၃၀ ဩဂုတ် ၂၀၁၉ - ၁၅:၃၄
အပစ်ရပ်ဆွေးနွေးပွဲ ရလဒ်ကောင်းမွန်ရေး ဆုတောင်းပေးရန် KIA ခေါင်းဆောင်ပြော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ကျိုင်းတုံသို့ စတင်ထွက်

အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့၏အ ပစ် အခတ်ရပ်စဲရေးဆိုင်ရာ အလွတ်သဘောဆွေးနွေး ပွဲကို သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံမြို့၌ ကျင်း ပမည် ဖြစ်ရာ ကချင်အဖွဲ့(KIO/KIA) အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည်ယမန်နေ့ ကစတင် ထွက်ခွာပြီဟု KIOဗဟိုကော်မတီဝင်ဗိုလ်ချုပ် ဂွန်မော်က အသိ ပေးသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့၏အပစ် အခတ်ရပ်စဲရေးဆိုင်ရာ အလွတ် သဘောဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံမြို့၌ ကျင်း ပမည်ဖြစ်ရာ ကချင်အဖွဲ့(KIO/KIA) အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်များသည် ယမန်နေ့ကစတင် ထွက်ခွာပြီဟု KIO ဗဟိုကော်မ တီဝင်ဗိုလ်ချုပ်ဂွန်မော်က  အသိ ပေးသည်။

‘‘ကေအိုင်အိုဆွေးနွေးရေး အဖွဲ့အစည်းအဝေး ကျင်းပမည့် နေရာသို့ ခရီးစတင်ပါပြီ။ ကောင်းမွန်သော ရွေးချယ်မှုရရှိ နိုင်ရန်  ဆွေးနွေးဖက်များအားလုံး အတွက် ဆုတောင်းခြင်းအားဖြင့်  ကူညီကြစေလိုပါသည်’’ ဟု  ဗိုလ် ချုပ်ဂွန်မော်က ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  သြဂုတ် ၂၉ရက်  နံနက်က ရေးသားခဲ့သည်။

သြဂုတ် ၂၃ ရက်က ကျင်းပ သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်  တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလာမှာလား၊ တပ်မ တော်အနေနဲ့ကြိုဆိုတယ်။  တိုက် ပွဲတွေ ဆက်တိုက်ချင်လားအသင့် ပဲ’ဟု ပြောဆိုချက်အပေါ် ဗိုလ် ချုပ်ဂွန်မော်က ‘ရွေးချယ်ခွင့်ရှိ သော ဖိတ်ခေါ်သံ’ ဟု မှတ်ချက်ပြု ထားသည်။

ကျိုင်းတုံဆွေးနွေးပွဲသို့တက် ရောက်မည့် KIO/KIA ကိုယ်စား လှယ်အဖွဲ့တွင် ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် အထွေထွေအတွင်း ရေးမှူးဦးလနန်အပါအ၀င် လေး ဦးပါဝင်ကြောင်း ငြိမ်းချမ်းရေးအ ကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလ မိုင်ဂွန်ဂျာက ပြောသည်။

သီးခြားအတည်ပြုချက် မရ သေးသော်လည်း   ရခိုင်အဖွဲ့ (AA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့လည်း ဒုတိယအဆင့်ရှိ ခေါင်းဆောင် များ တက်ရောက်နိုင်ဖွယ်ရှိသည်။ AA အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊TNLA အဖွဲ့မှ အထွေ ထွေအတွင်းရေးမှူး တာဘုန်းကျော်နှင့် MNDAA မှ ဒုစစ်ဦးစီးချုပ်တို့ တက်ရောက် မည်ဟုဆိုသည်။ ယင်းကိုယ်စား လှယ်များသည် ဧပြီ ၃၀ရက်က မူဆယ်မြို့၌ ပြုလုပ်သည့် ဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သူများဖြစ် သည်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးနေသည့်PCG မှ ဦးဆန်းအောင်ကလည်း ကျိုင်း တုံဆွေးနွေးပွဲဆွေးနွေးမှု ရလဒ် တိုးတက်မှုရှိပြီး အစိုးရ၊ တပ်မ တော်နှင့် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များအကြား ပြေလည်မှု ရရှိရန် မျှော်လင့်ကြောင်း ပြော သည်။

တပ်မတော်က အပစ်ရပ် ကြေညာထားမှုသည် သြဂုတ် ၃၁ ရက်တွင် သက်တမ်းပြည့်ပြီဖြစ်၍ အပစ်ရပ် သက်တမ်းတိုးခြင်း၊ မတိုးခြင်းမှာ  ဆွေးနွေးပွဲ ရလဒ်အ ပေါ် မူတည်နိုင်သည်ဟု ၎င်းက ဆိုသည်။

====================================

END / 251