
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် မြန်မာနိုင်ငံသို့ လာရောက်မည့် ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း တိုး တက်မှုအတွက် အရေးကြီးသည့်တွန်းအားတစ်ခု ဖြစ်စေပါလိမ့် မည်။ များစွာသော ကိုရီးယား လုပ်ငန်းရှင်များကတော့ မြန်မာ နိုင်ငံသည် ပို့ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများအတွက် အရေး ကြီးသော နိုင်ငံဖြစ်တယ်လို့ သိ ထားကြပါတယ်။
အကြောင်းပြချက်ကတော့ မြင်သာလှပါတယ်။ ပထမအချက်မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေသုံးပုံ၊ တစ်ပုံစာ လောက်နေထိုင် တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို စသောနိုင်ငံ ငါးနိုင်ငံကို အိမ်နီးချင်းဈေးကွက် နိုင်ငံအဖြစ် ရရှိထားပြီး ကုန်ထုတ်လုပ်ငန်းအတွက် ထုတ်လုပ်ရေးအခြေစိုက် (Production Base)တည်ဆောက်ရာတွင် အကျိုးအမြတ် များစွာရရှိနိုင်သော ပတ်ဝန်းကျင်အနေအထားကို ပိုင်ဆိုင်ထားပါတယ်။ ဒုတိယအချက်ကတော့ လူဦးရေ သန်း ၅၀ ကျော် နေထိုင်ပြီး အသက် (၃၀)အောက် လူငယ်၊ရွယ် လူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထက် ဖြစ်ပြီး အလုပ်လုပ်ကိုင်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များစွာ ရှိနေပါတယ်။ တတိယအချက် အနေဖြင့် ဆန် စသည့်စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့နိုင်ရုံသာမက တွင်းထွက်ပစ္စည်းနှင့် သဘာဝဓာတ်ငွေ့ စသည့် သဘာဝသယံ ဇာတများ ပေါကြွယ်ဝပြီး ကုန်ကြမ်း ဝယ်လိုအားနှင့် ရောင်းလို အားအတွက်လည်း အကျိုးများစွာဖြစ်ထွန်းနိုင်သည်။ စတုတ္ထအချက်အနေဖြင့် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသသည် ထိုင်း နိုင်ငံအရှေ့ပိုင်း စီးပွားရေးစင်္ကြံ (EEC-Eastern Economic Corridor) နှင့် ချိတ်ဆက်နေပြီးမြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ One Belt One Road Policyအရ အဓိက လမ်းမကြီးဖြစ်သော တရုတ် - မြန်မာ - အင်ဒိုနီးရှား(ဘင်္ဂလားဒေ့ရှ်)ကို ချိတ်ဆက် သည့် တောင်-မြောက် စီးပွားရေး စင်္ကြံ၏ အလယ်ဗဟိုတွင် တည်ရှိ နေပြီး ပထဝီနိုင်ငံရေးအရ အား သာချက်များစွာကို ပိုင်ဆိုင်ထား ပါတယ်။ ကိုရီးယားစီးပွားရေး ပညာရှင်များထဲမှ အချို့သော ပညာရှင်များသည် အာဆီယံနိုင်ငံများထဲမှ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှားမပါဘဲ နိုင်ငံသားဝင်ငွေ ဒေါ်လာ တစ်သောင်းရရှိနိုင်သည့် နိုင်ငံအဖြစ် ဗီယက်နမ်နှင့် မြန်မာနိုင်ငံကို ရွေးချယ်ရလောက် အောင် မြန်မာနိုင်ငံ၏ ငုပ်လျှိုးနေသောစွမ်းအားများကို မြင့်မားစွာ မှတ်ချက်ပြုလျက်ရှိပါတယ်။
