ပြီးဆောင်ရွက်မယ်လို့ ဦးသန်းကပြောပါတယ်။

စည်ပင်ရွေးကောက်ပွဲကို မတ်လ၃၁ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး မဲရလဒ်တွေကိုတော့ ဧပြီ၁ရက်မှာ ကြေညာပေးခဲ့တာဖြစ်ပါတယ်။

အရွေးချယ်ခံရတဲ့ မြို့တော်ကော်မတီဝင်ခြောက်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

ဧပြီ၈ရက်မှာရုံးစတက်ရမယ့်အကြောင်းကို ၅ရက်နေ့ကလှမ်းပြီးအကြောင်းကြားတယ်လို့ မဲဆန္ဒနယ်အမှတ်(၄)က မြို့တော်ကော်မတီဝင် ဦးစိန်အုန်းကပြောပါတယ်။

အရွေးချယ်ခံမြို့နယ်အဆင့် စည်ပင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကလည်း ကျမ်းသစ္စာကျိန်ဆိုပြီးပါက ရုံးစတက်ရမယ်လို့သိရပါတယ်။

=======================
251 / End