
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးပိုင်နှင့် MEC လက်နက် အရောင်းအဝယ် မလုပ်
ကုမ္ပဏီများလှူဒါန်းခြင်းသည် ကူညီကယ်ဆယ်ရေးအတွက်ဖြစ်
ခြံစည်းရိုးခတ်ခြင်းသည် ယခင်အစိုးရများ လက်ထက်ကတည်းက နိုင်ငံ့လုံခြုံရေးအတွက်ဖြစ်ဟု တပ်မတော် တုံ့ပြန်
တပ်မတော်က ထိန်းချုပ် ထားသည့် ကုမ္ပဏီကွန်ရက် ပေါင်းများစွာကို အဆက်အသွယ် ဖြတ်တောက်ရန်အပါအ၀င် ပစ် မှတ်ထားအရေးယူပိတ်ဆို့ရန်နှင့် တပ်မတော်သို့ လက်နက်မရောင်း ရန် ကုလသမဂ္ဂ၏ အချက်အ လက်ရှာဖွေရေးမစ်ရှင်က နိုင်ငံတ ကာသို့ ယမန်နေ့တွင် တိုက်တွန်း လိုက်သည်။
‘မြန်မာ့တပ်မတော်၏ စီး ပွားရေးအကျိုးစီးပွားများ’ အမည် ဖြင့် ကုလသမဂ္ဂ၏မြန်မာနိုင်ငံ ဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာ ဖွေရေး မစ်ရှင်က ဩဂုတ် ၅ ရက် တွင် ထုတ်ပြန်ခြင်းဖြစ်သည်။
ပြစ်ဒဏ်ကင်းလွတ်ခြင်း ဓလေ့ထုံးစံသည် ပြည်တွင်း၌ နေ ရာအနှံ့တွင် ပျံ့နှံ့နေပြီး တာဝန်ခံ မှုရှိစေရန် နိုင်ငံတကာအသိုက်အ ၀န်းက တွန်းအားပေးရမည်ဟု မစ်ရှင်ကဆိုသည်။
တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းစုနှစ်ခုဖြစ်သော ဦးပိုင် လီမိတက်(MEHL)နှင့် မြန်မာ့စီး ပွားရေးကော်ပိုရေးရှင်း (MEC)တို့က ဆောက်လုပ်ရေးနှင့် ကျောက်မျက်ရတနာထုတ်လုပ် ရေးမှအစ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားနှင့် ဘဏ်လုပ်ငန်းများ စသည့်စီးပွား ရေးလုပ်ငန်းအမျိုးပေါင်း ၁၂၀ နှင့်ဆက်စပ်သော လုပ်ငန်း ၂၇ ခု ရှိသည်ဟု မစ်ရှင်ကဆိုသည်။
ထိုလုပ်ငန်းများက ရငွေ သည် အရပ်ဘက်အစိုးရ၏ ကြီး ကြပ်မှုမှ လွတ်လပ်စေပြီး တပ်မ တော်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာ ဏာ ပိုမိုခိုင်မြဲစေသည်ဟုဆို သည်။ တပ်မတော် လူ့အခွင့်အ ရေးချိုးဖောက်မှုစစ်ဆင်ရေးများ အတွက် ငွေရေးကြေးရေးထောက် ပံ့ပေးနေသည်ဟု မစ်ရှင်ကဆို သည်။
သတ္တုတွင်း၊ မှော်တွင်းဒေသ များအတွက်၊ အထူးသဖြင့် ကချင် ပြည်နယ်တွင် ချွေးတပ်ဆွဲခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း တို့ကို တပ်မတော်က ၎င်း၏စီး ပွားရေးလှုပ်ရှားမှုအတွက် ကျူး လွန်ခဲ့သည်ဟုလည်း စွပ်စွဲထား သည်။ ကချင်နှင့် ရှမ်းပြည်နယ် တွင် လုပ်ငန်းစုကြီးနှစ်ခု၏ လက် ခွဲလုပ်ငန်း ၂၆ ခုက ကျောက်စိမ်း နှင့် ပတ္တမြားတူးဖော်ခွင့်လိုင်စင် အမြောက်အမြားကိုင်ထားသည် ဟုလည်း မစ်ရှင်ကဆိုသည်။
မြန်မာ့တပ်မတော်သည် တ ရားဝင်စစ်တပ်အသုံးစရိတ်အပြင် သမားရိုးကျမဟုတ်သော ၀င်ငွေ အရင်းအမြစ်များကြောင့် အရပ် ဘက်ကြီးကြပ်မှုမပါဘဲ လည်ပတ် နေနိုင်ခြင်းဖြစ်သည်ဟုလည်း စွပ် စွဲထားသည်။ မြန်မာ့တပ်မတော် သည် အဓိကစီးပွားရေးအကျိုးစီး ပွားများကြောင့် ယင်းလုပ်ရပ်များ အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်ပြီး မစ်ရှင်က စီးပွားရေးအကျိုး စီးပွားကဏ္ဍငါးခု စုံစမ်းစစ်ဆေးခဲ့ သည်ဟုဆိုသည်။
