အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် အပါအ၀င် အစိုးရ၊ တပ်မ တော် ထိပ်သီးခေါင်းဆောင်များ နှင့် NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ တက်ရောက် လေ့ရှိသည့် NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM)ကို ပြန်လည် ခေါ်ယူကျင်းပရန် အစိုးရကအပစ် ရပ်အဖွဲ့များထံ အဆိုပြုသည်။
အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း အဆိုပြုခြင်းဖြစ်သည်။
‘‘ထိပ်သီးတွေ တွေ့ဆုံပွဲက ကျွန်တော်တို့အစိုးရက JICM လို ဟာမျိုးကို အဆိုပြုတယ်။ ဘာ ကြောင့်လဲဆိုတော့ လေးနှစ်ပြည့် ကာလမှာ ခေါင်းဆောင်တွေ အ ကုန်လုံးတက်မှာ။ NCA လက် မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင် တွေရော၊ သက်သေတွေရော တက်ကြမယ့်ပွဲဖြစ်တယ်။ တက် ကြတဲ့အချိန်မှာ၊ ခေါင်းဆောင် တွေ ဆုံတဲ့အချိန်မှာ လုပ်မယ် ပေါ့။ လုပ်တဲ့အခါ မတိုင်ခင်လုပ် မလား၊ နှစ်ပတ်လည်ပြီးတဲ့နောက် ရက်မှာလုပ်မလားပေါ့။ ဒါလေး ကို ကျွန်တော်တို့ အသေးစိတ်ရက် ပြန်ညှိဖို့ရှိတယ်’’ဟု အစိုးရကိုယ် စားလှယ် ဦးဇော်ဌေးက ပြော သည်။
JICM ခေါ်ယူရေး အစိုးရ ဘက်က အဆိုပြုချက်အပေါ် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အတွင်း ဆွေးနွေးညှိနှိုင်းမည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ် နိုင်အောင်မငေးက ပြော သည်။
ပအိုဝ်းအဖွဲ့ (PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက JICM သည် NCA အရ စုဖွဲ့ထားသည့် ယန္တရားတစ်ခုဖြစ် ပြီး အမြင့်ဆုံးအစည်းအဝေးတစ်ခု ဖြစ်သည်ဟုပြောသည်။
‘‘အောက်ခြေမှာ အလွတ်သ ဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ် ဖြစ် တွေ့ဆုံဆွေးနွေးမှုတွေက ရလာတဲ့ လုပ်ငန်းတွေ ဆုံးဖြတ် ချက်တွေ သဘောထားစုစည်း ချက်တွေကို JICM ကို အတည်ပြု ရမှာကိုး။ ပြုပြီးတော့ JICM က ချပေးတဲ့ လမ်းညွှန်ဆုံးဖြတ်ချက် ကပဲ အားလုံးအတွက် လုပ်ငန်း လမ်းညွှန်ဖြစ်သွားတာပေါ့။ ဥပမာဗျာ ဟိုးအရင် အတွေ့အကြုံအရ JICM က လူကြီးတွေ့ဆုံပြီး ကဲ ဘယ်နေ့ ဘယ်နေ့ကတော့ ၂၁ ရာစုပင်လုံ ရက်သတ်မှတ်လိုက် တယ်လို့ ပြောလိုက်ရင်အားလုံးက အဲဒီရက်ကို ဦးတည်ပြီး အလုပ် လုပ် ကြိုးစားသွားကြတာပဲဖြစ် တာပေါ့’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။
JICM မခေါ်မီ အောက်ခြေ နှင့်အလယ်အလတ်ခေါင်းဆောင် များ၊ အလုပ်အဖွဲ့များအကြား အကြိုပြင်ဆင် ညှိနှိုင်းမှုများ လုပ် ဆောင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။
ယခင်ကျင်းပခဲ့သည့် JICM အစည်းအဝေးများတွင် အစိုးရ ဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးဆောင်တက်ရောက်ပြီး တိုင်းရင်းသားအဖွဲ့များဘက်က NCA လက်မှတ်ထိုး ၁၀ ဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင်များ တက်ရောက်လေ့ရှိသည်။
JICM အစည်းအဝေးကို သုံးလတစ်ကြိမ် ခေါ်ယူရန် သတ်မှတ်ထားသော်လည်း ၂၀၁၈ အောက်တိုဘာလတွင် အစိုးရနှင့် NCA လက်မှတ်ထိုး အဖွဲ့များအကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ မပြေလည်ခဲ့ခြင်းကြောင့် တရားဝင်အစည်းအဝေးများ မ ကျင်းပနိုင်ဖြစ်နေရာ လက်ရှိအ ချိန်ထိဖြစ်သည်။
====================================
END / 251
၁၂ စက်တင်ဘာ ၂၀၁၉ - ၁၇:၅၂
News ID: 975087
နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အပါအ၀င်အစိုးရ၊တပ်မတော်ထိပ်သီးခေါင်း ဆောင်များ နှင့်NCAလက်မှတ်ထိုးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ တက်ရောက် လေ့ရှိသည့် NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM)ကို ပြန်လည် ခေါ်ယူ ကျင်းပရန် အစိုးရကအပစ် ရပ်အဖွဲ့များထံ အဆိုပြု သည်။