အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းပြည်လုံခြုံရေးနှင့် ပြည်သူလူထုလုံခြုံရေး တာဝန်ယူ ဆောင်ရွက်ရာတွင် ပြည်သူလူထု က အာဏာပေးအပ်သည့် မည်သည့်အဖွဲ့အစည်းမဆို အပြည့်အဝတာဝန်ယူရမည့် အခန်းကဏ္ဍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါ ဝင်ခြင်းမရှိသေး၍ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။
စက်တင်ဘာ ၁ ရက်က တော် ဝင်နှင်းဆီတွင် ပြုလုပ်သည့် ဒီချုပ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတစ် ခုအနေဖြင့် ပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် Debate ပြိုင်ပွဲမကျင်းပမီ အဖွင့်အမှာစကား ပြောကြားရာ၌ ဦးမြင့်ဌေးက ထည့်သွင်းပြောဆိုသည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ တိုင်းပြည်တစ်ခုလုံးရဲ့ လုံခြုံ ရေး၊ တိုင်းရင်းသားတွေရဲ့ လုံခြုံ ရေး၊ ပြည်သူလူထု လုံခြုံရေးအ တွက် တာဝန်ယူဆောင်ရွက်တဲ့ အခါမှာ ဒီအခန်းကဏ္ဍတွေဟာ တိုင်းပြည်ကို ပြည်သူလူထုက တာဝန်ပေးအပ်တဲ့ ဘယ်အဖွဲ့ အစည်းမဆို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အပြည့်အဝတာဝန်ယူရတဲ့ အခန်းကဏ္ဍ မရှိ သေးပါဘူး’’ဟု ဦးမြင့်ဌေးက ပြော သည်။
ထို့ကြောင့် တိုင်းပြည်၏ လုံခြုံရေး၊ တိုင်းရင်းသားပြည်သူ လူထုနှင့်ပတ်သက်သော ကိစ္စများကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်နေသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ လိုအပ်သည့်အ ပိုင်းကို လိုက်လျောညီထွေဖြစ် အောင် ဝိုင်းဝန်းကြိုးပမ်းညှိနှိုင်း ဆောင်ရွက်နေသည့် ကာလဖြစ် သဖြင့် လူငယ်များကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး အခန်းကဏ္ဍ တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ပွဲမျိုး ကျင်းပခြင်းဖြစ် ကြောင်း ဦးမြင့်ဌေးက ပြောသည်။
လက်ရှိအချိန်သည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေချိန်ဖြစ်သောကြောင့် အဖွဲ့ချုပ် လူငယ်များက မိမိတို့ပတ်ဝန်း ကျင်ကို အသိပေးရှင်းပြရန် လိုအပ်သဖြင့် အဖွဲ့ချုပ်လူငယ်များ ကို လေ့ကျင့်ပျိုးထောင်နေ ကြောင်း ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအခန်း(၅)အုပ်ချုပ်ရေးအခန်း ကဏ္ဍတွင် နိုင်ငံတော်သမ္မတက ပြည်သူ့လုံခြုံရေးအတွက် ဝန်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် ဝန်ကြီးဒုဝန် ကြီးများ ခန့်အပ်ရာတွင် ကာကွယ် ရေးဦးစီးချုပ်ထံမှ ပေးပို့သော အမည်စာရင်းသာ ခန့်အပ်ရမည် ဟု ပါရှိသည်။
‘‘ဖွဲ့စည်းပုံပြင်ဆင်ရေးဆို တဲ့အသံကြားတိုင်း ယန္တရားအ ဟောင်းက ပုဂ္ဂိုလ်များနဲ့ အာဏာလက်လွှတ်လိုက်ရတဲ့ သူတွေက ဖွဲ့စည်းပုံကို အထိမခံဖြစ်နေ တယ်။ ကိုယ်ကျိုးစီးပွားကို ကြည့်မှာလား၊ ပြည်သူ့ဆန္ဒကို လေးစား တန်ဖိုးထားမှာလားမေးရမယ်’’ဟု နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့(FPPS)ဦးဆောင်ကော် မတီဝင် ဦးထွန်းကြည်က ပြော သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပ ဒေသည် ဒီမိုကရေစီစနစ်ကို အာမမခံနိုင်သော ဥပဒေဖြစ်နေသော ကြောင့် အသစ်ပြင်ဆင်ရေးဆွဲ မည့် ဥပဒေတစ်ခုလိုအပ်ကြောင်း ဦးထွန်းကြည်က ပြောသည်။
====================================
END / 251
လုံခြုံရေးအတွက် ပြည်သူကအာဏာပေးအပ်ထားသူများ အပြည့်အဝတာဝန်ယူမရသေး၍ ထိုအချက်ကို ပြင်ဆင်နိုင်ရန် ကြိုးပမ်း
၂ စက်တင်ဘာ ၂၀၁၉ - ၁၇:၁၉
News ID: 973331
တိုင်းပြည်လုံခြုံရေးနှင့် ပြည်သူလူထုလုံခြုံရေး တာဝန် ယူ ဆောင်ရွက်ရာတွင် ပြည်သူလူထု က အာဏာပေး အပ် သည့် မည်သည့်အဖွဲ့အစည်းမဆို အပြည့်အဝ တာဝန်ယူရမည့် အခန်းကဏ္ဍ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပါ ဝင်ခြင်းမရှိသေး၍ ပါဝင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။