အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံး အ ပစ်ရပ်သဘောတူညီချက် (NCA) ကိုလာမည့်နှစ်လအတွင်း လက် မှတ်ရေးထိုးနိုင်ရန် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) အား ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံ ပေးဦးလှမောင်ရွှေက ပြောသည်။
‘‘ဒီစက်တင်ဘာ၊ အောက် တိုဘာမှာ ရေးထိုးနိုင်မယ်လို့ မျှော်လင့်တာပေါ့။ တကယ်တမ်း ကတော့ ဆောင်ရွက်ကြည့်ရမှာ ပဲ’’ ဟု ဦးလှမောင်ရွှေကဆိုသည်။
ဇူလိုင် ၁၇ ရက်က နေပြည် တော်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် KNPP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည်ပြော သည်။ NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန် အစိုးရ၏ အဆိုပြုချက် ကို လက်ခံရရှိထားသည်ဟု က ရင်နီအမျိုးသား တိုးတက်ရေးပါ တီ (KNPP) ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက အတည်ပြုသည်။
‘‘အစိုးရဘက်က အဆိုပြု ထားတာတော့ တစ်ခုရှိတယ်။ စက်တင်ဘာ၊ အောက်တိုဘာ ဒါ မှမဟုတ် NCA နှစ်ပတ်လည်လို မျိုးမှာ KNPP အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သူတို့လည်း မျှော်လင့်ချက်ရှိတယ် ဆိုပြီး အဆိုပြုထားတာရှိတယ် ပေါ့နော်။ အဲဒါကိုလည်း ကျွန် တော်တို့ လက်ခံရရှိတယ်။ ယူ သွားပြီးတော့ သက်ဆိုင်ရာခေါင်း ဆောင်တွေနဲ့ ဗဟိုကော်မတီဝင် တွေနဲ့ ဆွေးနွေးပြီးတော့ သဘော ထားယူဖို့ရှိပါတယ်’’ ဟု နဲနယ်ပ လိုးက ပြောသည်။
NCA တွင်ပါဝင်လက်မှတ်မ ရေးထိုးနိုင်မီ အပစ်ရပ်စဲရေးနှစ် ဖက်သဘောတူညီချက် (Bilateral Agreement) များကို ဆက် လက်အကောင်အထည်ဖော်လို ကြောင်းနှင့် လက်ရှိတွင် NCA လက်မှတ်ရေးထိုးနိုင်ရေး အ ကောင်အထည်ဖော်မှု ကဏ္ဍအ ပြင် မြေပြင်တွင်ဖြစ်ပျက်နေသည့် ပြဿနာများကလည်း လက် မှတ်ရေးထိုးနိုင်မည့် အခင်းအ ကျင်းမျိုး မရှိသေးဟု နဲနယ်ပလိုး က ဖြည့်စွက်ပြောကြားသည်။
‘‘အခု NCA လက်မှတ်ရေး ထိုးနိုင်ဖို့က NCA ကိုအကောင်အ ထည်ဖော်မှုက တစ်ကဏ္ဍ။ ပြီး တော့ ကျွန်တော်တို့ မြေပြင်မှာဖြစ် နေတာကလည်း တစ်မျိုး။ အဲဒီလို အခြေအနေက NCA ကိုလက် မှတ်ရေးထိုးစေနိုင်မယ့် အခင်းအ ကျင်းမျိုး မဖြစ်သေးဘူးဖြစ်နေ တာ။ အဲဒီခံစားချက်၊အဲဒီပြဿနာ က KNPP တစ်ဖွဲ့တည်းပဲမဟုတ် ဘူး။ မထိုးရသေးတဲ့ အဖွဲ့တွေက လည်း အဲဒီလိုအနေအထားရှိ တယ်လို့ ကျွန်တော်တို့အဲဒီလိုယူ ဆတယ်။ ဆိုတော့ အခြေအနေ တစ်ခုပေါ်လာဖို့အတွက်၊ အခင်း အကျင်းကောင်းလေးတစ်ခုပေါ် လာဖို့အတွက် KNPP လည်း ပုံ မှန်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် သွားနေပါတယ်’’ ဟု နဲနယ်ပလိုး က ဆက်လက်ပြောကြားသည်။
အပစ်ရပ်စဲရေး နှစ်ဖက် သဘောတူညီချက် (Bilateral Agreement) အရ လာမည့် ဇူလိုင် ၂၀ ရက်၌ ပြည်နယ်အဆင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု နဲနယ်ပလိုးက ပြောသည်။
=======================
251 / End