
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ် (JMC) ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ယုံကြည်မှု ရရှိရေး အရပ်သားကိုယ်စားလှယ်များက ကြိုးစားလုပ်ဆောင်နေကြောင်း ပြည်ထောင်စုအဆင့် JMC ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးက ယမန်နေ့တွင် ပြောကြားသည်။
JMC လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး ဆွေးနွေးအဖြေရှာ မည့် အရပ်သားကိုယ်စားလှယ် များ၏ ခုနစ်ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန(NRPC) တွင် သြဂုတ် ၁၃ရက်ကစ၍ ပြုလုပ်ခြင်း ဖြစ်သည်။
ယခုကာလအတွင်း ခေတ္တရပ်ဆိုင်းနေသည့် JMC လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် ဒေသခံအရပ်သား စောင့်ကြည့်သူများအနေဖြင့် လူထုတွေ့ဆုံပွဲများဆက်လက်ပြုလုပ်ရေး အပါအ၀င် ရှေ့ဆက် လုပ်ဆောင်ရန် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ် ကြောင်းလည်း အစည်းအဝေး အဖွင့်အမှာစကားတွင် အရပ်သား
ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည့် ဦးကိုကိုကြီးက ထည့်သွင်း ပြောကြားသည်။
‘‘JMC မှာ ပါဝင်ဆောင်ရွက် နေတဲ့ အရပ်သား ကိုယ်စားလှယ်တွေဟာ အများယုံကြည်လေးစား ရတဲ့ ပုဂ္ဂိုလ်များဖြစ်သလို မိမိတို့ JMC လုပ်ငန်းစဉ်တွေအပေါ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအနေနဲ့ ယုံကြည်မှုရှိပြီးတော့ ပိုမိုပူးပေါင်းဆောင် ရွက် လာစေဖို့လည်း စဉ်ဆက်မပြတ်စည်းရုံး လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။
JMC လုပ်ငန်းစဉ်များ ဆိုင်းငံ့ကာလအတွင်း ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ် (JMC) များဆက်လက် အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် ဆောင်ရွက်သင့် သည်များကို တင်ပြပေးရန်လည်း အရပ်သား ကိုယ်စားလှယ်များကို ဦးကိုကိုကြီးက ပန်ကြားသည်။
JMC အရပ်သား ကိုယ်စား လှယ်များ၏ မျက်နှာစုံညီအစည်း အဝေးကို သုံးရက်ကြာပြုလုပ်မည် ဖြစ်သည်။ အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုအဆင့် အပါအ၀င် တိုင်းနှင့်ပြည်နယ်၊ ဒေသအဆင့် JMC ကော်မတီများမှ အရပ်သား ကိုယ်စားလှယ် ၃၀ ကျော် တက်ရောက်ခဲ့သည်။တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် JMC အရပ်သားကိုယ်စားလှယ်အချို့သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အစည်းအဝေး တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း JMC အလုပ်အဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။
NCA လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့အနက် KNU နှင့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ (RCSS) တို့ သည် ၂၀၁၈ နိုဝင်ဘာကတည်း က JMC တွင် ပါဝင်မှုယာယီရပ် ဆိုင်းခဲ့၍ ပြည်ထောင်စု အဆင့်နှင့် ပြည်နယ်အဆင့် JMC အစည်းအဝေးများ သတ်မှတ်ချက်အ တိုင်း ကျင်းပနိုင်ခြင်း မရှိဘဲ ရပ် တန့်နေသည်။
JMC သည်တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ မဖြစ်ပွားရေး၊ တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားပါက ပြဿနာများ ပြေလည်မှုရရှိရေး ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်။ JMC တွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ အချိုးကျပါဝင်ပြီး အရပ်သား ကိုယ်စားလှယ်များလည်း ပါဝင်သည်။ ပြည်ထောင်စုအဆင့်မှသည် တိုင်းနှင့် ပြည်နယ်ကော်မတီအသီးသီးတွင် အရပ်သားကိုယ်စားလှယ် ၄၀ ခန့် ပါဝင်နေသည်။
=======================
END / 251