
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်မြောက်ဦး မြို့နယ် တိမ်ညိုရွာအနီး ပစ်ခတ် ခံရ၍ ဦးခေါင်းကျည်ထိမှန်ခဲ့သော အမျိုးသားတစ်ဦး မြောက်ဦးဆေး ရုံ၌ ဆေးကုသမှုခံယူနေစဉ်ဇူလိုင် ၂၄ ရက်တွင် သေဆုံးခဲ့သည်။
အသက် (၂၀) ကျော်အရွယ် ရှိ တောင်မြင့်ရွာသား ကိုဘိုသန်း ထွန်းသည် ဇူလိုင် ၂၃ ရက်က တောင်မြင့်ရွာမှ ပေါက်ပင်ကွင်း ရွာရှိ လယ်သို့စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်ရန် လှေဖြင့်သွား ရောက်စဉ် တိမ်ညိုရွာအနီး၌ ကျည်ထိမှန်ခြင်းဖြစ်သည်။
‘‘ပေါက်ပင်ကွင်းဘက်မှာရှိ တဲ့လယ်မှာ စပါးကြဲမယ်ဆိုပြီး စက်လှေနဲ့သွားတာ။ အဲဒါကိုတိမ် ညိုနားမှာရှိတဲ့ ထောက်ပို့တပ်က နေပြီးတော့ လှမ်းပစ်လိုက်တာလို့ ပြောတယ်။ ဦးခေါင်းမှာ ကျည်မှန် ပြီး ဒဏ်ရာရသွားတယ်။ အဲဒါကို မနေ့က တိမ်ညိုတိုက်နယ်ဆေးရုံ မှာကုတယ်။ နောက်တော့ ဒဏ် ရာပြင်းလို့ မြောက်ဦးဆေးရုံကို ယူသွားတယ်။ မြောက်ဦးဆေးရုံ ကနေစစ်တွေကို ပြောင်းဖို့စီစဉ် နေတဲ့အခါ ဆုံးသွားတာပါ’’ ဟု တိမ်ညိုရွာသားတစ်ဦးက ပြော သည်။ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးဝင်းဇော်ဦးကမူ ဇူလိုင် ၂၃ ရက်က တပ်မတော်တပ်စခန်းကို AA က တစ်ဖက်ကမ်းမှ လာ ရောက်ပစ်ခတ်မှု ရှိခဲ့သည်ဟုပြော သည်။
‘‘ရန်သူကနေ ဟိုဘက်ကမ်း ကနေ စခန်းကို လာပစ်တယ်ဆိုတဲ့ ဟာတော့ အကြမ်းဖျင်းသိထား တယ်။ အဲဒီလိုပစ်လို့ ကျွန်တော် တို့ စခန်းပဲတင်မဟုတ်ဘူး သူ့ဟာ သူဖြတ်ပြီး ကျည်မှန်လို့ကျည်သွား လမ်းကြောင်းနဲ့ တည့်ပြီးတော့မှ AA ပစ်တဲ့ကျည်လည်းမှန်နိုင်တာ ပဲ’’ ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။ တပ်မတော်ဘက်က ပစ်ခတ်ခြင်းမရှိဟုလည်း ၎င်းက ပြောသည်။
=======================
251 / End