အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တောင်ကိုးရီးယားနိုင်ငံကနေ ထောက်ပံ့လှူဒါန်းတဲ့ဆန်တွေကို မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေဘေးသင့်ပြည်သူကို ပေးသွားမယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာအစီအစဉ်အရ ကိုရီးယားနိုငငံကနေ သဘာဝဘေး ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ဆန်တန်ချိန် ၁၇ ဒသမ ၇၉တန် ပေးအပ်လှူဒါန်းထားတာပါ။
လတ်တလော ရေးမြို့နယ်က ရေဘေးသင့် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နဲ့ ရွာပေါင်း ၄ ရွာရှိ အိမ်ထောင်စု ၇၆၇ စု၊ လူဦးရေ ၃၅၅၈ ဦးအတွက် တဦးကို ၅ ကီလိုဂရမ်နှုန်းနဲ့ ဆန်အိတ်ပေါင်း ၄၄၅အိတ်ကို သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှဝင်းက ပြောပါတယ်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကနေတဆင့် သတ်မှတ်ပေးထားတဲ့အတိုင်း ရေဘေးသင့်ပြည်သူတွေဆီ ပေးအပ်သွားမယ်လို့ လည်း ဦးစီးမှူး ဒေါ်လှလှဝင်း က ပြောပါတယ်။
ရေးမြို့နယ်မှာ မြစ်ရေကြီးမှုတွေ သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့ပြီး အနယ်နယ်အရပ်ရပ်က လည်း လာရောက်လှူဒါန်းနေရာမှာ ကျပ်ငွေသိန်းပေါင်း သောင်းဂဏန်းလောက်ရရှိတယ်လို့ မြို့နယ်သဘာဝဘေး အန္တရအာယ်စီမံခန့်ခွဲရေးကော်မတီ ကပြောပါတယ်။
ရေးမြို့နယ် ရေကြီးမှုဖြစ်စဉ်တွေထဲမှ လူ ၅ ဦးသေဆုံးခဲ့ရပြီး ရေဘေးသင့်ပြည်သူ ၄၁၀၀၀ ကျော်ရေဘေးသင့်ရာ နေအိမ်ပေါင်း ၆၀၀ ကျော်ခန့် မျောပါ ထိခိုက်ပျက်စီးခဲ့ရသလို လယ်ယာဥယျာဉ်ခြံ၊ လမ်း၊ တံတား၊ ကုန်သိုလှောင်ရောင်းချသူတွေပါ ဆုံးရှုံးမှုအများဆုံးရှိခဲ့တယ် လို့ မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ သိရပါတယ်။
====================================
END / 251
၃၀ ဩဂုတ် ၂၀၁၉ - ၁၅:၅၉
News ID: 972704
တောင်ကိုးရီးယားနိုင်ငံကနေ ထောက်ပံ့လှူဒါန်းတဲ့ဆန် တွေကို မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေဘေးသင့် ပြည်သူကို ပေးသွားမယ်လို့ မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူက ပြော ပါတယ်။