၅ ဇူလိုင် ၂၀၁၉ - ၁၆:၂၄
အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အပစ်ရပ်အဖွဲ့များအကြား ညှိနှိုင်းမည်

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်ဆို့နေမှုများကို အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ထိုး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြားညှိနှိုင်း ဆွေး နွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်၌ နှစ်ရက်ကြာကျင်း ပ မည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


  ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်ဆို့နေမှုများကို အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ထိုး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား ညှိနှိုင်းဆွေး နွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်၌ နှစ်ရက်ကြာ ကျင်းပမည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ယနေ့ (ဇူလိုင် ၅ ရက်)က စ၍ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)လည်း တက်ရောက်ဖွယ်ရှိ ကြောင်း ၎င်းက ဆိုသည်။ KNU သည် အပစ်ရပ်အဖွဲ့များ၏ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်စေလွှတ် ခြင်းမရှိသည်မှာ နှစ်ကြိမ်ထက် မနည်းရှိသည်။

‘‘အခု မနက်ဖြန်၊ သန်ဘက် ခါလုပ်မယ့် အလုပ်အဖွဲ့အစည်း အဝေးက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့မှုတွေကို ကျော်လွှားရေး ကိစ္စ၊ အဲဒီကိစ္စတွေကို ကျွန်တော်တို့ အသေးစိတ်ပြန်ဆွေးနွေးမှာ ဖြစ်တယ်။ အကယ်၍ အဲဒီအလုပ်အဖွဲ့ကနေ အသေးစိတ်မူတွေ၊ ဘာတွေ ရလာပြီဆိုရင် ကျွန်တော် တို့က PPST အစည်းအဝေးကို ပြန်ခေါ်မယ်။ ခေါ်ပြီး ပြန်တင်ပြမယ်။ အတည်ပြုချက်ရယူမယ်။ ကျွန်တော်တို့က တစ်ဖက်က အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမယ့် ဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းမယ်။ ပြီးမှပဲ ရလာတဲ့ အချက်အလက်တွေကို သယ် ဆောင်သွားပြီးတော့ အစိုးရနဲ့ ဆွေးနွေးဖို့ရှိတယ်’’ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် တစ်နှစ်ခန့် ရပ်တန့်နေသည့် ငြိမ်း ချမ်းရေး  လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည် အစပြုနိုင်ရေးနှင့် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံကို ယခုနှစ်အတွင်း ကျင်းပနိုင်ရေးဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။

NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် ဇူလိုင် ၃ ရက်ကလည်း ရန်ကုန်မြို့၌ တွေ့ဆုံ၍၂၁ ရာစုပင်လုံ ယခုနှစ်အတွင်း ကျင်းပနိုင်ရေးအပါအ၀င် ရှေ့ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍငါးခုဖြစ်သော နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။

၂၀၁၈ ဇူလိုင်က ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအပြီးတွင် ဆွေးနွေးရေးလုပ်ငန်းများ၌ မပြေလည်မှု များ ဖြစ်ပွားခြင်းကို အကြောင်း ပြု၍ ကရင်အမျိုးသားအစည်းအ ရုံး (KNU) က ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင် အစည်းအဝေးများ၌ ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့သည်။ ထို့ကြောင့် NCA အရ ကျင်းပရမည့် ၂၁ ရာစုပင်လုံ အပါအ၀င် နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆိုင်ရာ တရားဝင် အစည်းအဝေး များ မကျင်းပနိုင်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေခဲ့သည်မှာ ကိုးလခန့်ရှိပြီဖြစ်သည်။

=======================
251 / End