၂၂ မေ ၂၀၁၉ - ၁၄:၁၇
ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်စတင်

မဟာမင်းကြီး ဖိလစ်ပိုဂရန် ဒီသည် သုံးရက်ကြာ ရခိုင်ပြည် နယ်မြောက်ပိုင်းခရီးစဉ်အတွင်း စစ်တွေ၊ မောင်တော၊ ဘူးသီး တောင်မြို့များရှိ ကုလသမဂ္ဂက အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို ကြည့်ရှုမည်ဖြစ် ပြီး နေပြည်တော်သို့ လာရောက် မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးတင်မောင်နိုင်က ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာမင်းကြီး ဖိလစ်ပိုဂရန် ဒီသည် သုံးရက်ကြာ ရခိုင်ပြည် နယ်မြောက်ပိုင်းခရီးစဉ်အတွင်း စစ်တွေ၊ မောင်တော၊ ဘူးသီး တောင်မြို့များရှိ ကုလသမဂ္ဂက အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို ကြည့်ရှုမည်ဖြစ် ပြီး နေပြည်တော်သို့ လာရောက် မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးတင်မောင်နိုင်က ပြော သည်။

‘‘နေပြည်တော်လာဖို့ရှိပါ တယ်။ တွေ့ဆုံဖို့ခွင့်တောင်းထား တဲ့လူကြီးတွေ အများကြီးရှိပါ တယ်’’ဟု ဒုတိယညွှန်ကြားရေး မှူးချုပ်က ဆိုသည်။

မစ္စတာဖိလစ်ပိုဂရန်ဒီသည် ၂၀၁၇ ဇူလိုင်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ပြီး  ယင်းခရီးစဉ်တွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ လူကယ်ပြန်ဝန်ကြီး  ဒေါက်တာဝင်းမြတ်အေး၊ လ၀က ၀န်ကြီး ဦးသိန်းဆွေနှင့် နယ်စပ် ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်တို့နှင့် တွေ့ဆုံခဲ့ သည်။

ယခုနှစ် ဇန်န၀ါရီပထမပတ် တွင် မြန်မာနိုင်ငံသို့ ဒုတိယအ ကြိမ်လာရောက်ရန် စီစဉ်သော်  လည်း ထိုစဉ်က ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေ၍ လုံခြုံ ရေးအခြေအနေကြောင့် ခရီးစဉ် ရွှေ့ဆိုင်းခဲ့သည်။

=======================
251 / End