အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မယ်လို့ အတိုင်ပင်ခံရုံးက အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)ရဲ့ ဖိတ်ကြားချက်အရ (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့အတွက် မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဆီယံထိပ်သီး အစည်းအဝေးကို ဇွန်လ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
=======================
251 / End
၁၉ ဇွန် ၂၀၁၉ - ၁၈:၅၈
News ID: 952809
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မယ်လို့ အတိုင်ပင်ခံရုံးက အတည်ပြု သတင်းထုတ်ပြန်ပါတယ်။