၁ စက်တင်ဘာ ၂၀၁၉ - ၁၆:၅၈
လေးနာရီခန့်ကြာသည့် ကျိုင်းတုံဆွေးနွေးပွဲ၌ တိုက်ပွဲများအမြန်ရပ်တန့်ရေး ကြိုးပမ်းရန် သဘောတူ စက်တင်ဘာလလယ်တွင် ထပ်မံဆွေးနွေးမည်

အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် စစ်ရေး ဆိုင် ရာကိစ္စရပ်များကိုတပ်မတော်နှင့်မြောက်ပိုင်းလေး ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရန် အစိုးရဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့နှင့် မြောက် ပိုင်းလက်နက်ကိုင်လေး ဖွဲ့အ ကြား သဘောတူညီခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် စစ်ရေးဆိုင် ရာကိစ္စရပ်များကို တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရန် အစိုးရဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့အ ကြား သဘောတူညီခဲ့သည်။

အစိုးရ၏ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) ကိုယ်စား လှယ်အဖွဲ့နှင့် ကချင်အဖွဲ့(KIO/KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အ ဖွဲ့(AA) ကိုယ်စားလှယ်များသည် သြဂုတ် ၃၁ရက်က ကျိုင်းတုံမြို့၌ တွေ့ဆုံ၍ Bilateral အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နိုင်ရေး ဦးတည်ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲ အပြီးတွင် ပူးတွဲသတင်းထုတ် ပြန်ခဲ့သည်။

နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန်မည်သို့ ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေ သော တိုက်ပွဲများ အမြန်ဆုံးရပ် တန့်နိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စ လုံးက နိုင်ငံရေးဆန္ဒအပြည့်အ၀ ဖြင့် ဆက်လက် ကြိုးပမ်းဆောင် ရွက်မည်ဟု   ပူးတွဲထုတ်ပြန်ခဲ့ သည်။

ထပ်မံတွေ့ဆုံမှုကို စက်တင် ဘာ ၁၆ရက်၊ ၁၇ရက်တွင် ပြု လုပ်ရန်နှင့် နေရာကို ဆက်လက် ညှိနှိုင်းမည်ဖြစ်ကြောင်း၊ အစိုးရ ဘက်က လာမည့်ဆွေးနွေးပွဲကို ကျိုင်းတုံမြို့၌ ဆက်လက် ပြုလုပ် ရန်အဆိုပြုပြီး မြောက်ပိုင်းလေး ဖွဲ့က ‘၀’လက်နက်ကိုင်အဖွဲ့(UWSA) ဌာနချုပ်ပန်ဆန်း (သို့မ ဟုတ်) တရုတ်နိုင်ငံ၌ ပြုလုပ်ရန်  အဆိုပြုခဲ့ကြောင်း အစိုးရကိုယ် စားလှယ်ဦးဇော်ဌေးက ပြော သည်။

‘‘ကျွန်တော်တို့ ဦးတည်တာ က လက်ရှိနှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင် ဖို့ နှစ်ဖက်စလုံးက ဆွေးနွေးတယ်။ နံပါတ်(၂)အနေနဲ့ ဒါတွေကလက် ရှိပြည်သူတွေ  တော်တော်လေး ဒုက္ခရောက်နေတဲ့ အနေအထား မှာ ခိုင်မာတဲ့သဘောတူညီချက် Bilateral Ceasefire ရေးထိုးနိုင်ဖို့  ဘယ်လိုလုပ်ကြမလဲဆိုတာဆွေး နွေးတယ်’’  ဟု ဦးဇော်ဌေးက ဆို သည်။ Bilateral သဘောတူညီ ချက်လက်မှတ်ရေးထိုးပြီးသည့် နောက်တွင် NCA နှင့်ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းရန် သဘော တူညီခဲ့သည်ဟု ပူးတွဲထုတ်ပြန် သည်။‘‘မူအားဖြင့် သဘောတူညီ ချက်ရဖို့၊ တိုက်ပွဲတွေရပ်ဖို့ အဲ ဒါကို ဦးတည်တဲ့ Bilateral ဖြစ် တယ်။ နောက်ရေရှည်တိုက်ပွဲ တွေ မဖြစ်ပွားရေးကတော့ တပ်နဲ့  ဆက်ညှိရမယ့်သဘောလို့ ဖြေ ချင်တယ်’’ဟု ဦးဇော်ဌေးက ပြော သည်။

