၁၈ ဩဂုတ် ၂၀၁၉ - ၀၇:၄၈
မင်းထင်ကိုကိုကြီးအမှု သြဂုတ် ၂၉ ရက်တွင် အပြီးသတ်အမိန့်ချမည်

‘‘ဘာမျှော်လင့်ထားလဲဆိုရင် မှန်တာပြောရရင် ဘာမှမျှော်လင့် မထားပါဘူး။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကို တစ်နိုင်ငံလုံးမြင်ရမှာပါ’’ ဟု တရားခွင်မှ အထွက်တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မီဒီယာများအား ပြော သည်။ အဆိုပါ ရုံးချိန်းတွင် မင်းထင်ကိုကိုကြီးကို စစ်ဆေးခဲ့ပြီး နှစ်ဖက်ရှေ့နေ့များက လျှောက်လဲချက် များ တင်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မင်းထင်ကိုကိုကြီးအား သြဂုတ်၁၅ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

 ပုဒ်မ-၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ အမှုကိုသြဂုတ် ၂၉ ရက်တွင် အပြီးသတ်အမိန့်ချမည် ဖြစ်သည်။

ယင်းအမှုကို ဆယ်ကြိမ်မြောက် ရုံးချိန်းအဖြစ် သြဂုတ် ၁၅ရက်က အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည် ။

‘‘ဘာမျှော်လင့်ထားလဲဆိုရင် မှန်တာပြောရရင် ဘာမှမျှော်လင့် မထားပါဘူး။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကို တစ်နိုင်ငံလုံးမြင်ရမှာပါ’’ ဟု တရားခွင်မှ အထွက်တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မီဒီယာများအား ပြော သည်။ အဆိုပါ ရုံးချိန်းတွင် မင်းထင်ကိုကိုကြီးကို စစ်ဆေးခဲ့ပြီး နှစ်ဖက်ရှေ့နေ့များက လျှောက်လဲချက် များ တင်ခဲ့သည်။

မင်းထင်ကိုကိုကြီး၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က‘‘လေးလပိုင်းကနေ ရှစ်လပိုင်းဆိုတော့ လေးလကျော်ကျော်လောက် ခံစားနေရပါပြီ။ ကျန်းမာတဲ့လူတစ် ယောက် အကျဉ်းစခန်းမှာ တစ်နှစ်နေရတာ ပြဿနာမရှိပေမယ့် ကျန်းမာရေး မကောင်းတဲ့သူ အကျဉ်းစခန်းမှာ တစ်ရက်နေရတာ တစ်နှစ်လို ခံစားရတတ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရုံးတော်ကို အလေးအနက်ထားပြီး လွှတ်ပေးပါလို့ တင်ပြခဲ့ပါတယ်’’ ဟု ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်က  ပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မသည် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်၂နှစ်အထိ ချမှတ်နိုင်သည်။

==========================

END / 251