၁၃ ဩဂုတ် ၂၀၁၉ - ၁၈:၁၇
အပစ်ရပ်စဲရေးဆွေးနွေးပွဲ မိုင်းလားတွင်ကျင်းပရန် အစိုးရ အဆိုပြုချက် KIO လက်ခံသော်လည်း မြောက်ပိုင်းသုံးဖွဲ့ အကြောင်းမပြန် ဆက်လက်ထို

အစိုးရနှင့်မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့အ ကြား အပစ်အခတ်ရပ်စဲရေးဆွေး နွေးပွဲကို မိုင်းလားလက် နက်ကိုင် အဖွဲ့(NDAA) နယ်မြေတွင် ကျင်း ပရန် အစိုး ရငြိမ်းချမ်းရေးကော်မ ရှင်၏ အဆိုပြုချက်ကို ကချင်အ ဖွဲ့(KIO/KIA)ကလက်ခံသော်လည်းတအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ကအကြောင်းပြန် ကြားခြင်းမရှိသေးဟု နှစ်ဖက် ဆွေးနွေးရေးကိုယ်စားလှယ်များ နှင့် နီးစပ်သူအချို့က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အစိုးရနှင့်မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့အ ကြား အပစ်အခတ်ရပ်စဲရေးဆွေး နွေးပွဲကို မိုင်းလားလက်နက်ကိုင် အဖွဲ့(NDAA) နယ်မြေတွင် ကျင်း ပရန် အစိုးရငြိမ်းချမ်းရေးကော်မ ရှင်၏ အဆိုပြုချက်ကို ကချင်အ ဖွဲ့(KIO/KIA)က လက်ခံသော် လည်း တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ကအကြောင်းပြန် ကြားခြင်းမရှိသေးဟု နှစ်ဖက် ဆွေးနွေးရေးကိုယ်စားလှယ်များ နှင့် နီးစပ်သူအချို့က ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် တစ်ဖွဲ့ချင်းစီဖြင့် Bilateral အပစ် ရပ်စဲရေး ဆောင်ရွက်နိုင်ရေးဆက် လက်ညှိနှိုင်းရန် ဧပြီ ၃၀ရက်က မူဆယ်မြို့နယ်၌ ကျင်းပသည့်  အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့၏  ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ သော်လည်း ဆွေးနွေးပွဲကျင်းပ မည့်နေရာညှိနှိုင်းမရ၍ သုံးလ ကျော်ကြာသည်အထိ ထပ်မံ မတွေ့ဆုံနိုင်သေးပေ။

နောက်ဆုံးအခြေအနေများ အရ ဆွေးနွေးပွဲ ကျင်းပမည့်နေ ရာကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့က ‘ ၀’ လက်နက်ကိုင်အဖွဲ့ (UWSA) နယ်မြေပန်ဆန်းနှင့် တ ရုတ်နိုင်ငံတွင် ကျင်းပလိုကြောင်း အဆိုပြုထားသည်ဟု ငြိမ်းချမ်း ရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့(PCG)မှ ဦးလမိုင်ဂွန် ဂျာက ပြောသည်။

‘‘အဲဒါကို အစိုးရဘက်က အဲဒီဘက်တော့ လက်မခံဘူး။ အဲ ဒါကြောင့် မိုင်လားမှာလုပ်ဖို့ပြော တယ်။ ကျွန်တော်တို့ PCG ကနေ KIO ပြောခိုင်းတာ၊ KIO ကလည်း ဒါက သုံးဖွဲ့နဲ့ပဲမေးပါ။ သုံးဖွဲ့ သဘောတူရင် သူတို့အနေနဲ့ လည်း သဘောတူတယ်ဆိုတဲ့ အ ကြောင်း အကြောင်းပြန်ထား တယ်’’ဟု ဦးလမိုင်ဂွန်ဂျာက ဆို သည်။

ယခင်က မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့နှင့် အစိုးရ၊တပ်မ တော်အကြား ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး PCG က ဆောင် ရွက်ခဲ့သော်လည်း ဧပြီ ၃၀ရက် မူဆယ်ဆွေးနွေးပွဲတွင် မြောက် ပိုင်းသုံးဖွဲ့က ဆက်သွယ်ရေးလမ်း ကြောင်းကို ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)မှတစ်ဆင့် လုပ်ဆောင်မည်ဟု သဘောထားချမှတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

‘‘အဲဒါကြောင့် သုံးဖွဲ့ကိစ္စ  ဘယ်လိုသဘောထားရှိလဲ ဆိုတာ  ကျွန်တော်တို့ မသိဘူး’’ဟု ဦးလ မိုင်ဂွန်ဂျာက ဆိုသည်။

အစိုးရနှင့်  မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့ တစ်ဖွဲ့ချင်းစီအ ကြား Bilateral လက်မှတ်ထိုးနိုင် ရေး ၂၀၁၈ ဒီဇင်ဘာကတည်းက စတင်ညှိနှိုင်းခဲ့ရာ ခုနစ်လကျော် ပြီဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက  ပြောသည်။  

