
‘‘ဘာသာတရားရဲ့ သွန်သင်ဆုံးမမှုများက လူသားတို့၏စိတ်နှလုံးကို ရင့်ကျက်သိမ်မွေ့စေပြီး ငြိမ်း အေးမှုကို ပေးစွမ်းနိုင်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်း ခေါင်းစဉ်ဖြင့် မေလ ၇ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သောအခမ်းအနားမိန့်ခွန်း ၌ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ထည့်သွင်းပြောကြားသည်။
ကိုးကွယ်မှု ဘာသာတိုင်း တွင် လူသားများအတွက် အကျိုး ဖြစ်ထွန်းစေမည့် အဆုံးအမတရားများ၊ လမ်းညွှန်ချက်များ၊ လိုက်နာရမည့် သွန်သင်ချက်များပါပြီး လူသားတို့၏ယဉ်ကျေးမှု၊ ဂုဏ် သိက္ခာစောင့်ထိန်းမှုများအပြင် လောကပါလတရားများ ထွန်း ကားစေရန် အချက်များလည်း အဓိကဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
ယင်းအတွက် ယနေ့ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များ သည် ဘာသာတရား၏အဆုံးအမ များကို လိုက်နာခံယူပြီး ညီညွတ် ငြိမ်းချမ်းသော လူ့ဘောင်ဘဝ တည်ဆောက်နိုင်ရေး၊ ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် လုံခြုံရေး ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
အထက်ပါဆွေးနွေးပွဲတွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူး ပြောင်းရေး၊ ပဋိပက္ခများ ချုပ်ငြိမ်း ကာ ငြိမ်းချမ်းရေးရရှိရေး၊ တံခါး ဖွင့်စီးပွားရေးစနစ်ဖြစ်ထွန်းရေး စသည့်အချက်များ ဆွေးနွေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအ တွင်း မတူကွဲပြားသောဘာသာအ ချင်းချင်း အပြန်အလှန်နားလည် ယုံကြည်မှုများထားပြီး တည်ငြိမ် အေးချမ်းသော လူနေမှုဘဝကို မြှင့်တင်ရန်၊ ဘာသာရေးပဋိပက္ခ များမဖြစ်ပွားစေရေး ကာကွယ် တားဆီးရန်၊ ပဋိပက္ခကြောင့် ဒုက္ခ ရောက်သူများကို အပြည့်အဝကူ ညီစောင့်ရှောက်ပြီး ပြန်လည်ထူ ထောင်ပေးနိုင်ရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများ တွင် မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၏ သွန်သင်ချက် များနှင့်အညီ အပြန်အလှန် လေး စားမှုနှင့် ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းသည်။
ယခုကဲ့သို့ ဆွေးနွေးပွဲများ အမြဲမပြတ် လုပ်ဆောင်ခြင်းဖြင့် ကိုးကွယ်ရာ ဘာသာတူသူများ အချင်းချင်း၊ ကိုးကွယ်ရာဘာသာ မတူညီသော ဘာသာဝင်များအ ချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ် ကြည်ရင်းနှီးစွာ အတူတကွ လက် တွဲနေထိုင်နိုင်စေရန်နှင့် ငြိမ်းချမ်း ရေးစိတ်ထားများ ပျံ့နှံ့ကိန်း အောင်းလာစေရန် အင်တိုက်အား တိုက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်နိုင်ရေးအပါအဝင် နိုင်ငံတော် ကြီးအေးချမ်းသာယာပြီး အမြန် ဆုံးခေတ်မီဖွံ့ဖြိုးတိုးတက်ပါစေ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆုတောင်းခဲ့သည်။
ယခုပြုလုပ်သည့် ဒုတိယအကြိမ်ဆွေးနွေးပွဲကို သင်္ဂဟဟို တယ်၌ မေလ ၇ ရက်မှ ၈ ရက်အ ထိ နှစ်ရက်ကြာ ကျင်းပနေသည်။
=======================
251 / End