၂ မေ ၂၀၁၉ - ၁၇:၀၄
ကုလားတန်မြစ်ဝှမ်းစီမံကိန်း လုံခြုံရေးသတင်းဖလှယ်ရန် မြန်မာ - အိန္ဒိယ တပ်မတော်ခေါင်းဆောင်များ ဆွေးနွေး AA ပေါ်လာပြီးနောက် စီမံကိန်းလ

ချင်းပြည်နယ် ပလက် ၀မြို့နယ်အတွင်း အကောင်အ ထည်ဖော်နေသည့် ကုလားတန် မြစ်ဝှမ်း စီမံကိန်းလုံခြုံရေးသတင်း အချက်အလက်ဖလှယ်ရန် နေ ပြည်တော်၌ ကျင်းပသည့် မြန်မာ - အိန္ဒိယ တပ်မတော်အရာရှိများ အစည်းအဝေးတွင်ဆွေးနွေးသည်။


ချင်းပြည်နယ် ပလက် ၀မြို့နယ်အတွင်း အကောင်အ ထည်ဖော်နေသည့် ကုလားတန် မြစ်ဝှမ်း စီမံကိန်းလုံခြုံရေးသတင်း အချက်အလက်ဖလှယ်ရန် နေ ပြည်တော်၌ ကျင်းပသည့် မြန်မာ - အိန္ဒိယ တပ်မတော်အရာရှိများ အစည်းအဝေးတွင်ဆွေးနွေးသည်။


ဒုတိယ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ကာကွယ်ရေး  ဦးစီးချုပ် (ကြည်း) ဒုတိယ  ဗိုလ် ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယ ကြည်းတပ်စစ်ဆင်ရေးညွှန်ကြား   ရေးမှူးချုပ်တို့ ဧပြီ ၃၀ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် နှစ် နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင် ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် ကုလားတန်မြစ်ဝှမ်း စီမံကိန်းလုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး သတင်းအချက်အ လက် အပြန်အလှန်ဖလှယ်ရေး ကိစ္စများဆွေးနွေးကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။

ကုလားတန်စီမံကိန်းသည် ပလက်ဝဒေသ၌ အကောင်အ ထည်ဖော်နေခြင်းဖြစ်သော်လည်း  ရခိုင်ပြည်နယ်အတွက် အမှန်တ ကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံ ကိန်းဖြစ်ကြောင်း တပ်မတော်   သတင်းမှန်ပြန်ကြားရေးအဖွဲ့အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောသည်။

‘‘ဆက်သွယ်ရေး လမ်း ကြောင်းက ရခိုင်ပြည်နယ်ဘက်  ကလာတယ်။ ပြီးရင်ဆက်သွယ် ရေးလမ်းကြောင်းသည် နှစ်နိုင်ငံ  အကျိုးရှိတဲ့လမ်းကြောင်းဖြစ် တယ်။ လုံခြုံရေးခြိမ်းခြောက်မှုက အရင်တုန်းက မရှိဘူးဗျ။ အခု နောက်ပိုင်း AA ပေါ်လာပြီးတဲ့ နောက်ပိုင်း တံတားပေါင်တွေတင် လာတဲ့သင်္ဘောကို မီးရှို့သွားတာ ရှိတယ်။ အဲဒီမှာ လမ်းလုံခြုံ ရေး ဆောင်ရွက်နေတဲ့ကုမ္ပဏီတစ်ခု က လူရှစ်ယောက်ကို ဖမ်းသွား တာရှိတယ်’’ ဟု ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက ပြောသည်။

AA ကမူ၎င်းတို့အနေဖြင့် ပြည်သူလူထုကို အကျိုးဖြစ်ထွန်း  စေမည့် စီမံကိန်းများ နှောင့်ယှက် ရန်မူဝါဒမရှိကြောင်း၊ကုလားတန် မြစ်ကူးတံတားတည်ဆောက်ရေး သံပေါင်များ သယ်ဆောင်လာ သည့် သင်္ဘောကို AAကမီးရှို့ဖျက်ဆီးခြင်းသည် စစ်ပွဲဇုန်အတွင်း ၎င်းတို့ကို အကြောင်းမကြားဘဲ ၀င်ရောက်လာခြင်းကြောင့် ဖြစ် ကြောင်း၊ ကုမ္ပဏီဝန်ထမ်းများကို ဖမ်းဆီးထားခြင်းမှာလည်း တပ်မ တော်နှင့်ပတ် သက်မှုရှိ၊ မရှိစစ် ဆေးနေဆဲဖြစ်ကြောင်း၊ အရပ် သားများကို ပြန်လည်လွှတ်ပေးပြီး ဖြစ်ကြောင်းပြောကြားထားသည်။

AA တိုက်ခိုက်မှုများကြောင့်   ပလက်ဝတံတားတည်ဆောက် ရေးနှင့် ကုလားတန်ဘက်စုံသုံးစီမံ ကိန်းအစိတ်အပိုင်းအချို့ ယာယီ ရပ်ဆိုင်းခဲ့ရကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး ၀င်းနှင့် အိန္ဒိယတပ်မတော်ကိုယ် စားလှယ်အဖွဲ့တို့သည် မတ်လ ၁၅ ရက်က နေပြည်တော်၌ တွေ့ ဆုံ၍ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးပူးပေါင်း  ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး ပြီး တစ်လကျော်အကြာတွင် ထပ် မံတွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း အ ခြေချရန် ကြိုးစားနေသည့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) ကို တပ်မတော်က တိုက်ခိုက်ရာတွင် အိန္ဒိယတပ်မတော်နှင့် ပူးပေါင်း    ဆောင်ရွက်မှုရှိသည်ကို တွေ့ရ ကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ  ဒေါက်တာမင်းဇော်ဦးက ပြော သည်။

=======================
251 / End