ကုလ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားသော လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးယန္တရား၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဦးပိုင်နှင့် MEC ကိစ္စ များတွင် ၎င်းတို့ စွပ်စွဲထားသကဲ့သို့ စီးပွားရေးလုပ်ငန်းများသည် လက်နက်ဝယ်ယူခြင်းများနှင့် မသက်ဆိုင်ဘဲ ယင်းလုပ်ငန်းများ သည် တပ်မတော်သားများနှင့် သက်သာချောင်ချိရေးအတွက် ဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးကော်မတီ အ တွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။
‘‘တစ်ဖက်ကလည်း နိုင်ငံ့စီး ပွားရေးကဏ္ဍကို အထောက်အကူ ပြုအောင် ဆောင်ရွက်ပေးနေ တယ်။ ဦးပိုင်နဲ့ MEC လုပ်ငန်း တွေက နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ပြီးဆောင်ရွက်နေ တာဖြစ်တယ်’’ဟု ၎င်းကဆိုသည်။
ထို့အပြင် ခြံစည်းရိုးခတ်ရန် ကုမ္ပဏီနှစ်ခုက ငွေလှူဒါန်းသည် ဟူသော အထက်ပါယန္တရား၏ ထုတ်ပြန်ချက်အပေါ် ၎င်းတို့စွပ်စွဲ သကဲ့သို့ ဒုက္ခသည်များ နေရပ်ပြန် မလာနိုင်အောင် ခြံစည်းရိုးခတ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ နိုင်ငံ ၏ အချုပ်အခြာ နယ်မြေအတွက် တပ်မတော်အစိုးရလက်ထက်က တည်းက ခြံစည်းရိုးခတ်ရန်လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။
‘‘သူတို့ အာဂျင်ဒါထဲမှာပါတဲ့ အတိုင်း လုပ်ဆောင်တယ်လို့ မြင် တယ်။ ထူးပြီး ဝေဖန်စရာမရှိပါ ဘူး’’ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။
တပ်မတော်၏ အဓိကစီးပွား ရေးလုပ်ငန်းစုဖြစ်သော မြန်မာ့စီး ပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း(MEC)တို့၏ ၎င်းတို့ပိုင်ဆိုင် သောလက်ခွဲကုမ္ပဏီများ၊ နိုင်ငံ ပိုင်လုပ်ငန်းများတွင် တပ်မတော် ၏အခန်းကဏ္ဍနှင့် ခရိုနီကုမ္ပဏီ များဟုခေါ်သော ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းနှင့် တပ်မတော်ချိတ် ဆက်နေမှုကို စုံစမ်းခဲ့သည်။
ကချင်နှင့် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင် တိုက်ပွဲနှင့်ပတ် သက်သည့် တပ်မတော်၏ အကျိုး စီးပွားများကို စုံစမ်းစစ်ဆေးခဲ့ သည်ဟု မစ်ရှင်က ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တပ်၏ နယ်မြေ ရှင်းလင်း စစ်ဆေးရေးများကို ထောက်ပံ့ခဲ့သည့် ကုမ္ပဏီ၊ အဖွဲ့ အစည်းများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေခံအဆောက် အအုံနှင့်ဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့အ စည်းများ၊ တပ်မတော်၏ဖက် စက်လုပ်ငန်းများနှင့်အဆက်အ သွယ်ရှိသော ပြည်ပကုမ္ပဏီများ၊ ၂၀၁၆ အောက်တိုဘာကစ၍ တပ်မတော်ကို လက်နက်ကိရိယာ များ ရောင်းချသည့် နိုင်ငံနှင့်ကုမ္ပ ဏီများကိုလည်း စုံစမ်းစစ်ဆေးခဲ့ သည်ဟု မစ်ရှင်က ဆိုသည်။