မြန်မာအစိုးရသည် နိုင်ငံသားဝင်ငွေကို တိုးမြှင့်ပြီး လူနေမှုအဆင့်အတန်း မြင့်မားစေရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) ကို အကောင်အထည်ဖော်နိုင်ရန် နည်းစနစ်ပြုပြင်ပြောင်းလဲခြင်း၊ဈေးကွက်ဖွင့်လှစ်ခြင်း စသည့်အစိုးရအနေဖြင့် ပြန်လည်ဖွဲ့စည်း ခြင်းလုပ်ငန်းများကို စဉ်ဆက် မပြတ် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ကုမ္ပဏီများ ဥပဒေ ကို ပြင်ဆင်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ပြဋ္ဌာန်းခြင်း စသည့်နည်းစနစ်များကို ပြုပြင် ပြောင်းလဲခြင်းများ ဆောင်ရွက်ခဲ့ သည်။ လက်လီရောင်းဝယ်ရေး ကဏ္ဍများကို ဖော်ဆောင်ပေး ခြင်း၊ နိုင်ငံခြားဘဏ် (Foreign Bank) လုပ်ငန်းများ ခွင့်ပြုလုပ်ကိုင်စေခြင်းစသည့် ဘဏ်လုပ် ငန်းဈေးကွက် ဖော်ဆောင်ခြင်း များကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံသည်ရပ်တန့်သွားခြင်းမရှိသော တိုးတက်မှု ပန်းတိုင်ကိုရရှိနိုင်ရန် အတွက် အခုလိုမျိုး မြန်မာနိုင်ငံ ၏ မိမိနိုင်ငံကိုယ်တိုင် ကြိုးစား ဆောင်ရွက်မှုများနှင့်အတူ ကိုရီး ယားနိုင်ငံနှင့် အခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအ တွေ့အကြုံရှိထားဖူးသည့် ပြည်ပနိုင်ငံ၏ အကူအညီများနှင့် ပူး ပေါင်းဆောင်ရွက်မှုများလည်းလိုအပ်ပါသည်။ ကိုရီးယားသည် လည်းဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ လက်ရှိဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာသည့်အခြေအနေမျိုးတွင် အခြားဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးပြီးလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နည်း ပညာ လွှဲပြောင်းလက်ခံခြင်း စသည့် များစွာသောအကူအညီ များကို လက်ခံရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းများ ၏ ထုတ်လုပ်ရေး အခြေစိုက် (Production Base)အဖြစ် နေရာယူခဲ့ပြီး ထုတ်လုပ်ရေးနည်း ပညာများကို သင်ယူလေ့လာရင်း လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ဆက် သွယ်ရေး စသည့်ကဏ္ဍများအ တွက် အခြေခံအဆောက်အအုံ များဆောက်လုပ်ရာတွင် ရင်းနှီး မြှုပ်နှံမှုများ လုပ်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်ကို တည်ဆောက်လာခဲ့သည်။
ကိုရီးယားသည် ကုန်ထုတ်နိုင်ငံဖြစ်သည်။ ကိုရီးယားသည်ပြည်တွင်းမှ ထွက်ရှိပြီး နိုင်ငံရပ် ခြားသို့ တင်ပို့ရောင်းချနိုင်သည့် သဘာဝသယံဇာတ လုံးဝမရှိသလောက်ပါပဲ။ တစ်ဆက်တည်းအနေဖြင့် စားသောက်နေထိုင်ရန်လည်း မရှိမဖြစ်လိုအပ်သည်နှင့် အမျှ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေးကို အားကိုးရုံအပြင်မရှိ သည့်အတွက် စီးပွားရေးအခြေခံ အဆောက်အအုံများကို မဖြစ်မနေတည်ဆောက်ခဲ့ရသည်။ ဒါက တော့ ‘Made in Korea’ ကို ကမ္ဘာတစ်ဝန်းတွင် ရောင်းချပြီး သန်း ၅၀ သော လူဦးရေသည် ၎င်းတို့၏ လူနေမှုဘဝများကို လျှောက်လှမ်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပေါ်လွင်နေစေပါတယ်။ ကိုရီးယားနှင့်မတူသော မြန်မာသည်သဘာဝဓာတ်ငွေ့နှင့် ဆန်ကို တင်ပို့ပြီး ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဖြင့် လိုအပ်သည့် စွမ်းအင် ပမာဏ၏ ၇၀ ရာခိုင်နှုန်းကို ဖြန့်ဝေပေးနေသည့် နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံသည် စီးပွားရေးဖွဲ့စည်းတည်ဆောက်ပုံ၏ အခြေခံအုတ် မြစ်အနေအထားချင်း မတူညီကြဘဲ နိုင်ငံသားဝင်ငွေ စံနှုန်းနှင့် ကုန်ထုတ်လုပ်ငန်း နည်းပညာစံနှုန်း များလည်း မတူညီကြပါ။ သို့သော်နှစ်နိုင်ငံချင်း မပြည့်စုံသည့်ကဏ္ဍ များကို ဖြည့်စွက်ပေးပြီး လိုအပ်နေသည့်ကဏ္ဍများတွင် အပြန် အလှန် နှီးနှောဖလှယ်မည်ဆိုလျှင် win-win စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှု ရာခိုင်နှုန်းသည် အင်မတန်မြင့်မားတယ်လို့ ထင်မြင်ယူဆမိပါတယ်။ ကိုရီးယားသည် ၁၉၅၀ ခုနှစ် စစ် ဘေးဒဏ် ခံခဲ့ရသည်အဖြစ်မှ ယခုလို ဖွံ့ဖြိုးပြီး ကုန်သွယ်ရေးနိုင်ငံအဖြစ်သို့ တည်ဆောက်လာ ခဲ့သည့် ပြည့်ဝသော အတွေ့အကြုံနှင့် နည်းပညာများရှိပြီး မြန်မာသည် အခြားသောအာဆီယံနိုင်ငံ များထက် ငုပ်လျှိုးနေသော စွမ်း အင် မြောက်မြားစွာကို ပိုင်ဆိုင်ထားပါသည်။ စာရေးသူသည် ဤစာမှတစ်ဆင့် မြန်မာနှင့် ကိုရီးယားသည် ကုန်ထုတ်လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပြီး အတူတကွဖွံ့ဖြိုး တိုးတက်သွားကြရအောင်လို့ အ ကြုံပြုချင်ပါတယ်။
ကိုရီးယားနှင့် မြန်မာသည် များစွာသော အခန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ကိုယ်စားပြုအနေ ဖြင့် ဖော်ပြရမည့် လုပ်ငန်းက တော့ ရန်ကုန်နှင့် ဒလဒေသကို ဆက်သွယ်သည့် ‘ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား’ ဖြစ်ပါတယ်။ အဆိုပါ တံတား ဆောက်လုပ်ပြီးစီးမည်ဆိုပါက ဒလဒေသသည် အခွင့်အရေးအ သစ်များရှိသော မြေဖြစ်လာမည် ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ရာ လမ်းကြောင်းသည် မြောက်ဘက် အပိုင်းကိုသာ ဦးတည်သွားမည်မဟုတ်ဘဲ တောင်ဘက်အပိုင်းကို လည်း ဦးတည်သွားမည့်အခွင့်အ ရေးလည်း ဖြစ်လာပါလိမ့်မည်။ ယခုတစ်ခေါက် သမ္မတ မွန်ဂျေ အင် ချစ်ကြည်ရေးခရီးစဉ် လာ ရောက်သည့် ကာလအတွင်း နှစ် နိုင်ငံအစိုးရနှင့် ကိုရီးယားမြေနှင့် အိမ်ရာဆောက်လုပ်ရေးကော် ပိုရေးရှင်း (Korea Land andHouse Corporation) တို့သည် ‘ဒလဒေသ မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးစီမံ ကိန်း MoU’ ကိုလက်မှတ်ရေးထိုး သွားရန် လျာထားပါတယ်။ မြို့ သစ်စီမံကိန်းလုပ်ငန်းများတွင် ကိုရီးယားသည် ကမ္ဘာ့အကောင်း ဆုံးအသိအမှတ်ပြုခံထားရသည့် နိုင်ငံဖြစ်ပါတယ်။ ထို့အပြင် ဒလ ဒေသတွင် ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းစသည့် အကြီးစားအ ခြေခံအဆောက်အအုံ ပရောဂျက်များအတွက်လည်း စိစစ်လျက်ရှိ ပါတယ်။
ထိုမျှမကသေးကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံထိပ်သီးခေါင်း ဆောင်များ၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုအပေါ် အခြေခံသည့် MoUများကိုလည်း လက်မှတ်ရေးထိုး သွားရန် လျာထားပါသည်။ ပထမအချက် နောက်ပိုင်းတွင် ငါးနှစ်တာကာလအတွက် ကိုရီးယားမှမြန်မာကို စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (Economic Develop-ment Cooperation Fund-EDCF)အတွက် ဒေါ်လာ သန်း၁၀၀ အထိ ထောက်ပံ့ငွေ သဘော တူညီချက်၊ ဒုတိယအချက် ကိုရီး ယား-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍ များ ပူးပေါင်းဆောင်ရွက်ရန်၊ တတိယအချက်ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအတွက် သီးသန့် ကူညီထောက်ပံ့ပေးနိုင် မည့် Korea Desk ကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနများ ၌ ထားရှိရန်၊ စတုတ္ထအချက် သိပ္ပံနှင့် နည်းပညာအခန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်၊ ပဉ္စမအချက် Start Up အခန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။ နှစ်နိုင်ငံကြား ဆွေးနွေးမှုများကို ကိုရီးယား-မြန်မာ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာအခန်း ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ၌ ထင်ထင်ရှားရှားတွေ့မြင်ရ သည်။
ကိုရီးယားသည် စတီးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ ဖိုက်ဘာလုပ် ငန်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်း၊ လျှပ်စစ်စက်မှုလုပ်ငန်း စသည့် စက်မှုလုပ်ငန်းများအ လိုက် ဖွံ့ဖြိုးစေရေးအတွက် မြှင့်တင်ရေးပေါ်လစီများကို အင် တိုက်အားတိုက် တွန်းအားပေး လုပ်ဆောင်လာခဲ့ရာမှ ကမ္ဘာ့အ ကောင်းဆုံးစံနှုန်းရှိ ကုန်ထုတ်နိုင်ငံ ဖြစ်လာခဲ့သည်။ စက်မှုကုန်ထုတ်ပညာရပ်များကို ပေါင်းစပ်သင် ကြားပေးသည့် ပေါ်လစီသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး တွင် လိုအပ်သည့် အရည်အသွေး မြှင့် လူ့စွမ်းအားအရင်းမြစ်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် အခြေခံ အုတ်မြစ်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည်လည်း တောင့် တင်းခိုင်မာသော လယ်ယာစိုက် ပျိုးရေးကဏ္ဍ ဖြစ်ထွန်းအောင်မြင် မှုကို အခြေခံပြီး ကိုရီးယားလို မျိုး အင်ဂျင်နီယာ သင်ကြားရေး ပေါ်လစီ၊ စက်မှုလုပ်ငန်းအလိုက် တန်ဖိုးမြှင့်တင်ရေးပေါ်လစီနှင့် မြန်မာ့ ကုန်ထုတ်လုပ်ငန်းကို ကာ ကွယ်စောင့်ရှောက်ရန်အတွက် အခွန်ကောက်ခံရေးပေါ်လစီများ ကို ပြဋ္ဌာန်းကောက်ခံသွားရန် လို အပ်ပါသည်။ ကိုရီးယား-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုရရှိထား သည့် ‘စက်မှုကုန်သွယ်ရေး ပူး ပေါင်းဆောင်ရွက်မှု’ သဘောတူညီမှုမှတစ်ဆင့် နှစ်စဉ် စက်မှုကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ရေး Joint Committee အစည်း အဝေးကို ကျင်းပပြုလုပ်သွားရန် လျာထားပါတယ်။ အဆိုပါ အစည်းအဝေးတွင် မြန်မာမှ လိုအပ် မည့် စက်မှုလုပ်ငန်းတန်ဖိုးမြှင့် တင်ရေး ပေါ်လစီရေးဆွဲခြင်း၊ နည်းပညာလွှဲပြောင်းလက်ခံခြင်း၊ ကိုရီးယားကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုစသည့်အစည်းအဝေးအစီအစဉ် တို့ဖြင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ပါက ကိုရီးယားက ထောက်ပံ့ ကူညီပေးသွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ကိုရီးယားကုမ္ပဏီ များသည် တရုတ်နှင့် ဗီယက်နမ် တို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံ၌ ကုန်ထုတ်လုပ်ရေးအခြေစိုက် (ProductionBase)ကို သေချာလက်ကိုင် ထားပြီး မြန်မာနိုင်ငံသည် ကုန် ထုတ်လုပ်ရေး နည်းပညာလွှဲ ပြောင်းလက်ခံခြင်းနှင့် ဆက်စပ် သော၊ အခြားသောကုန်ထုတ်လုပ် ငန်း အခန်းကဏ္ဍများကို ဖွံ့ဖြိုး စေနိုင်သည်။ အလုပ်အကိုင်အခွင့် အလမ်းသစ်များ ဖန်တီးပေးနိုင် ခြင်း၊ ထို့အပြင် ပို့ကုန်စွမ်းရည် မြှင့်တင်နိုင်ခြင်း စသည့် နှစ်နိုင်ငံ အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါ သည်။
စက်တင်ဘာ ၅ ရက်တွင်‘ကိုရီးယား-မြန်မာ သာယာဝပြော ရေးနှင့် win-win partnership’ ဟုဆိုသည့် Catchphrase ဖြင့် ကိုရီးယား-မြန်မာ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး စက်မှုဇုန် ပန္နက်တင်အခမ်းအနားနှင့် ကိုရီး ယား-မြန်မာ Business Forum ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကိုရီးယား-မြန်မာ Business Forum သည် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတစ်လျှောက်တွင် ပထမဦးဆုံး ကျင်းပပြုလုပ်သည့် စီးပွားရေးဆိုင်ရာ အကြီးစားပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ကိုရီးယားကုန် သွယ်ရေးအသင်းတို့ ပူးပေါင်းပြီး ကျင်းပသွားမည်ဖြစ်သည်။ UM-FCCI သည် နှစ်ပေါင်း (၁၀၀)မတိုင်ခင်ကတည်းက တည်ထောင်လာ ခဲ့သော သမိုင်းကြောင်းနှင့် ရိုးရာ အစဉ်အလာများကို ထုတ်ဖော် ပြောကြားသွားမည်ဖြစ်ပြီး ယခု Business Forum သည် UMFCCIနှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုကျင်းပသည့် အဓိပ္ပာယ်လည်း ပါဝင်နေပါတယ်။ Forumတွင် နှစ်နိုင်ငံ၏ အဓိကလုပ်ငန်းရှင် ၄၀၀ ဦး တက်ရောက်မည် ဖြစ်ပါသည်။ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ လက်ရှိနှင့် အနာဂတ် အခြေအနေ များကို ဆွေးနွေးသွားမည်ဖြစ်ပြီးMutual Networking မှတစ်ဆင့်အနာဂတ် လုပ်ငန်းပါတနာများ အဖြစ် အပြန်အလှန်ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကိုရီးယားဘက်မှ Samsung, Hyundai, SK, Posco, GiYobBank, Guk Min Bank စသည့်ကိုယ်စားပြုလုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်သည်။ ဤပွဲသည် ကိုရီးယား-မြန်မာ နှစ်နိုင်ငံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု၏ နယ်နိမိတ်ကို ပိုမိုကျယ်ပြန့်သွားစေ မည့် မိုင်တိုင်မှတ်ကျောက်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်ကို မြန်မာဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယားမြေနှင့် အိမ်ရာကော်ပိုရေးရှင်းတို့က