
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်တို့သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ယမန်နေ့တွင် ပြော ကြားသည်။
‘‘ဒါကတော့ ကျွန်တော်တို့ ဝင်ပြီး အရွေးခံမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ အင်မတန်အရည် အချင်းရှိတဲ့သူတွေ ဆက်ပြီးတော့ တိုင်းပြည်အတွက် ကျွန်တော်တို့ သူတို့ရဲ့ လုပ်အားကို လိုအပ်ပါ တယ်’’ ဟု ဇွန်လ ၈ရက်ကနေပြည် တော်စည်ပင်ဧည့်ရိပ်သာ ဗဟိုအ လုပ်အမှုဆောင် အစည်းအဝေးအ ပြီးတွင် 7Day Daily သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားသည်။
သို့သော် ဝင်ရောက်ယှဉ်ပြိုင် မည့် မဲဆန္ဒနယ်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်းမရှိပေ။
‘‘သူတို့ဝင်ရောက်အရွေးခံ မယ့် မဲဆန္ဒနယ်မြေမှာတော့ မဲ ဆွယ်ခွင့်ရှိနေပြီ။ တစ်ပြည်လုံးအ နေနဲ့ မဲဆွယ်ဖို့ဆိုရင် အုပ်ချုပ်ရေး ရဲ့ထိပ်ပိုင်းတာဝန်တွေကို စွန့် လွှတ်မှပဲ သူတို့လုပ်နိုင်မှာပါ’’ ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြ သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် သမ္မတဦးဝင်းမြင့် သည် တာမွေမြို့နယ်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်မှ ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ကြိုတင်အသိပေးမှုအပေါ် သုံးသပ်ချက်များ
အာဏာရပါတီသည် နိုင်ငံ့ခေါင်းဆောင်များ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြိုတင်ကြေညာခြင်းသည် အခြားနိုင်ငံရေးပါတီများထက် ရွေးကောက်ပွဲရာသီကိုစော၍ စတင်နေသကဲ့သို့ ဖြစ်ကြောင်းတကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျုဒ် ဒါရိုက်တာအဖွဲ့ဝင် ဦးရဲမျိုးဟိန်းက သုံးသပ်သည်။
‘‘လက်ရှိ အင်န်အယ်လ်ဒီက ကျွန်တော်မြင်သလောက် ၂၀၂၀ ရွေးကောက်ပွဲအတွက် တော် တော်လေးကို အာရုံစိုက်နေတာ။ အာရုံပြန်စိုက်နေတာ တွေ့ရတယ်’’ဟု ၎င်းကဆိုသည်။
သို့သော် ပုံမှန်နိုင်ငံရေးဖြစ်စဉ်တွင် အာဏာရပါတီ၏ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအပေါ် မူတည်၍ ပြည်သူများက ယင်းပါတီကို ဆက် ရွေး၊ မရွေးကို ဆုံးဖြတ်လေ့ရှိပြီး အာဏာရပါတီကလည်း နိုင်ငံတော်နှင့် ပြည်သူအတွက် ပိုမိုအာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ဦးရဲမျိုးဟိန်းက ရှုမြင်သည်။
အာဏာရပါတီက ၎င်းတို့ပါတီ၏ ခေါင်းဆောင်နှစ်ဦးအနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခြင်းသည် အနည်းဆုံး နောက်သက်တမ်းတစ်ခု ဆက်၍ အာဏာရစေရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ကို ဖော်ပြလိုခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
