၄ စက်တင်ဘာ ၂၀၁၉ - ၁၇:၂၇
နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တောင်ကိုရီးယားသမ္မတတို့ သီးခြားစီ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တောင်ကိုရီးယား သမ္မတမွန်ဂျေအင်နှင့်ဇနီးကိုယမန်နေ့ကနေပြည်တော် ရှိ သမ္မတအိမ် တော်၌ လက်ခံတွေ့ဆုံသည်။ ၂၀၁၂ နောက်ပိုင်းတောင်ကိုရီးယားသမ္မတတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိ လာသည့် သမ္မတမွန်ဂျေ အင်ကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


    စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဓိကဆွေးနွေး
    နားလည်မှုစာချွန်လွှာခြောက်ခုလက်မှတ်ရေးထိုး


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တောင်ကိုရီးယားသမ္မ တမွန်ဂျေအင်နှင့် ဇနီးကို ယမန်နေ့က နေပြည်တော်ရှိ သမ္မတအိမ် တော်၌ လက်ခံတွေ့ဆုံသည်။

၂၀၁၂ နောက်ပိုင်း တောင် ကိုရီးယားသမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် သမ္မတမွန်ဂျေ အင်ကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် သမ္မတမွန်ဂျေ အင်ကို လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုကို အဓိကထား  ဆွေးနွေးခဲ့ သည်။

မြန်မာနှင့် တောင်ကိုရီးယားနှစ်နိုင်ငံသည် ပြည်သူကို ဗဟိုပြုသည့် ငြိမ်းချမ်းရေး၊ ကြွယ်ဝမှုတို့ကို တန်ဖိုးထားကြောင်း အပြန်အ လှန် ထပ်လောင်းအတည်ပြုပြီး ယင်းတန်ဖိုးထားမှုအပေါ် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင် ရွက်ရန် ကတိပြုခဲ့သည်။

ပညာရေး၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ယဉ်ကျေးမှုကဏ္ဍ နှင့် အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာ၊ နည်းပညာနှင့် ငွေကြေးဆိုင်ရာအကူအညီပေးရေး စသည်တို့နှင့်သက်ဆိုင်သော နားလည်မှုစာချွန်လွှာ(MoU) ခြောက်ခုကို မြန်မာ-ကိုရီးယားခေါင်းဆာင် နှစ်ဦးရှေ့မှောက်တွင် လက်မှတ် ရေးထိုးလဲလှယ်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်သည် ၎င်း၏ခရီးစဉ် က မြန်မာနိုင်ငံတွင် ကိုရီးယား ကုမ္ပဏီများ ပိုမိုဝင်ရောက်ရင်းနှီး မြှုပ်နှံရေးအတွက် ဆွဲဆောင်နိုင် လိမ့်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ဦးဆောင်နိုင်မည်ဟု ထည့် သွင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ကိုရီးယား ကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုရရှိရေးအတွက် သမ္မတ မွန်၏ကြိုးပမ်းဆောင်ရွက်မှုများ ကို ထောက်ခံကြောင်းနှင့် ယင်း ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေး၊ ငြိမ်းချမ်းရေးတို့ကို မြန်မာ-ကိုရီးယား အတူတကွ ဆောင်ရွက်နိုင်မည်ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

ထို့အပြင် သမ္မတဦးဝင်းမြင့် နှင့် သမ္မတမွန်ဂျေအင်တို့သည် ကိုရီးယား၏ ‘New Southern Policy’ကို ရှေ့ဆက်၍ တွန်းအား ပေးရေးကြိုးပမ်းမှုများကို နှစ်နိုင်ငံ အကြား ဆက်လက်ဆောင်ရွက် မည်ဟုဆွေးနွေးခဲ့သည်။

သမ္မတမွန်သည် ယနေ့ (စက်တင်ဘာ ၄ ရက်)တွင် ရန်ကုန်မြို့ သို့ လာရောက်မည်ဖြစ်သည်။

====================================

END / 251