ပူး ပေါင်းပြီး ရန်ကုန် မြောက်ဘက် ပိုင်း ညောင်နှစ်ပင်ဒေသတွင် ဧက ၅၇၀ ကျော် အကျယ်ရှိသော မြေနေရာ၌ ဆောက်လုပ်သွားမည်ဖြစ် ပါသည်။ အဆိုပါ စက်မှုဇုန် ဆောက်လုပ်ပြီးစီးပါက ကုမ္ပဏီပေါင်း ၂၀၀ ကျော်က ဝင်ရောက် နေရာယူနိုင်ရန် လျာထားပြီးအ လုပ်အကိုင်အခွင့်အလမ်းပေါင်း အနည်းဆုံး တစ်သိန်းကျော် ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားသည်။ အဆိုပါ စက်မှုဇုန်တွင် ကိုရီးယားကုမ္ပဏီများသာမက ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများလည်း ဝင်ရောက် နေရာယူနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကိုရီးယား အစိုးရ၏ အလုံးစုံထောက်ပံ့မှုဖြင့် စက်မှုဇုန်တည်ဆောက်ရာတွင် လိုအပ်သည့် လမ်း၊ ရေဖြန့်ဝေရေး စသည့်အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးများ လုပ်ဆောင် လျက်ရှိပါသည်။ ပန္နက်တင်အ ခမ်းအနားကို အခြေပြု၍ ကိုရီးယား၏ အဓိကကျသော ဘဏ္ဍာ ရေးဆိုင်ရာ အဖွဲ့အစည်း ပို့ကုန်၊သွင်းကုန်ဘဏ်၊ GiYob Bank၊Shin Han Bank၊ ကုန်သွယ်ရေးအာမခံကော်ပိုရေးရှင်း၊ Techni-cal Guarantee Fund, CreditGuarantee Fund၊ ပြီးနောက်အဓိကလုပ်ငန်းရှင်ကြီးဖြစ်သော ကိုရီးယားမြေနှင့် အိမ်ရာကော် ပိုရေးရှင်း၊ Kotra စသည့် အဖွဲ့ ကိုးဖွဲ့သည် စက်မှုဇုန်အတွင်း နေရာယူနိုင်ရေးအတွက် လုပ်ငန်း သဘောတူညီချက်များလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်မှတစ် ဆင့် စက်မှုဇုန်အတွင်း ဝင်ရောက်မည့် ကုမ္ပဏီစက်ရုံဆောက်လုပ် ရာတွင် လိုအပ်သည့် ငွေကြေးကို ကိုရီးယား ဘဏ္ဍာရေးဆိုင်ရာ အ ဖွဲ့အစည်းက ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ယခုလိုထောက်ပံ့ပေး မည့် အာမခံကတိသည် ကုမ္ပဏီ များအနေဖြင့် ရင်းနှီးမြှုပ်နှံရန် ဆုံး ဖြတ်ချက်ချရာတွင် အပြုသဘောဆောင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အလျောက် ကိုရီးယားကုမ္ပဏီများ မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ရန် ပိုမိုသေချာမည်ဟု ခန့်မှန်းယူဆမိပါတယ်။
စာရေးသူသည် မြန်မာနိုင်ငံကို အာဆီယံ၏ နောက်ဆုံးဈေး ကွက်နိုင်ငံဟု မခေါ်ဆိုတော့ဘဲ ‘မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်’များကို အပြီးသတ် အကောင်အထည်ဖော်နိုင်ပြီး ‘အာဆီယံ၏ ဖွံ့ဖြိုးဆဲနိုင်ငံ’အဖြစ် ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ် ငန်းများဖြင့် တိုးတက်အောင်မြင် သည့် နိုင်ငံဖြစ်စေရန် မျှော်လင့်မိပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံ၏ တိုးတက်အောင်မြင်ရေးလမ်း ကို လျှောက်လှမ်းရာတွင် ကိုရီးယားနိုင်ငံသည် တတ်စွမ်းသမျှ ပါဝင်ကူညီပေးနိုင်ပြီး အတူတကွ ကောင်းမွန်စွာ လက်တွဲနေထိုင် သွားရန် အလေးအနက် ဆန္ဒပြုမိ ပါသည်။
====================================
END / 251