၂၁ ဇွန် ၂၀၁၉ - ၁၉:၁၈
အာဆီယံထိပ်သီးအစည်းအဝေး တက်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အာဆီယံ ထိပ်သီးအစည်း အဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို နေပြည်တော် အပြည် ပြည်ဆိုင်ရာ လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက် ခွာသွားတယ်လို့ နိုင်ငံခြားရေးဌာနကထုတ်ပြန်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ ထိပ်သီးအစည်း အဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့မှာ ဇွန် ၂၂ရက်ကနေ ၂၃ရက်အထိ ကျင်းပမယ့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်အပါအ၀င် အစိုးရ အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားပါတယ်။

=======================
251 / End