အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတက္က သိုလ်မှ ဆန္ဒပြကျောင်းသားများ၏ တောင်းဆိုချက်များနှင့် ပတ်သက် ၍ ယနေ့(စက်တင်ဘာ ၇ ရက်) နံနက် ၉ နာရီတွင် စတင်စစ်ဆေး မည်ဖြစ်ပြီး မည်သူမဆို တင်ပြ တောင်းဆိုနိုင်သည်ဟု စုံစမ်းစစ် ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးဝန် ကြီးဌာနဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ပြောသည်။
မန္တလေးတက္ကသိုလ် ပါမော က္ခချုပ်ဒေါက်တာသီတာဝင်းက နိုင်ငံတော်သမ္မတ၏ ညွှန်ကြား ချက်ကို ချိုးဖောက်ပြီး ၎င်းနှင့် ရင်း နှီးကျွမ်းဝင်သော လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးထား သည့်အပေါ် ကျောင်းသားများက ဆန္ဒထုတ်ဖော်ပြီး တောင်းဆို ချက် ငါးချက် တောင်းဆိုထား သည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယင်းတောင်းဆိုချက်များအပေါ် စုံစမ်းစစ်ဆေးရန် ဒုဝန်ကြီးဦးဝင်းမော်ထွန်းဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို စက်တင်ဘာ ၅ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့သည်။
‘‘ကျွန်တော်တို့ စစ်မယ်ဆို တာ သူတို့ဒီလုပ်ငန်းကို ဘယ်လို အဆင့်ဆင့် ဆောင်ရွက်ထားလဲ၊ ဆောင်ရွက်ချက်တွေက သမ္မတ ရုံးညွှန်ကြားချက်နဲ့ ကိုက်သလား၊ မကိုက်သလားသွားပြီး စိစစ်မှာ ဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးက ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံးဆောင်ရွက်မည်ဖြစ်ကာ ကျောင်းသားများအနေဖြင့် တင်ပြဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ထားသည့်အပြင် စစ်ဆေးရရှိချက် များကို ၀န်ကြီးဌာနရှိ စီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ပြီး ယင်းအဖွဲ့ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်မည် ဟု ဒုဝန်ကြီးက ဆိုသည်။
‘‘ကျွန်တော်တို့သွားစစ်ရင် (ပါမောက္ခချုပ်ဒေါက်တာ သီတာ ၀င်းကို ဘယ်လိုအရေးယူမလဲဆို ရင်) ကိုင်စွဲမယ့် ဥပဒေသည် ၀န် ထမ်းဥပဒေဖြစ်ပါတယ်။ ဆောင် ရွက်မယ့် လုပ်ငန်းစဉ်အဆင့်ဆင့် ကလည်း ၀န်ထမ်းစုံစမ်းစစ်ဆေး ရေးဆိုင်ရာ နည်းဥပဒေပါ အပြစ် အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ထောက်ခံတင်ပြလို့ ရတာသည် ၀န်ထမ်းအပြစ်ပေး ခြင်း ဆိုင်ရာနည်းဥပဒေမှာပါတဲ့ ပြစ်ဒဏ် ခုနစ်မျိုးထဲက ဆီလျော် ရာအကြံ ပြုတင်ပြလို့ ရပါတယ်။ ဒါကိုဝန်ကြီးဌာနက စီမံခန့်ခွဲရေး အဖွဲ့ကို တင်ပြရပါမယ်။ အဲဒီအ ဖွဲ့က ဆုံးဖြတ်ပြီးရင်တော့ သက် ဆိုင်ရာ ဥပဒေအတိုင်း ကျွန်တော် တို့ ဆက်လက်ဆောင်ရွက်တာ ရှိ ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ကျင့်သုံးခွင့်ရှိတဲ့ ၀န်ထမ်းနည်းဥပ ဒေအတိုင်းပဲ ဆောင်ရွက်ပါမယ်’’ ဟု ဒုဝန်ကြီးက ပြောသည်။
