၅ စက်တင်ဘာ ၂၀၁၉ - ၁၇:၂၂
ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ သုံးဦးနုတ်ထွက်မှု ကြီးမားသောပြဿနာဟု မယူဆကြောင်း ဒီချုပ်အမတ်ပြော

၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ အဖွဲ့ဝင်သုံးဦး နုတ်ထွက်ခြင်းသည် ကော် မတီဝင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါ တီများကြား ကြီးမားသော ပဋိပက္ခ တစ်ရပ်ဟု မယူဆကြောင်း ကော်မတီဝင် ဒီချုပ်အမတ် ဦးအောင် ကြည်ညွန့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ အဖွဲ့ဝင်သုံးဦး နုတ်ထွက်ခြင်းသည် ကော်မတီဝင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါ တီများကြား ကြီးမားသော ပဋိပက္ခ တစ်ရပ်ဟု မယူဆကြောင်း ကော်မတီဝင် ဒီချုပ်အမတ် ဦးအောင် ကြည်ညွန့်က ပြောသည်။

‘‘ပြင်ဆင်ချင်နေတဲ့ အတိုင်း အတာနဲ့ ပြင်သင့်တာ၊ ပြင်နိုင်တာရဲ့ အတိုင်းအတာကြားထဲမှာ ယူဆကြပုံ၊ သုံးသပ်ကြပုံ၊ ခံယူကြပုံကတော့ ကွဲလွဲနိုင်တယ်၊ အဲဒီကွာဟချက်ရှိနိုင်တယ်၊ ဒီကွာဟချက်အပေါ် မူတည်ပြီး ဖြစ်လာတဲ့အဖြေပဲ’’ ဟု ဒီချုပ်ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်လည်း ဖြစ်သူ ၎င်းက ယမန်နေ့တွင် ပြော ကြားသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် အကြံပြုချက်များအရ တိုင်းရင်းသားပါတီများနှင့် အာဏာရဒီချုပ်ပါတီတို့အကြား လတ်တလော ပြင်ဆင်လိုသည့် အချက်အလက်များသည် ကွဲလွဲချက်များစွာ ရှိသည်။ ဒီချုပ်သည် တပ်မတော် ကို နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာနိုင်ရန် ပြင်ဆင်ထားသော် လည်း ကျန်ပါတီအချို့က တပ်မ တော်ကို နိုင်ငံရေးမှ ချက်ချင်း ဆုတ်ခွာရန် အဆိုပြုထားသည်။

ထိုသို့ သဘောထားအသီး သီးဖြင့် တင်သွင်းသော အခြေခံဥပဒေပြင်ဆင်ရေး အကြံပြုချက် ၃,၇၆၅ ချက်ကို အခြေခံကာ ပူးပေါင်းကော်မတီက ဥပဒေမူကြမ်း တစ်ရပ် ပြုစုနေသည်။ ပူးပေါင်း ကော်မတီတွင် ဒီချုပ်ပါတီက ၁၈ ဦးဖြင့် အများဆုံးပါဝင်၍ ကော်မတီအတွင်း မဲခွဲဆုံး ဖြတ်မှုများ၌ ဒီချုပ်၏သဘောထားက အရေးပါ နေသည်။

ပြည်ခိုင်ဖြိုးပါတီနှင့်  တပ်မတော်သားကိုယ်စားလှယ်များက မူ လက်ရှိတွင် ကော်မတီ၏ ဆုံး ဖြတ်ချက်များကို ပါဝင်မဲပေးခြင်း၊ ဆွေးနွေးခြင်းမရှိ၍ နုတ်ထွက် ရန်မရှိဘဲ လိုအပ်ပါက ထောက်ပြနိုင်ရန် ဆက်လက်ပါဝင်စောင့် ကြည့်မည်ဟု ပြောသည်။

‘‘ဒီ ၄၅ ဦးကော်မတီ လုပ်ဆောင်ချက်ကို မဟုတ်တာ၊ မမှန်တာတွေမဖြစ်အောင် ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ သဘောပဲရှိတယ်၊ ဒီမှာ အန်ကယ်တို့ ၀င်ပြီးတော့ ဆွေးနွေးတာလည်း မရှိဘူး၊ မဲပေးတာလည်းမရှိဘူး’’ ဟု ပြည်ခိုင်ဖြိုးအမတ် ဦးသောင်း အေးက ပြောသည်။

ပူးပေါင်းကော်မတီသည် အခြေခံဥပဒေ အခန်း(၁)ပါ ပြဋ္ဌာန်းချက်ခြောက်ချက်ပြင်ဆင် ရေးနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ် ပြီးနောက် အမျိုးသားညီညွတ် သော ဒီမိုကရက်တစ်ပါတီဝင် ဦးစိန်ဝင်းနှင့် ရခိုင်အမျိုးသားပါတီ ၀င် ကိုယ်စားလှယ်နှစ်ဦးတို့ ယခု ရက်ပိုင်းတွင်ပင် နုတ်ထွက်ခဲ့ သည်။

ကော်မတီအတွင်း ဆုံးဖြတ်ချက်များကို လျှို့ဝှက်မဲပေးသည့် စနစ်ကျင့်သုံးဆောင်ရွက်မှု မရှိ ခြင်းအပါအ၀င် အင်အားကြီးပါ တီ၏ သဘောအတိုင်း ဆောင်ရွက် နေခြင်းကို လက်မခံနိုင်ကြောင်း နုတ်ထွက်သူများက ဆို သည်။ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ပူးပေါင်းကော်မတီက စာရွက်ဖြင့် လျှို့ဝှက်မဲပေးရန် ပြင်ဆင်ဆုံး ဖြတ်ခဲ့သည်။

====================================

END / 251