‘‘နေရာကိစ္စ တစ်ခုကြောင့်ပဲ တွေ့ဆုံမယ့် ရက်တွေ ကုန်ဆုံး သွားမယ်ဆိုရင် အခြေအနေက တိုးတက်မှုက ဘာမှမရှိ။ အဲဒီ အခါကျတော့ ဒီလိုမဖြစ်သင့်ဘူး လို့ မြင်တယ်။ ဒါကတော့ နှစ်ဖက် စလုံး နားလည်မှုရှိရှိ၊ သိက္ခာရှိရှိ တွေ့စရာရှိတာ အမြန်ဆုံးတွေ့ လိုက်ရင်တော့ ပိုအကောင်းဆုံးပဲ လို့ မြင်မိတယ်’’ ဟု ၎င်းက ဆို သည်။ မိုင်းလားတွင်တွေ့ဆုံရေး မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ ဘက်က အကြောင်းပြန်ကြားမှု မရသေးဟု အစိုးရဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့်  နီးစပ်သူ တစ်ဦးက ပြောသည်။

ဆွေးနွေးပွဲ ကျင်းပရေးကိစ္စ ပြေလည်မှုမရသေးသည့် အခြေ အနေတွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က သြဂုတ် ၁၂ ရက်တွင် သဘောထားထုတ်ပြန်ချက်တစ် ရပ်ထုတ်ပြန်ခဲ့ရာ ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းနေသည့် အခြေအနေ၌ တပ်မတော်သည် ရခိုင်ဒေသ၌ စစ်ရေးအရှိန်မြှင့် တင်ခြင်းအပါအ၀င် မဟာမိတ် အဖွဲ့များအား  ထိုးစစ်ဆင်နေ ကြောင်း၊ ရရှိထားပြီးသော ယုံ ကြည်မှုများ ပိုမိုယိုယွင်းပျက်စီး ကာ ငြိမ်းချမ်းရေးဖြစ်စဉ်များ ကြန့်ကြာပျက်စီးပြီး တိုက်ပွဲများ ပြင်းထန်လာမည်ကို အထူးစိုးရိမ် ကြောင်း ဖော်ပြသည်။

ထို့ကြောင့်  မြန်မာပြည် မြောက်ပိုင်းနှင့် ရခိုင်ဒေသ၌ ထိုး စစ်ဆင်တိုက်ခိုက်နေမှုကို အမြန် ဆုံးရပ်တန့်ရန်  အလေးအနက် တောင်းဆိုလိုကြောင်း၊ ဖြစ်ပွား နေသည့် စစ်ပွဲများမရပ်ဆိုင်းဘဲ ထိုးစစ်ဆင်လှုပ်ရှားမှုများ  ဆက် လက်ပြုလုပ်နေပါက ပေါ်ပေါက် လာမည့် နောက်ဆက်တွဲဆိုးကျိုး များသည် တပ်မတော်၏ တာဝန် ပင်ဖြစ်ကြောင်း TNLA၊ AA နှင့် MNDAA လက်နက်ကိုင်သုံးဖွဲ့က ပူပေါင်းထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး တိုင်း ရင်းသားအရေးလေ့လာသူ ဦး မောင်မောင်စိုးက ယခုကြေညာ ချက်မျိုး ထွက်လာပါက စစ်ဆင် ရေးများ ပေါ်လာတတ်သည်ကို  သတိပြုမိခဲ့ကြောင်း၊ လက်ရှိတွင်  ရှမ်းမြောက်၌ တပ်မတော်နှင့် TNLA,  KIA, MNDAA တို့အ ကြားတိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ ကြောင်း၊ ထို့ကြောင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း စစ်ဆင်ရေးလုပ်လာနိုင်သည့် အ နေအထားရှိသည်ဟု သုံးသပ်မိကြောင်း  မှတ်ချက်ပြုသည်။  

‘‘ဆွေးနွေးပွဲတွေ မဖြစ်တာ ရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရ ပါမယ်။ ဘယ်နေရာပဲဖြစ်ဖြစ် အမြန်ဆုံး တွေ့ဆုံလိုက်မယ်ဆို ရင်ပြဿနာဖြေရှင်းဖို့လမ်းစရှာ လို့တွေ့နိုင်ပါတယ်။ တကယ်လို့ သာ မတွေ့ဆုံဘူးဆိုရင်တော့ မြောက်ဘက်မှာတော့ စစ်မျက်နှာ သစ်တစ်ခု ပြန်ပေါ်နိုင်တယ်လို့  ပြောရပါမယ်’’ ဟု ဦးမောင်မောင် စိုးက ပြောသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျူဒ် (MIPS) အမှုဆောင်ဒါရိုက်တာ  ဒေါက်တာမင်းဇော်ဦးက လက်ရှိ အခြေအနေသည် ပြဿနာအား လုံး တစ်ပြိုင်တည်းဖြေရှင်းနိုင်သည့်အနေအထားမရှိ၍ မြောက်ပိုင်းလေးဖွဲ့ စုပေါင်းတွေ့ဆုံခြင်းထက် အစိုးရနှင့် လက်နက်ကိုင်တစ်ဖွဲ့ချင်းစီအကြား တွေ့ဆုံဆွေးနွေးသင့်သည်ဟု အကြံပြုသည်။ ‘‘အဆင်သင့်ဖြစ်တဲ့အဖွဲ့တွေ အရင်လုပ်ပေါ့ဗျာ’’ ဟု ၎င်းက ဆိုသည်။

=======================

End / 251