၂၁ ဇူလိုင် ၂၀၁၉ - ၁၅:၅၁
 ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် လာရောက်စဉ် ကျောင်းသားအချို့ ဆန္ဒပြ  ဆဲဗင်းဇူလိုင်လမ်းလျှောက်ချီတက်မှု တရားဥပဒေစိုးမိုးရေးနှင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၂၀ ရက်က ရန်ကုန်တက္ကသိုလ်သို့ လာရောက်စဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်သော ကျောင်းသား ၂၀ ဦးခန့်က ဆန္ဒထုတ်ဖော်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၂၀ ရက်က ရန်ကုန်တက္ကသိုလ်သို့ လာရောက်စဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်သော ကျောင်းသား ၂၀ ဦးခန့်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်အကြီးအကဲအဖြစ် ကတိခံယူပြီးနောက် ရန်ကုန်တက္ကသိုလ် ကံ့ကော်ဥယျာဉ်တွင် အမှတ်တရသစ်ပင် စိုက်ပျိုးရန် လာရောက်စဉ် ကျောင်းသားများက ကံ့ကော် ဥယျာဉ်ရှေ့၌ ကြိုတင်စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆဲဗင်းဇူလိုင်နေ့က ချီတက် လမ်းလျှောက်မှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံ ထားရသော ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရန်၊ မတရား ဖမ်းဆီးခံထားရသော မန္တလေး တိုင်းဒေသကြီး အောင်သပြေ ကျေးရွာမှ ကိုးတန်းကျောင်းသား လွတ်မြောက်ရန်၊ ဖိနှိပ်သော အ ဆောင်စည်းကမ်းများ ချက်ချင်း ဖျက်ရန်၊ ကျောင်းသူများ လိင်အ ကြမ်းဖက်ခံနေရခြင်းကို ဖြေရှင်း ပေးရန်၊ တက္ကသိုလ် ရာပြည့်အ ကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစား လေနဲ့ဟူသည့် ဆိုင်းဘုတ်များ ကိုင်ကာ ဆန္ဒဖော်ထုတ်တောင်း ဆိုခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်နေသူများ ကိုင်ဆောင်ထားသော တောင်းဆို ချက် ဆိုင်းဘုတ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခေတ္တ ရပ်ကာ ဖတ်ကြည့်ပြီးနောက် ‘‘မတရားအဖမ်းခံထားရတာ မှန် ရင်တော့ လွှတ်မှာပေါ့’’ဟု ပြောခဲ့ ပြီး ပြန်လည်ထွက်ခွာခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ခွာ သွားပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများထံ လာရောက် ကာ ဆဲဗင်းဇူလိုင် ချီတက်မှု ကြောင့် ငြိမ်းစုစီဖြင့် တရားစွဲဆို ထားမှုနှင့် ပတ်သက်ပြီး ငါးမိနစ် ခန့် ပြောဆိုညှိနှိုင်းခဲ့သည်။

‘‘ဒီမိုကရေစီလုပ်တယ်ဆိုတဲ့ အခြေအနေမှာ ဆန္ဒထုတ်ဖော်ပိုင် ခွင့်ရှိတယ်။ ဆန္ဒထုတ်ဖော်နိုင်ဖို့ အတွက် ဒီမိုကရေစီတောင်းခဲ့ တာ။ ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ဆန္ဒထုတ်ဖော်ရမယ့်၊ လိုက်နာ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ် နည်းလေးကို ဒါနဲ့ပတ်သက်ပြီး တော့လည်း ငြိမ်းစုစီပြင်ပေးပါဆို လို့ ပြင်လိုက်တာ။ ယခင်တုန်းက ငြိမ်းစုစီက ခွင့်ပြုမိန့်လို့သုံးတယ်။ အခုက အသိပေးအကြောင်းကြား မှုတော့ လုပ်ရမယ်။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးမှုမရှိရင် ဒီမိုက ရေစီ ထူထောင်လို့ မရဘူး။ ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ပြီး ဒီအခမ်းအ နား၊ ဒီအထဲမှာ ဘာကိုမှ မပြော ဘူး။ ဒါပေမဲ့ စီတန်းလှည့်လည် ဆောင်ရွက်မယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့အညီ ဆောင် ရွက်စေချင်တယ်’’ဟု ဦးဖြိုးမင်း သိန်းက ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများကို ပြောကြားသည်။ နှစ်စဉ် ဆဲဗင်းဇူလိုင်ချီတက် လမ်းလျှောက်မှုများကို ငြိမ်းစုစီ မတင်ဘဲ လုပ်ခဲ့သော်လည်း ယခုနှစ်မှ တရားစွဲဆိုခြင်းအပေါ် ကျောင်းသားများက တန်ပြန်မေး ခွန်းထုတ်ခဲ့သည်။