ထို့အပြင် ၂၀၁၇ သြဂုတ် တွင် စတင်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်၏ နယ် မြေရှင်းလင်းရေး စတင်ပြီး ရက် သတ္တပတ် အနည်းငယ်အကြာ တွင် တပ်မတော်ကို ကုမ္ပဏီ ၄၅ ခုက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းကျော်လှူဒါန်းခဲ့ သည်ဟု ဆိုသည်။ ကမ္ဘောဇ၊ မက်စ်မြန်မာ၊ ထူး၊ ဧဒင်၊ ရွှေသံ လွင်၊ IGE စသော ကုမ္ပဏီကြီး များပါဝင်သည်ဟု စွပ်စွဲထား သည်။
‘‘အဲဒီကုမ္ပဏီအရာရှိတွေက လူသားတစ်မျိုးနွယ်လုံးအပေါ် သက်ရောက်တဲ့ရာဇဝတ်မှုတွေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေလက်အောက်ရှိ ရာဇဝတ်မှု ကျူးလွန်မှုကို သိသိသာသာနဲ့ တိုက်ရိုက် ထောက်ပံ့ခဲ့တာဖြစ်လို့၊ သူတို့တွေကို ရာဇဝတ်မှုအတွက် တရားစွဲဆိုနိုင်ဖို့၊ စုံစမ်းစစ်ဆေး သင့်တယ်’’ဟု မစ်ရှင်၏ ကျွမ်းကျင်ပညာရှင်ခရစ်စီဒိုတီက ဆိုသည်။
မစ်ရှင်၏ စွပ်စွဲချက်ပါ အ ချက်များကို မက်စ် (မြန်မာ) ကုမ္ပဏီအုပ်စုက အချက်အလက် မပါသော စွပ်စွဲချက်ဖြစ်သည် ဟု ကြေညာချက်ထုတ် ငြင်းဆန်ခဲ့ သည်။
မက်စ်ကုမ္ပဏီအုပ်စု၏ လှူ ဒါန်းခြင်းသည် ထိခိုက်နစ်နာသူ များအတွက်သာဖြစ်၍ UEHRD ၏ လူသားချင်းစာနာထောက်ထား မှု၊ ပြန်လည်နေရာချထားရေးနှင့် ဒေသခံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်လိုက်မှု၊ ခွဲခြားမှု မရှိသော လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
မက်စ်ကုမ္ပဏီ၏ ဧရာဝတီ ဖောင်ဒေးရှင်းသည် လူမှုရေးလုပ် ငန်းများကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ပြီး မြင့်မားသောလူ့အ ခွင့်အရေးဆိုင်ရာ မူဝါဒရှိသည်ဟု ဖော်ပြထားသည်။
ကုမ္ပဏီများက တပ်မတော် ကို အလှူငွေလှူဒါန်းသည်ဟု ဖော်ပြမှုနှင့် ပတ်သက်၍လည်း ယင်းအလှူငွေများသည် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအ တွက်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်း သားများသာမက တိုင်းရင်းသား မဟုတ်သူများအတွက်လည်း ဆေးကုသရေးနှင့် ကူညီကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း တုံ့ပြန်သည်။
