၂ မေ ၂၀၁၉ - ၁၆:၃၄
NRPC၊ ကယားပြည်နယ်အစိုးရနှင့်KNPP တို့ သုံးပွင့်ဆိုင်ဆွေးနွေးမည်၊ NCA လက်မှတ်ထိုးရေးကိစ္စပါဝင်

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ် အစိုးရနှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ မေလ ၆ ရက်တွင် လွိုင်ကော်မြို့၌ တွေ့ ဆုံဆွေးနွေးမည်ဖြစ်ကြောင်း KNPPအတွင်းရေးမှူး ခူပလူးရယ်က ပြောသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ် အစိုးရနှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ မေလ ၆ ရက်တွင် လွိုင်ကော်မြို့၌ တွေ့ ဆုံဆွေးနွေးမည်ဖြစ်ကြောင်း KNPPအတွင်းရေးမှူး ခူပလူးရယ်က ပြောသည်။

ယင်းဆွေးနွေးပွဲတွင် NRPC က အဆိုပြုထားသည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လက် မှတ်ထိုးရေးကိစ္စ၊ KNPP က အဆို ပြုထားသည့် ဖွံ့ဖြိုးရေးကိစ္စအပါ အဝင် ပြည်နယ်အတွင်း ဆောင် ရွက်ရမည့်ကိစ္စများ၊ လစဉ်ပုံမှန် ပြုလုပ်နေသည့် ပြည်နယ်အဆင့် ဆွေးနွေးပွဲများ ထိရောက်စွာ ကျင်းပနိုင်ရေးကိစ္စ ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။

‘‘အဲဒီကနေ တိုးတက်မှုရရှိ ပြီး ယုံကြည်မှုတည်ဆောက်မှာ ပေါ့’’ဟု ခူပလူးရယ်က ပြောသည်။ ဆွေးနွေးပွဲသို့ KNPP ဒုဥက္ကဋ္ဌခူဦး ရယ်ဦးဆောင်သည့် အဖွဲ့ တက် ရောက်မည်ဟု ၎င်းက ဆိုသည်။

KNPP သည် မတ်လအတွင်းက NRPC၊ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးထားသည်။

တပ်မတော်ညှိနှိုင်းရေးအဖွဲ့ နှင့် KNPP တို့ မတ်လ ၁၉ ရက် ဆွေးနွေးပွဲတွင် ယခုနှစ် ဇွန်လ ၃၀ ရက်မတိုင်မီ NCA ထိုးနိုင်ရေးနှင့်နှစ်ဖက်တပ်များအကြား တိုက် ခိုက်မှုပြန်လည်မဖြစ်ပွားရေး ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဇွန်လမတိုင်မီ NCA လက် မှတ်ထိုးနိုင်ရေးမှာ ဆွေးနွေးပွဲ ရလဒ်ကောင်းမွန်မှု၊ ပြေလည်မှု အပေါ် မူတည်ကြောင်း ခူပလူး ရယ်က ပြောသည်။

မေလ ၆ ရက် လွိုင်ကော် ဆွေးနွေးပွဲအပြီးတွင် KNPP အနေဖြင့် NRPC၊ တပ်မတော်ညှိနှိုင်း ရေးအဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

KNPP သည် NCA မထိုးရ သေးသော်လည်း ၂၀၁၂ ကတည်း က အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အ ခတ်ရပ်စဲရေး သဘောတူထားကာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသည့် အဖွဲ့အစည်းဖြစ် သည်။

=======================
251 / End