‘‘ဒီလိုကြေညာလိုက်ပြီး နောက်ပိုင်းမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေ၊ စည်းရုံဆွေးနွေးမှုတွေ၊ နောက်ပြီး သူတို့ပါတီအတွင်းမှာ ရွေးချယ်မှုတွေစပြီး အခုအချိန်ကစပြီးတော့ ပြုလုပ်လိုက်တဲ့သဘောလို့မြင်ပါတယ်။ အားသာချက်ရအောင် လက်ဦးမှုယူလိုက်တဲ့ သဘောပါပဲ’’ဟု ၎င်းကပြော သည်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်မတူဘဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်များ၌ ထောက်ခံမှု သိသာစွာကျဆင်းမည့် အလားအလာရှိနေကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်သည်။
‘‘ဒီကနေ့ အထွေထွေအခြေအနေကို ထုတ်ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီဟာ တောင်ပြိုင်ကမ်းပြိုရနိုင်တဲ့ အနေအထား တော်တော်လေး အားနည်းသွားပြီ။ အဲဒါတစ်ခုကတော့ သူ့ရဲ့ အစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော်မှုတွေ၊ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အပြည့်အစုံအောင်မြင်မှုမရတဲ့အချက်ရယ်၊ နောက်တစ်ခုက အရင်တုန်းက သူနဲ့လက်တွဲလာတဲ့ တိုင်းရင်းသားပါတီတွေအားလုံးက သူ့ကို ဆန့်ကျင်တဲ့အနေအထား ဖြစ်တယ်။ တိုင်းတွေမှာနိုင်မယ်။ ပြည်နယ်တွေမှာ အရင်ကထက် ထောက်ခံမဲအားနည်းမယ်။ သိသာတဲ့အနေအထား။ အဲဒီအတွက် ဖာထေးပြုပြင်ဖို့အတွက် အချိန်ယူပြင်ဆင်လိုက်တဲ့ သဏ္ဌာန်တစ်ခုလို့မြင်တယ်’’ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
မတရားသဖြင့်
အနိုင်ယူမည်မဟုတ်
၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတမှုဖြစ်ရေး အစွမ်းကုန်ကြိုး စားမည်ဖြစ်ပြီး မတရားသောနည်း လမ်းဖြင့် နိုင်ခြင်းထက် တရားသ ဖြင့် ရှုံးနိမ့်ခြင်းကို လက်ခံမည့်မူ ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
‘‘ရွေးကောက်ပွဲမှာ မသမာ တဲ့နည်းနဲ့ အနိုင်ရအောင်လုံးဝ ကြိုးစားမှာ မဟုတ်ပါဘူး။ ပြည် သူတွေရဲ့ ရင်ထဲကဆန္ဒမဲကိုရ အောင် ဥပဒေနဲ့အညီ နည်းလမ်း အားလုံးနဲ့ ကျွန်တော်တို့အစွမ်း ကုန် ကြိုးစားမှာပါ’’ ဟု ၎င်းက ကတိပြုပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင် တွင် ဒီချုပ်ပါတီ၏ အမာခံလူများ ကို ထည့်သွင်းထားခြင်းမဟုတ်ဘဲ ယခင်လူဟောင်းများဖြင့်သာ ဖွဲ့ စည်းထားပြီး ကော်မရှင်ကို သမာ သမတ်ရှိသည့်အဖွဲ့အစည်း ဖြစ် စေလိုကြောင်း ၎င်းကပြောသည်။
ဆက်လက်၍ ပြည်သူလူထု၊ ပါတီဝင်များနှင့်ဆက်ဆံရာတွင် အဆင်မပြေမောက်မာသူများနှင့် ပူးတွဲဆောင်ရွက်မှု မရှိသူများ အ လုပ်အမှုဆောင်အဖွဲ့နှင့် ဆက်ဆံ ရေး အဆင်မပြေသူများ၊ အုပ်ချုပ် ရေးပိုင်းကို ဝင်ရောက်စွက်ဖက်သူ အကြောင်းရင်းများကြောင့် ကိုယ် စားလှယ် ၄၅ ဦးကျော် အရေး ယူထားကြောင်း ပါတီပြောရေးဆို ခွင့်ရှိသူက ပြောသည်။
‘‘စည်းကမ်းထိန်းသိမ်းရေး အရ အရေးယူထားတဲ့ လွှတ် တော်ကိုယ်စားလှယ်တွေကိုတော့ ကျွန်တော်တို့ ပြန်ပါလာမှာ မဟုတ် တော့ပါဘူး။ ကျွန်တော်တို့ ဒါကို တင်းတင်းကျပ်ကျပ်ကို စီစဉ်မှာ ပါ’’ ဟု ၎င်းကပြောသည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာအ တွင်း ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားသည်။
=======================
251 / End