ဦးဖြိုးမင်းသိန်းက ‘‘နှစ်တိုင်း နှစ်တိုင်းမှာ ရဲစခန်းကနေ သူ့မြို့ နယ်ကို ဖြတ်တယ်ဆိုတာနဲ့ ငြိမ်းစု စီဖွင့်တာပဲ။ ထိန်းသိမ်းမှုယူခြင်း၊ မယူခြင်းဆိုတဲ့ Issue လေးပဲ ကွာ တာ။ မြို့နယ်တစ်မြို့နယ်ကို အခု ဒီတိုင်းတောင် မဟုတ်ဘူးနော်။လှိုင်ကို ဖြတ်သွားတယ်။ ကမာ ရွတ် ရောက်သွားတယ်ဆိုရင် ကမာရွတ်ကို ထပ်ဖွင့်တာပဲ။ ဒါနဲ့ပတ်သက်ရင် ဒီငြိမ်းစုစီအမှုတွေနဲ့ ပတ်သက်ရင် Issue တွေကို ညီလေးတို့ဘက်ကို နားလည်စေချင်တယ်’’ဟု ပြန်လည်ဖြေကြားခဲ့ သည်။

ယခင်နှစ်များက အမှုမဖွင့် ဘဲ ယခုနှစ်တွင် အမှုဖွင့်ခြင်းနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှူး ရဲမှူးသိန်းဟန်က ‘‘ဒီ နှစ်မှာ ဘာလို့ အမှုဖွင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ်က မြောက်ဥက္ကလာ ဆေး-၂ က တစ်ဖွဲ့က လျှောက် တယ်။ လာလျှောက်တော့ ကျွန် တော်တို့ ဆက်တင်ပေးလိုက် တယ်။ ဘာပဲပြောပြော နှစ်ဖွဲ့၊ သုံးဖွဲ့လောက်လုပ်တယ်။ တစ်ဖွဲ့ လောက်က စီတန်းလှည့်လည် မယ်လို့ အကြောင်းကြားထား တယ်ဆိုရင် ခွင့်ပြုလို့ရတာပေါ့ နော်။ ဒီနှစ်ကတော့ လုံးဝကို အသိပေးအကြောင်းကြားတာမရှိဘဲနဲ့ ဒီတိုင်းလုပ်သွားတာ။ အဲဒါ ကြောင့်ပါ’’ဟု ပြောသည်။

(၅၇)နှစ်မြောက် ဆဲဗင်း ဇူလိုင်နေ့ အောက်မေ့ဖွယ်အဖြစ် ဇူလိုင် ၇ ရက် နံနက်တွင် ဗကသ များအဖွဲ့ချုပ် ကျောင်းသားမျိုး ဆက်များ၊ ကျောင်းသားအရေး လှုပ်ရှားသူများက စိုက်ပျိုးရေး မှတ်တိုင်မှ သမဂ္ဂအဆောက်အအုံ ဟောင်းနေရာ၊ ဆင်ရေတွင်းမှတ် တိုင်မှ သမဂ္ဂအဆောက်အအုံ ဟောင်းနေရာသို့ ချီတက်လမ်း လျှောက်ခဲ့သည်။ စိုက်ပျိုးရေးမှတ် တိုင်မှ ချီတက်လမ်းလျှောက်သူ များသည် ‘‘မတရားဖမ်းဆီးချုပ် နှောင်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို ချက်ချင်း လွှတ်’’၊ ‘‘ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ’’၊ ‘‘၇.၇.၆၂ မမေ့ကြ နှင့်’’၊ ‘‘စစ်တစ်ပိုင်းအစိုးရ၏ ရခိုင် ဒေသခံပြည်သူများ မတရားဖမ်း ဆီးသတ်ဖြတ်နေမှုများ ချက်ချင်း ရပ်’’ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)များ စုစည်းကာ တံတားဖြူကန်ပေါင်မှ သမဂ္ဂအဆောက် အအုံဟောင်းနေရာသို့ ချီတက် လမ်းလျှောက်ပြီး လွမ်းသူ့ပန်းခွေ ချခြင်း၊ သမဂ္ဂအလံတော်လွှမ်းခြုံ ခြင်း၊ အလေးပြုခြင်းများ ပြုလုပ် ခဲ့သည်။

လမ်းလျှောက်ချီတက်ခဲ့ သော ဗကသနှင့် တကသ အဖွဲ့ နှစ်ဖွဲ့မှ ဦးဆောင်သူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရှစ်ဦးကို ကမာ ရွတ်နှင့် လှိုင်မြို့နယ်ရဲစခန်း စခန်းမှူးများက တရားလိုလုပ်ကာ ဇူလိုင် ၁၂ ၊ ၁၄ ရက်တို့တွင် ငြိမ်းစု စီပုဒ်မ ၁၉ ဖြင့် တရားစွဲထား သည်။ ဒဂုံတက္ကသိုလ် ကျောင်း သားသမဂ္ဂမှ ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့က အာမခံ မယူ၍ အင်းစိန်ထောင်တွင် ဖမ်း ဆီးထားပြီး ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ခြောက်ဦးကို အာမခံဖြင့် လွှတ်ပေးခဲ့သည်။

‘‘ဆဲဗင်းဇူလိုင်ချီတက်မှုက ဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် တရားစွဲလို့ရတယ်။ 19 July က တစ်နိုင်ငံလုံး ခွင့်ပြု ချက်ရထားတဲ့အတွက် လုပ်လို့ရ တယ်။ ဒါဟာ ဥပဒေကို သူတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ လို ချင်တဲ့ပုံစံအတိုင်း လုပ်လို့ရ တယ်ဆိုတာ ပြလိုက်တာပဲ’’ဟု ဆဲဗင်းဇူလိုင်ချီတက်မှုဖြင့် တရား စွဲခံရသည့် မအိသီရိကျော်က ဆို သည်။

=======================

251 / End