၃၁ မေ ၂၀၁၉ - ၁၂:၅၅
အပစ်ရပ်စောင့်ကြည့်ရေးကော်မတီသို့ ထိုင်းသံရုံးက ကျပ်လေးသန်းခန့်လှူဒါန်း

ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)တွင် အ သုံးပြုရန် မြန်မာနိုင်ငံဆိုင်ရာထိုင်း နိုင်ငံသံရုံးက ထိုင်းဘတ်ငွေရှစ် သိန်း (ကျပ်လေးသန်းခန့်) လှူဒါန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)တွင် အ သုံးပြုရန် မြန်မာနိုင်ငံဆိုင်ရာထိုင်း နိုင်ငံသံရုံးက ထိုင်းဘတ်ငွေရှစ် သိန်း (ကျပ်လေးသန်းခန့်) လှူဒါန်းခဲ့သည်။

ယင်းသို့ ထိုင်းနိုင်ငံသံရုံး၏ ထောက်ပံ့လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ဂုဏ်ပြုလွှာကို မြန် မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအ မတ် Mrs. Suphatra Srimaitreephithak ထံသို့ မေလ ၂၉ ရက်တွင် သွားရောက်ပေးအပ် ခဲ့ကြောင်း JMC က သတင်းထုတ် ပြန်သည်။


ယင်းသို့လှူဒါန်းမှုသည် မြန် မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အားပေးထောက်ခံခြင်းနှင့် ပံ့ပိုးကူညီခြင်းဟု ယူဆကြောင်း ပြည်ထောင်စုအဆင့် JMC အဖွဲ့ ၀င်များကပြောသည်။

JMC ကို တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်လက်မှတ် ထိုးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများဖြစ်ပွားပါက ညှိနှိုင်း ဖြေရှင်းရန် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်နှင့် ဒေသအဆင့်ကော်မတီ များဖြင့် ဖွဲ့စည်းထားသည်။

JMC သို့ အိန္ဒိယနိုင်ငံက ချစ် ကြည်ရေးလုပ်ငန်းစဉ်တစ်ခုအနေ ဖြင့် ကျပ်သိန်း ၁၅၀ အထက်မှ သိန်း ၃၀၀ ခန့်ရှိ TATA Xenon အမျိုးအစားယာဉ် ၁၀ စီး၊ တရုတ် အစိုးရကလည်းတစ်စီးလျှင် ကျပ် သိန်း ၅၀၀ ကျော်တန်ဖိုးရှိယာဉ် ၁၀ စီးကို  ယမန်နှစ်ကလှူဒါန်းထား ပြီး ယခုနှစ်အတွင်း တောင်ကိုရီး ယားအစိုးရက မိုဘိုင်းတက်ဘ လက်အလုံး ၁၀၀ ကျော်အပါအ ၀င် ကော်မတီအတွက် အသုံးဝင် မည့်ပစ္စည်းအချို့ လှူဒါန်းထား သည်။

=======================
251 / End