၁၉ ဇူလိုင် ၂၀၁၉ - ၁၅:၄၁
ရန်ကုန်မြို့အာဇာနည်နေ့အခမ်းအနားသို့တပ်ချုပ်တက်ရောက်

ရန်ကုန်မြို့ အာဇာနည် ကုန်း၌ ကျင်းပမည့် (၇၂)ကြိမ် မြောက် အာဇာနည်နေ့အခမ်းအ နားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဟု တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အတည်ပြု သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြို့ အာဇာနည် ကုန်း၌ ကျင်းပမည့် (၇၂)ကြိမ် မြောက် အာဇာနည်နေ့အခမ်းအ နားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် တက်ရောက်မည်ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အတည်ပြု သည်။
 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်ဖြစ်၊ မဖြစ် အစောပိုင်းက ယတိပြတ်ပြော ကြားခြင်းမရှိဘဲ တပ်မတော်မှ အကြီးအကဲတစ်ဦး တက်ရောက် မည်ဟုသာ စာရင်းပေးထားပြီး အာဇာနည်နေ့မတိုင်မီ နှစ်ရက် အလိုတွင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကိုယ်တိုင် တက် ရောက်မည်ဟု တပ်မတော်က အ တည်ပြုသည်။
ပြီးခဲ့သည့် နှစ်များကလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် တက်ရောက်ခဲ့သည် ကို တွေ့ရသည်။
အာဇာနည်ကုန်း၌ ကျင်းပ မည့် အခမ်းအနားသို့ ပြည်ထောင် စုအစိုးရကိုယ်စားပြု၍ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ တက် ရောက်မည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်နှင့် ပြည်ထောင်စု တရားသူကြီး ချုပ် ဦးထွန်းထွန်းဦးတို့ တက် ရောက်မည်ဖြစ်သည်။
 ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် နိုင်ငံတော်အဆင့်ကို ကိုယ်စားပြု၍ တက်ရောက်မည် မဟုတ်ဘဲ အာဇာနည်မိသားစုဝင် အဖြစ် တက်ရောက်မည်ဖြစ် သည်။
 ယခင်သမ္မတများကဲ့သို့ သမ္မတ ဦးဝင်းမြင့်သည် အာဇာ နည်ကုန်း၌ ကျင်းပမည့် အခမ်းအ နားသို့ တက်ရောက်မည်မဟုတ် ဘဲ နေပြည်တော်၌ အာဇာနည် နေ့ အထိမ်းအမှတ်အဖြစ် ဆွမ်း ကပ်လှူဒါန်းပွဲ ပြုလုပ်မည်ဖြစ် သည်။

=======================
251 / End