ဆွေးနွေးပွဲသည် လေးနာရီ ခန့်ကြာမြင့်ပြီး မြောက်ပိုင်းလေး ဖွဲ့တစ်ဖွဲ့ချင်းစီက အပစ်ရပ် စာချုပ်မူကြမ်းများ အစိုးရကိုယ် စားလှယ်အဖွဲ့ထံ ပေးအပ်ခဲ့သည် ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အ ကျိုးဆောင်အဖွဲ့(PCG)မှ ဦးလ မိုင်ဂွန်ဂျာက ပြောသည်။

‘‘မြောက်ပိုင်းအဖွဲ့ကတော့  လက်မှတ်ထိုးရင်  လေးဖွဲ့စလုံး အတူတူထိုးမယ်ပေါ့။ တစ်နေ့ တည်း၊ တစ်ပြိုင်တည်း၊ တစ်နေ ရာတည်းပေါ့။ စာရွက်ကတော့ မတူဘူး။ လက်မှတ်ထိုးမယ်ဆို နယ်မြေအခြေအနေ ပထ၀ီဒေ သန္တရမတူတဲ့အခါ တစ်ဖွဲ့နဲ့  တစ် ဖွဲ့ရေးထားတာတူမှာမဟုတ်ဘူး။ ဒါပေမဲ့ လေးဖွဲ့တစ်ခါတည်း ထိုး ဖို့ အဆိုတင်သွင်းထားတာပေါ့’’ ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ယခင်ကဆွေးနွေးပွဲများ ပြု လုပ်ခဲ့သော်လည်း တိုက်ပွဲရပ်စဲ ရေး အကောင်အထည်မဖော်နိုင်ခဲ့ ကြဟု မူဆယ်မြို့ နယ်စယ်လန့် ကျေးရွာမှ မလွေးဆိုင်နွမ်က ပြော သည်။

‘‘သူတို့ အကောင်အထည် တကယ်ဖော်နိုင်ခဲ့မယ်ဆိုရင် ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်စရာမလို တော့ဘူးလို့ ကျွန်မထင်တယ်။  ကျွန်မတို့က တိုက်ပွဲကို မလိုလား ဘူး။ တိုက်ပွဲကြောင့် ဖြစ်လာတဲ့ ရလဒ်တွေ တစ်ခုမှမကောင်းဘူး။ တိုက်ပွဲ ထပ်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းချင်ပါတယ်’’  ဟု မလွေး ဆိုင်နွမ်က ပြောသည်။

မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့်  အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်ရာတွင် ညှိနှိုင်းရန် ခက်ခဲမည့်အဖွဲ့မှာ AA  ဖြစ်သည် ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင် ရာ မြန်မာအင်စတီကျုဒ်(MIPS)  အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကပြောသည်။

‘‘နှစ်ဖက်က ထုတ်တဲ့ ပူးတွဲ ကြေညာချက်ကို ကြည့်လိုက်တာ ကတော့ လောလောဆယ် ဘာမှ မပြေလည်သေးဘူးဆိုတဲ့သဘော ပေါ့။ တပ်မတော်ဘက်ကလည်း  တွေ့ပြီး ဆွေးနွေးမယ်လို့ ပြော ပေမယ့် ဆွေးနွေးမယ့်ရက်နဲ့ဒီရက် ကြားထဲမှာ အခုလိုမျိုး တိုက်ပွဲ တွေဆက်ဖြစ်တယ်ဆိုရင် တပ်မ တော်ဘက်က တုံ့ပြန်မှုမျိုးတွေ ဆက်လုပ်လာနိုင်တယ်’’ ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။

တိုင်းရင်းသားအရေး လေ့ လာသူ ဦးမောင်မောင်စိုးက လက် ရှိပူးတွဲထုတ်ပြန်ချက်အရ ဆွေး နွေးပွဲ ရလဒ်ကောင်း၊ မကောင်း သုံးသပ်၍ မရသေးကြောင်း၊  တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ဆွေးနွေးပွဲကျင်းပနိုင် ခြင်းကြောင့်  ပြဿနာများ ဖြေရှင်းနိုင်လိမ့်မည် ဟု ယူဆကြောင်း ပြောသည်။

တပ်မတော် အနေဖြင့်လည်း စင်တင်ဘာ ၂၁ရက်ထိ အပစ်ရပ် သက်တမ်းတိုးခြင်းမှာ လာမည့် ဆွေးနွေးပွဲနှင့် ချိန်ဆပြီး ဆောင် ရွက်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

====================================

END / 251