
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ် နိုင်ငံ ကရ်ဗလာမြို့တော် ရှိမရ်ဂျာတစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် သကီ မိုသရေစီမှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိန်နီ ၏ ကွယ်လွန်မှု အတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာ တစ်စောင် ထုတ်ပြန် ခဲ့ပြီး ဝမ်းနည်း ကြေကွဲ ရကြောင်း မိန့်ကြား ခဲ့ပါတယ်။
ဝမ်းနည်း ကြောင်း သဝဏ်လွှာ ၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ။
بسم الله الرحمن الرحيم
(الَّذِينَ إِذَا أَصَابَتْهُمْ مُصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ)
နှလုံးသားကို ထိခိုက်စေသည့် သတင်း ၊ အာလင်မ် ၊ ဖကီဟ် မရ်ဂျာယေ သက္က်လီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိန်နီ ရှရှုဒီ ၏ အလ္လာဟ် အမိန့်တော် ခံယူသည့် သတင်းသည် ဝမ်းနည်းပူဆွေးမှု ဝမ်းနည်းကြေကွဲမှု ကို ဖြစ်စေခဲ့ပါတယ်။
မရ်ဟွန်မ်မဂ်ဖူရ် သည် ဟောင်ဇေအေလ်မေယေ၏ အကျော်အမော် ဆရာများမှ တစ်ပါးဖြစ်ပါတယ်။ ဤငြိုငြင် ဝမ်းနည်းဖွယ် သတင်း အတွက် ဟောင်ဇေအေလ်မီယေ နှင့် မရ်ဟွန်မ် ၏ကျန်ရစ်သူ မိသားစု အား ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ကျန်ရစ်သူမိသားစု ဝင်များ အားလုံးကို အလွန်တရာ သည်းခံနိုင်စွမ်းအား နှင့် ကြီးမားသည့် ဆုချီးမြှင့်မှုကို ဆွတ်ခူး နိုင်စေ ရန် ဒိုအာ ပြုပါတယ်။
အလ္လာဟ်ဟို အရှင်မြတ် သခင်အနေဖြင့် မရ်ဟွန်မ် ၏ အဆင့် ကို မြင့်မား စွာ ထားတော်မူပြီး မဟာတမန်တော်မြတ် ကြီး (ဆွ) နှင့် မအ်စူးမ် အေမာမ် ၁၂ ပါး (အ.စ) တို့ နှင့် အတူ ဂျန္နသ် တွင် ပြန်လည် ၍ ရှင်သန် စေတော်မူပါစေ။
မိုဟမ္မဒ် သကီ မိုသရေစီ
ဇေလ်ကိုင်ဒါဟ်လမြတ် ၅ ရက် ဟီဂျရီ သက္ကရာဇ် ၁၄၄၀
================
251 / End