
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မူဆယ်မြို့နှင့် နယ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံဘက် ခြမ်းတွင် တရုတ်စစ်တပ်ကသံချပ် ကာကားများနှင့် စစ်သုံးယန္တရား အများအပြား အသုံးပြု၍ ကင်း လှည့်ခြင်းသည် နှစ်နိုင်ငံသဘော တူညီချက်ကို ဖောက်ဖျက်ခြင်းဖြစ် ၍ အစိုးရအဖွဲ့ထံသို့ အကြောင်း ကြားထားကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနတာဝန်ရှိသူတစ်ဦးက ပြော သည်။
မြန်မာ- တရုတ်နယ်စပ်မြို့ ဖြစ်သည့် ကျယ်ဂေါင်တွင်တရုတ် စစ်တပ်က သံချပ်ကာကားများနှင့် တပ်မတော် သုံးယန္တရားများအပါ အ၀င် ကားအစီးရေ ၅၀ ခန့် သြဂုတ် ၂၁ ရက် နေ့လယ်တွင် ကင်းလှည့်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။
‘‘သူတို့ဘက်က ကြိုတင်အ ကြောင်းကြားတာမရှိဘူး’’ ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဆက်လက်၍ ‘‘စာချုပ်ပါ အချက်အလက်အရဆိုရင်တော့ ကြိုတင် အကြောင်းကြားရမယ်။ ကျွန်တော်တို့ကတော့ အစိုးရအ ဖွဲ့ကို တင်ပြထားတယ်။ တင့်ကား တွေလှည့်တယ်။ မြန်မာနဲ့တရုတ် နယ်စပ်ကဂိတ်အထိ ရောက်လာ တယ်ဆိုတာတွေ’’ ဟု ၎င်းကပြော သည်။တရုတ်စစ်ကားများသည် မူဆယ်- ကျယ်ဂေါင်နယ်စပ်ဂိတ် ဖြစ်သည့် နန်းတော်ဂိတ်အနီးသို့ ရောက်ရှိလာခဲ့သည်။
‘‘ဒီဘက်နယ်မြေ မတည်ငြိမ် တော့ သူတို့ဘက်ကို လွင့်တာ၊ စဉ်တာ ဖြစ်မှာစိုးလို့ထင်ပါတယ်။ ဒီဘက်က သတင်းတွေကြားတော့ သူတို့ နည်းနည်းစိုးရိမ်တယ်နဲ့ တူ ပါတယ်’’ ဟု မူဆယ်မြို့မှ အစိုးရ အရာရှိတစ်ဦးက ပြောသည်။
မူဆယ်မြို့ခံတစ်ဦးက ‘‘ကျွန် တော်တို့ ထင်တာကတော့ လက် နက်ကိုင်အဖွဲ့တွေ သူတို့ထဲ ဝင် လာမှာစိုးလို့ ကာကွယ်တာဖြစ် မယ်။ ဒီနေ့ကင်းလှည့်တာကတော့ တော်တော်ကြာတယ်’’ ဟု ပြော သည်။
မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့၏ တိုက်ခိုက်မှုအပေါ် တရုတ်အစိုးရက ပြတ်သားစွာ ဆန့်ကျင်ကြောင်း သြဂုတ် ၁၉ ရက်က ဘေဂျင်းတွင် ပြုလုပ် သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ ရှင်းလင်းချက်ကို မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံးက သတင်းထုတ် ပြန်ထားသည်။
==========================
END / 251