
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Rasa သတင်းဌာန ၏ သတင်းအထောက်အထားများအရ အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံတော် ၏ သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ တွင် သီတင်းသုံး နေထိုင်နေသည့် မရ်ဂျာယေသက္က်လီးဒ် တော်များမှ တစ်ပါးဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ပိုင်ဂန်နီ အနေဖြင့် နိုင်ငံတကာ ဆိုင်ရာ ဂျမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယာ တက္ကသိုလ် ကျောင်းတော် ကြီး ၏ ကျောင်းအုပ်ကြီးနှင့် အပေါင်းအပါများနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အာယာသွလ္လာဟ် ကြီးအနေဖြင့် ဂျမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယာ တက္ကသိုလ် ကျောင်းတော်၏ အစီအစဉ် ကိုကျေးဇူးတင်ကြောင်း နှင့် ဤကျောင်းတော်၏ ကြိုးပမ်းအားထုတ်မှု ကို တန်ဖိုးထားကြောင်း မိန့်ကြားခဲ့ပါတယ်။ ဂျမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယာ တက္ကသိုလ် ကျောင်းတော်၏ အစီအစဉ်သည် အလွန်ကြီးမားကြောင်း ၊ကျယ်ပြန့်ကြောင်း ခေါင်းစဉ် မှန်သမျှပါဝင်နေကြောင်း မျှော်လင့်မှု ထားရသည့် အစီအစဉ်ဖြစ်ကြောင်း ၊ ဂုဏ်ယူထိုက်ကြောင်း ၊အခုလို အချိန်အခါ အခွင့်ရခိုက် တက္ကသိုလ်ကြီး အနေဖြင့် အစ္စလာမ်သာသနာတော်ကြီး တိုးတက် စေမည့် လမ်းကို အလေး ပေး ခြေလှမ်းသင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ပိုင်ဂန်နီ အနေဖြင့် - ကွမ်းမြို့တော် သည် အသိပညာ ၏ ဗဟိုဌာနချုပ် နှင့် အသိပညာကို နားလည်စေဖို့ အရင်းအမြစ်များရှိသည့် မြို့တော် ဖြစ်ကြောင်းပြဆိုထားသည့် ရီဝါယသ်တော် အားညွှန်း၍ မိန့်ကြားသည်မှာ -
"یفیض العلم منه الی سائر البلاد"သည် အရေးကြီး ကိစ္စ ဖြစ်ကြောင်း ၊ ကွမ်းမြို့တော် သည် ကမ္ဘာ ပေါ်တွင် အသိပညာ နှင့် အစ္စလာမ်ဘာသာကို နားလည်မှု ပေးဆောင် သည့် ပင်းမ ဌာနချုပ် ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟောင်ဇေအေလ်မေယေ ကွမ်း မှ ကျောင်းပြီးသွားသူများအနေဖြင့် အသိပညာ နှင့် အစ္စလာမ် တရားတော်ကို ငတ်နေသူများကို ဝလျင်အောင် တိုက်ကျွေးမှု ပြုရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ ပါတယ်။
၎င်းမှဆက်လက်ပြီး အတိတ်က အိုလမာ၏ အလုပ်အကျွေးပြုခဲ့မှုများကို ညွှန်း၍ မိန့်တော်မူသည်မှာ - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ဗရူဂျိုရ်ဒီ (ရ.ဟ) ကဲ့သို့ ကြီးမားသည့် အာလင်မ်ကြီး များ (အိုလမာ ) အနေဖြင့် ကမ္ဘာ့ အတွက် ကြီးမားသည့် ဝန်ဆောင်မှုများခေသ်များ ပြုပေးခဲ့ကြောင်း ပမာမဲ့ အလုပ်အကျွေးများ ပြုပေးခဲ့ကြောင်း မိန့်ကြားခဲ့ ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ဗရူဂျိုရ်ဒီ (ရ.ဟ) အနေဖြင့် အစ္စလာမ် နှင့် ဝေလာယသ် သေ အဲဟ်လေ့ဘိုက်သ် (အ.စ) ကို ကမ္ဘာ အရှေ့ ဝယ် ချပြလိုသည့် ဆန္ဒ ရှိ ကြောင်း အလ်ဟမ်ဒိုလစ်လ္လာဟ် … ၎င်း၏ ဆန္ဒ ကို ဂျမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယာ တက္ကသိုလ် ကျောင်းတော်ကြီး အနေဖြင့် အတော်အတန် ဖြည့်စီးပေးနေပြီး ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ပိုင်ဂန်နီ အနေဖြင့် - မိမိ၏ မိန့်ခွန်း၏ ဒုတိယ ပိုင်းတွင် အီရန်နိုင်ငံ တွင် နိုင်ငံခြား သာသနာ့ ကျောင်းသား၊ကျောင်းသူများ ရှိနေသည့် ကိစ္စ နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ - ဤကိစ္စ သည် ကျွန်ုပ်တို့အားလုံး အတွက် ဂုဏ်ယူထိုက်ကြောင်း အစ္စလာမ် နိုင်ငံများ ယုတ်စွ ဥရောပ နိုင်ငံများမှ ကျောင်းသား၊ကျောင်းသူများ သာသနာ့ပညာ နှင့် အစ္စလာမ် ဘာသာကို နားလည် ရန် အတွက် ဟောင်ဇေအေလ်မီယေ ကွမ်း သို့ လာ ရောက် ကြကြောင်း ပြီးနောက် အူလူးမ်မေကုရ်အာန် နှင့်အဲဟ်လေ့ဘိုက်သ် (အ.စ) ကို ဆည်းပူးပြီး နောက် ကမ္ဘာပေါ်ရှိ အမှန်တရားကို လိုလားနေသူများ ၊ နာမ်ပိုင်းဆိုင်ရာ နှင့် အစ္စလာမ် ဘာသာကိုနားလည် သဘောပေါက်မှု ပိုင်းဆိုင်ရာ ကိုလိုလားနေသူများ၏ ဆန္ဒကို ဖြည့်စီးပေးကြရန် မိန့်ကြားခဲ့ပါတယ် ။
အာယာသွလ္လာဟ် ကြီးအနေဖြင့်ဤတွေ့ဆုံမှု ၏ အဆုံးတွင် ဤကြီးမားသည့် အစ္စလာမ့် တက္ကသိုလ် နှင့် ပတ်သက်နေသူများ အတွက် အောင်မြင်မှု ရရှိစေရန်ဒိုအာ ပြုပေးကြောင်း အင်န်ရှာအလ္လာဟ် … ဤကျောင်းတော် ၏ အဲဟ်လေ့ဘိုက်သ် (အ.စ) ၏ အဲဟ်ကာမ် နှင့်အစ္စလာမ်သာသနာတော်ကို ပြန်လည် ရှင်သန်စေ မည့် ကြိုးပမ်း မှု အားလုံးသည် အေမာမ် ဇမာန်း (အဂျ) သခင်ကြီး ၏ ကျေနပ် သဘောကျမှုကို ဖြစ်စေမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
=====================
251 / End