ထို့အပြင် လက်ရှိကျောင်း သားများ၏ ဆန္ဒထုတ်ဖော်နေမှု နှင့်ပတ်သက်၍ အရေးယူရန် မရှိကြောင်းနှင့် ပွင့်လင်းမြင်သာ သည့် ခေတ်တွင် မိမိတို့၏ ဆန္ဒကို ဖော်ထုတ်ခွင့်ရှိသော်လည်း သတ်မှတ်စည်းမျဉ်းများကို လိုက်နာရန် လိုမည်ဟု ဒုဝန်ကြီးက ဆက်လက် ပြောကြားသည်။
‘‘အဲဒီတော့ ကျွန်တော့်အနေ နဲ့ကတော့ ဆန္ဒပြတဲ့အတွက် အ ရေးယူဖို့ မရှိဘူး။ ကျွန်တော်ဖိတ် ခေါ်တယ်။ ကျွန်တော်နားထောင် မယ်။ ကျွန်တော်တို့စစ်ဆေးမယ်။ အဲဒီတော့ ဒီအဆင့်ကတော့ ရ တယ်။ ဒီအဆင့်အပြင်ထပ်ပြီး ဥပဒေနဲ့ မညီညွတ်တာရှိရင်တော့ ဆိုင်ရာဥပဒေအရ အရေးယူပါ လိမ့်မယ်’’ဟု ဒုဝန်ကြီးက ပြော သည်။
မန္တလေးတက္ကသိုလ်အတွင်း သပိတ်မှောက်နေသော ကျောင်း သားများကလည်း စက်တင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုချက်များ မရမချင်း သပိတ်စခန်းဆက်လက် ဖွင့်ထားမည်ဟု ပြောသည်။
‘‘ကျွန်မတို့တောင်းဆိုချက် တွေ မရမချင်း သပိတ်စခန်းအရှိန် မြှင့်ပြီး ဆက်လက်ဖွင့်နေဦးမှာပဲ။ ဒုဝန်ကြီးဦးဆောင်တဲ့ စိစစ်ဆေး ရေးအဖွဲ့ကိုလည်း ကျွန်မတို့အ နေနဲ့ ယုံကြည်မှုအပြည့်အ၀ မရှိ သေးဘူး။ ဆက်လက်စောင့်ကြည့် နေဦးမယ်’’ဟု တက္ကသိုလ်ကျောင်း သားသမဂ္ဂအဖွဲ့ဝင် မယမင်းသူ က ပြောသည်။
ဒုဝန်ကြီးဦးဆောင်သည့် စုံ စမ်းစစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးပါက တောင်းဆိုထား သည့်အချက်များကို သက်သေနှင့် တကွ ရှင်းလင်းတင်ပြမည်ဟု မယမင်းသူက ဆိုသည်။
ကျောင်းစားသောက်တန်း တည်ဆောက်ရာတွင် ကျောင်းအုပ်ချုပ်ရေးအနေဖြင့် တင်ဒါခေါ်ယူခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းမရှိဆိုကာ သမဂ္ဂအဖွဲ့ကဦးဆောင်ပြီး တောင်းဆို ချက် ငါးချက်ဖြင့် သပိတ်မှောက်နေခြင်း ဖြစ်သည်။
စက်တင်ဘာ ၆ ရက်အထိ ပြေလည်မှု မရရှိသေးဘဲ သပိတ် ပါဝင်သူအင်အား ၂၀၀ ခန့် အထိ ရှိနေသည်။
====================================
END / 251
မန္တလေးတက္ကသိုလ် ဆန္ဒပြကျောင်းသားများ တောင်းဆိုမှု ယနေ့စတင်စစ်ဆေးမည် ဆန္ဒပြကျောင်းသားများကို အရေးယူရန် မရှိဟုဆို
၇ စက်တင်ဘာ ၂၀၁၉ - ၁၈:၀၈
News ID: 974152
မန္တလေးတက္က သိုလ်မှ ဆန္ဒပြကျောင်းသားများ၏ တောင်းဆိုချက်များနှင့် ပတ်သက် ၍ ယနေ့(စက် တင်ဘာ ၇ ရက်) နံနက် ၉ နာရီတွင် စတင်စစ်ဆေး မည်ဖြစ်ပြီး မည်သူမဆို တင်ပြ တောင်းဆိုနိုင်သည်ဟု စုံစမ်းစစ် ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးဝန် ကြီးဌာနဒု ၀န်ကြီး ဦးဝင်းမော်ထွန်း က ပြောသည်။