မစ်ရှင်က တပ်မတော်၏ ဆန္ဒကိုဖြည့် ဆည်းပေးရန် တပ် မတော်နှင့်ခိုင် ခိုင်မြဲမြဲအဆက် အသွယ်ရှိသည့် ပုဂ္ဂလိကကုမ္ပဏီ များက ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောက်လုပ်နေသည်ဟု ဆို သည်။ ထိုကုမ္ပဏီများကို ရာဇ ဝတ်မှုအတွက် စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် တပ်မတော်က ပြည်ပကုမ္ပဏီ ၁၅ ခုနှင့်ဖက်စပ် လုပ်ငန်းများရှိပြီး အခြားပြည်ပ ကုမ္ပဏီ ၄၄ ခုနှင့် စီးပွားရေးအ ဆက်အဆံရှိသည်ဟုဆိုသည်။ ထိုကုမ္ပဏီများသည် လူ့အခွင့်အ ရေးချိုးဖောက်မှုအပေါ် ပံ့ပိုးပေး သူ၊ ပြစ်မှုရှိသူနှင့်ဆက်နွှယ်သူအ ဖြစ် သတ်မှတ်ခံရနိုင်ခြေများသည် ဟု မစ်ရှင်ကဆိုသည်။ ထိုကုမ္ပဏီ များသည် တပ်မတော်ကိုငွေရေး ကြေးရေး ထောက်ပံ့ပေးရာ ရောက်သည်ဟုဆိုသည်။
တပ်မတော်သည် ၂၀၁၆ က စတင်၍ နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ကုမ္ပဏီအနည်းဆုံး ပြည်ပကုမ္ပဏီ ၁၄ ခုက လက်နက်ကိရိယာများ ပေးပို့ခဲ့သည်ဟုဆိုသည်။ ၎င်းတို့ အနက် ၁၂ ခုသည် နိုင်ငံပိုင်လုပ် ငန်းဖြစ်သည်ဟု မစ်ရှင်ကဆို သည်။
မစ်ရှင်က မြန်မာအစိုးရသို့ အကြံပြုရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်၍ တပ်မတော် ကို အရပ်ဘက်ထိန်းချုပ်မှု အောက်သို့ အပြည့်အစုံရောက်ရှိ ရေး လုပ်ဆောင်ရန်၊ လွှတ်တော် ၏ ထိန်းချုပ်မှုအောက်တွင်မရှိ သော တပ်မတော်ဝင်ငွေအားလုံး ကို တားမြစ်ရန်၊ တပ်မတော်ကို မည်သည့် စီးပွားရေးလုပ်ငန်းမှ မလုပ်ရန် တရားဥပဒေအရ တား မြစ်ရန်နှင့် တပ်မတော်အရာရှိ များကို မည်သည့်စီမံကိန်းများမှ နာယကအဖွဲ့ဝင်များအနေဖြင့် ပါ ဝင်လှုပ်ရှားခြင်းတို့ကို တားမြစ် ရန်ပါဝင်သည်။
ရင်းနှီးမြှုပ်နှံသူများသည် လည်း တပ်မတော်နှင့်ပတ်သက်မှု မရှိသော၊ တပ်မတော်ကို မ ထောက်ပံ့သော စီးပွားရေးလုပ် ငန်းဖြစ်မှသာ တွဲဖက်လှုပ်ရှားရန် လည်း တိုက်တွန်းထားသည်။ အ ရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီမှလွဲ၍ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး နှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ မလုပ်ရန်လည်း တိုက်တွန်းထား သည်။
ထို့အပြင် တပ်မတော်၏ ပြစ်မှုများကို ထောက်ခံအားပေး သည့် မဘသအပါအဝင် အမျိုး သားရေး ဗုဒ္ဓဘာသာဝင်အဖွဲ့အ စည်းများနှင့်တပ်မတော်ကြား အ ကျိုးစီးပွားဆက်စပ်မှုနှင့်တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များ၏ အကျိုးစီးပွားများကို စုံစမ်းစစ် ဆေးရန် တိုက်တွန်းထားသည်။
ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီသည် လွတ်လပ် သောနိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် (Fact Finding Mission) ကို ၂၀၁၇ မတ်လတွင် စတင်ဖွဲ့စည်းခဲ့သော်လည်း မြန် မာအစိုးရက ယင်းအဖွဲ့ကို အသိ အမှတ်မပြုဘဲ ပြည်ဝင်ခွင့်လည်း မပေးခဲ့ပေ။ ထိုကြောင့် အဆိုပါ မစ်ရှင်၏ အချက်အလက်ရှာဖွေ ရေးလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိ ပေ။
=======================
251 / End