၂၉ ဇူလိုင် ၂၀၁၉ - ၁၅:၃၂
ပလက်ဝရှိ စစ်ဘေးရှောင်နှင့် ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၂,၀၀၀ ကျော် ထောက်ပံ့

ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းရှိတိုက်ပွဲရှောင် နှင့် ရေဘေးသင့်ပြည်သူများ၏အခြေခံလိုအပ်ချက်များ အတွက် လူကယ်ပြန်ဝန်ကြီးဌာန၊ ပြည် နယ်အစိုးရ၊ ဒေသတွင်း စေတနာ ရှင်နှင့် အဖွဲ့အစည်းများက ကျပ် သိန်း ၂,၀၀၀ ကျော် ထောက်ပံ့ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် နှင့် ရေဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်များအတွက် လူကယ်ပြန်ဝန်ကြီးဌာန၊ ပြည် နယ်အစိုးရ၊ ဒေသတွင်း စေတနာ ရှင်နှင့် အဖွဲ့အစည်းများက ကျပ် သိန်း ၂,၀၀၀ ကျော် ထောက်ပံ့ခဲ့ သည်။

ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်းရှိ တိုက် ပွဲရှောင်ပြည်သူများ၊ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ ငွေများတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ကျပ်သိန်း ၈၄၀ ကျော်၊ နယ်စပ်ရေးရာဝန် ကြီးဌာနက ကျပ်သိန်း ၈၃၀ ကျော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ က ကျပ်သိန်း ၃၀၀ နှင့် ချင်းပြည် နယ်အတွင်းရှိ စေတနာရှင်ပြည် သူများနှင့် အဖွဲ့အစည်းများက ကျပ်သိန်း ၃၈၀ ကျော်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ထောက်ပံ့ငွေ စုစု ပေါင်း ၂,၃၆၆ ဒသမ ၈၄ သိန်းကို ဆန်ရိက္ခာနှင့် ဆီ၊ ဆား၊ ပဲများ၊ မိုးကာလိပ်များ စသည့်ကယ် ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့က ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများထံ ဇူလိုင် ၂၇ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် ပြည် နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၌ ပြည်သူများအား ပေးအပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

ချင်းပြည်နယ်ရှိ တိုက်ပွဲ ရှောင်ပြည်သူများနှင့် ရေဘေး သင့်ပြည်သူများအတွက် ကူညီ စောင့်ရှောက်ရန် လိုအပ်နေပြီး ကျေးရွာတွင် မနေနိုင်ဘဲ ချောင်းဘေး၊ လမ်းဘေး၊ လယ်ကွင်းများနှင့် နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ဖြစ်သလိုနေထိုင်နေကြရသော ပြည်သူများအတွက် အကူအညီပေးရန် လိုအပ်နေကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးနှင့် ဇူလိုင် ၂၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်ပြောကြားထားသည်။

တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ နယ်တွင် စစ်ရှောင်ပြည်သူ ၄,၀၀၀ခန့်ရှိနေပြီး မိုးဦးကာလက ဖြစ်ပွား ခဲ့သည့် ပလက်ဝဒေသ ရေကြီးမှုကြောင့် ဒေသခံ ၃,၀၀၀ ခန့် ရေ ဘေးရှောင်ခဲ့ရကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ပြောသည်။

ထောက်ပံ့မှု အသေးစိတ်နှင့် ပတ်သက်၍ ယင်းကိစ္စကို တာဝန် ယူဆောင်ရွက်နေသည့် ချင်းပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးအချို့ထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

=======================

251 / End